RFA
RFA Burmese
2024.07.12
မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ
ကော့ဘဇားအနီးရှိ Palang Khali သို့ ထွက်ပြေးလာသည့် ရိုဟင်ဂျာများအား ၂၀၁၇
ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်။Reuters
ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော် နေရပ်ပြန်နိုင်ရေး ကတိကဝတ်ကို လေးစားလိုက်နာဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာစစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကျင်းပတဲ့ ဘင်္ဂလားပင်လယ်အော်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (BIMSTEC) ရဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို တက်ရောက်တဲ့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးတို့ ဇူလိုင် ၁၁ ရက်နေ့က တွေ့ဆုံခဲ့ကြပြီး ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စတွေ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး ပြန်လည်စတင်နိုင်ဖို့အတွက် အပြုသဘောဆောင် တုံ့ပြန်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ရခိုင်ပြည်နယ်မှာ ၂ဝ၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ တစ်သန်းကျော် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံခဲ့ပြီး အများစုဟာ ကော့ဇက်ဘဇားက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေပါတယ်။
၂ဝ၁၇ ခုနှစ်က ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး နှစ်နိုင်ငံအာဏာပိုင်တွေ ဆွေးနွေးနေကြပေမဲ့ လတ်တလော ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကို နောက်ထပ် ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေလည်း ရှိနေပါတယ်။
အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာတွေတင်မကဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့လည်း ဘင်္ဂလားဒေ့ရှ်ဘက် မကြာခဏ ထွက်ပြေးခိုလှုံကြပါတယ်။

ဆက်နွယ်သောသတင်းများ
- မောင်တောမှာ လက်နက်ကြီးကြောင့် ရိုဟင်ဂျာနှစ်ဦး သေဆုံး
- လူနည်းစုတွေကို ဖိနှိပ်မှုတွေ ထပ်မဖြစ်အောင် ဆောင်ရွက်နေကြောင်း NUG ပြော
- မြန်မာကို ICJ မှာ တရားစွဲထားတဲ့အမှု၊ ပြင်သစ်၊ ဗြိတိန်နဲ့ တခြားနိုင်ငံတွေကို ပါဝင်ခွင့်ပြု
- ရိုဟင်ဂျာဒုက္ခသည်စခန်း မြေပြိုတာကြောင့် နှစ်ဦးသေဆုံး
- ရိုဟင်ဂျာတွေကို ဖမ်းဆီးတာရပ်တန့်ဖို့ အိန္ဒိယအစိုးရကို CERD တောင်းဆို
No comments:
Post a Comment