Friday, August 23, 2024

AA ကို ARSAနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီဗိုလ်မှူးဝန်ခံ

RFA
RFA Burmese
2024.08.23 

အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ Twitter/ Nyotwanawng

အာဏာသိမ်းစစ်ကောင်စီက အာရက္ခတပ်တော် (AA) ကို တိုက်ခိုက်ဖို့အတွက် ရခိုင်ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) ကို ချဉ်းကပ်ခဲ့တယ်လို့ မြန်မာစစ်တပ်ဗိုလ်မှူးတစ်ဦးက ပြောပါတယ်။

ရသေ့တောင်မြို့ကျရှုံးခဲ့တဲ့နောက် ဘူးသီးတောင်မှာ AA ကို ထိုးစစ်ဆင်ဖို့အတွက် ချဉ်းကပ်ခဲ့တာလို့ ဆိုပါတယ်။

ဇွန်လ ၂၄ ရက်နေ့က ဘူးသီးတောင်မြို့မှာ The Diplomat သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းရာမှာမြန်မာ စစ်တပ်က ဗိုလ်မှူးလှိုင်ဝင်းထွန်းကို ARSA နဲ့ ပူးပေါင်းဖို့ တွန်းအားပေးခဲ့တာတွေအပါအဝင် ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အတင်းအဓမ္မစစ်မှုထမ်းဖို့ လေ့ကျင့်ပေးခဲ့တဲ့အကြောင်းတွေကို ပြောပြခဲ့ပါတယ်။

ဘူးသီးတောင်မြို့နယ်မှာ ရိုဟင်ဂျာမွတ်စလင် ၇၅၀ ကို စစ်ကောင်စီက သင်တန်းပေးခဲ့ကြောင်း၊ ပြီးတော့မှ ARSA နဲ့ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားတာတွေလုပ်ခဲ့ကြောင်း သူက ဝန်ခံခဲ့ပါတယ်။ ဒါ့အပြင် ဘူးသီးတောင်မြို့က လူနေအိမ်တွေကို မီးရှို့ဖို့ စစ်ကောင်စီအရာရှိ တင်အောင်မိုးနဲ့ စစ်ဖက်ရေးရာလုံခြုံရေးတပ်က ဗိုလ်ကြီး ခိုင်မင်းဇော်က စစ်ကောင်စီတပ်သားတွေနဲ့ မွတ်စလင်လက်နက်ကိုင်တွေကို စေခိုင်းခဲ့တယ်လို့ ဆိုပါတယ်။


ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီသဘောထားကို သိရဖို့ RFA က စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

ဗိုလ်မှူးလှိုင်ဝင်းထွန်းဟာ ဘူးသီးတောင်အခြေစိုက် တပ်ရင်းမှူးတစ်ဦးဖြစ်ပြီး အာရက္ခတပ်တော် (AA) ထံမှာ မေလ ၁၇ ရက်နေ့က လက်နက်ချ အညံ့ခံခဲ့သူဖြစ်ပါတယ်။


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */