Friday, July 26, 2024

ရိုဟင်ဂျာတွေကို အဓမ္မစစ်မှုထမ်းခိုင်းတာရပ်တန့်အောင် စစ်ကောင်စီကို ဖိအားပေးဖို့တောင်းဆို

RFA
RFA Burmese
2024.07.26 

မွတ်စလင်များအား စစ်ယူနီဖောင်းဝတ်ဆင်ပေးပြီး စစ်သင်တန်းပေးနေသည်ကို ၂၀၂၄ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။Citizen Photo

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကို ဖမ်းဆီးပြီး အတင်းအဓမ္မ မြန်မာစစ်တပ် က စစ်မှုထမ်းခိုင်းတာတွေကို ရပ်တန့်အောင် နိုင်ငံတကာအနေနဲ့ ဆောင်ရွက်ပေးဖို့ Fortify Rights အဖွဲ့က ဇူလိုင်လ ၂၆ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။ 
 

“ရိုဟင်ဂျာအရပ်သားများ အတင်းဓမ္မ ဖမ်းဆီးခေါ်ဆောင်မှု မဖြစ်မနေ စစ်မှုထမ်းစေခြင်းရပ်ဆိုင်း ရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာထုတ်ပြန် တောင်းဆိုလိုက်တာပါ။

ကော့ဘဇား ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေက ဒုက္ခသည်တွေကိုအတင်းအဓ မ္မ ဝင်ရောက်ဖမ်းဆီးပြီး မြန်မာစစ်တပ်ဆီ ပို့ဆောင်ကာ အတင်းအကျပ် စစ်မှုထမ်းခိုင်းနေတယ်လို့ ထုတ် ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒီလို့ ရိုဟင်ဂျာတွေ အဓမ္မစစ်မှုထမ်းခိုင်းနေတာတွေကို ရပ်တန့်အောင် တောင်းဆိုတာဖြစ်ကြောင်း Fortify Rights ရဲ့ လူ့အခွင့်အရေးကျွမ်းကျင်သူ ဦးဇော်ဝင်းက ပြောပါတယ်။

"နိုင်ငံတကာအသိုင်အဝိုင်းပေါ့ အဓိက UN ရော၊ အာဆီယံနိုင်ငံတွေရော၊ ကုလသမဂ္ဂနိုင်ငံတွေရော၊ မြန်မာစစ်တပ်ကို လွှမ်းမိုးနိုင်တဲ့နိုင်ငံတွေဖြစ်ဖြစ် ကျွန်တော်တို့ပြောချင်တာက ဒီလိုမျိုးအ တင်းအကျပ် ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းတာက လူ့အခွင့်အရေးစံချိန်စံညွှန်းတွေနဲ့ မကိုက်မှု မရှိဘူး၊ အဲဒါကြောင့် ကျွန်တော်တို့က နိုင်ငံတကာမိသားစုအနေနဲ့ စစ်တပ်ကို မဆိုင်းမတွ ဒါကို ရပ်တန်းကရပ်ဖို့ ဖိအားပေးဖို့ တောင်းဆိုပါတယ်"

စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်ပြီး စစ်မှုထမ်းခိုင်းရာကနေ ပြန်လည်လွတ်မြောက်လာတဲ့သူတွေနဲ့ ရိုဟင်ဂျာတွေကို မေးမြန်းအခြေခံပြီး ဒီအစီရင်ခံစာကို ထုတ်ပြန်ထားတာလို့လည်း ဆိုပါတယ်။

ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကို ဖမ်းဆီးရာမှာ အရပ်သားဝတ်စုံဝတ်ထားတာကြောင့် ဘယ်ရိုဟင်ဂျာအဖွဲ့က ဖမ်းတယ်ဆိုတာမသိရဘဲ ဖမ်းဆီးခံရတဲ့သူတွေကို ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း တက္ကနက်လှေဆိပ်ကနေ မောင်တောရှိ နခခ ၅ ကို ပို့ဆောင်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

သူတို့ကို စစ်သင်တန်း သုံးရက်ခန့်ပေးပြီး ကတုတ်ကျင်းတူးတာအပါအဝင် အလုပ်ကြမ်းခိုင်းတာမျိုးတွေရှိတယ်လို့ ပြန်လည်လွတ်မြောက်လာသူတွေက ပြောဆိုတယ်လို့လည်း ဆိုပါတယ်။

ဒီလို့ ရိုဟင်ဂျာတွေကို ဖမ်းဆီးကာ မြန်မာနိုင်ငံကို ပို့ပြီးပို့ဆောင်ပြီး စစ်ကောင်စီထံမှာ အတင်းအကျပ်စစ်မှုထမ်းခိုင်းတာဟာ လူ့အခွင့်အရေးချိုးဖောက်တာဖြစ်သလို လူကုန်ကူးမှု မြောက်တယ်လို့လည်း ရေးသားထားပါတယ်။

ဒီထုတ်ပြန်ချက်ပါ ရိုဟင်ဂျာတွေကို အဓမ္မဖမ်းဆီးပြီး စစ်မှုထမ်းခိုင်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီက နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရဥပဒေ ပြဌာန်းလိုက်ပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင် ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေက ဒုက္ခသည်တစ်ထောင်နီးပါးကို ဖမ်းဆီးပြီး စစ်ကောင်စီက အတင်း အကျပ် စစ်မှုခိုင်းထားတယ်လို့လည်း Fortify Rights တာဝန်ရှိသူတွေက ပြောပါတယ်။


ဆက်နွယ်သောသတင်းများ

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */