ဧရာဝတီ
9 April 2025
ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက တသိန်းရှစ်သောင်းကျော်ကို စိစစ်ပြီးဖြစ်တာကြောင့် ပြန်လက်ခံဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးက ဧပြီ ၄ ရက်မှာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဘက်ကို အသိပေးခဲ့ပါတယ်။
စစ်ကောင်စီပြောတဲ့ ရိုဟင်ဂျာတွေ ပြန်လက်ခံရေးအစီအစဉ်ကို နိုင်ငံရေးလေ့လာ သုံးသပ်သူတွေနဲ့ ရိုဟင်ဂျာအရေး လှုပ်ရှားနေသူတွေကတော့ စစ်ကောင်စီဟာ ရိုဟင်ဂျာအရေးနဲ့ နိုင်ငံရေး ထွက်ပေါက်ရှာဖို့ ကြိုးပမ်းနေတာလို့ ထောက်ပြနေကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ရခိုင်ပြည်နယ်ထဲ စစ်ရေးအကြပ်အတည်းကို အဆိုးရွားဆုံး ရင်ဆိုင်နေရချိန်မှာ စစ်တပ်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ဖန်တီးဖို့ ဆန္ဒပြပွဲတွေ၊ ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်စီးမှုတွေကို ဖန်တီးခဲ့သလို ရိုဟင်ဂျာတွေကို စစ်သင် တန်း အတင်းအကြပ်ပေးပြီး AA နဲ့ ထိတွေ့ တိုက်ပွဲတွေမှာ အသုံးပြုမှုတွေ ရှိခဲ့တယ်လို့ သတင်းနဲ့ သုတေသန စစ်တမ်းတွေအရ သိရပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ထဲက မြို့တော်စစ်တွေနဲ့ ကျောက်ဖြူကိုသာ ထိန်းချုပ်နိုင်တဲ့ အနေအထားမှာရှိပြီး ကျန်တဲ့ နေရာတွေကို အာရက္ခတပ်တော် (AA) သိမ်းပိုက်၊ ထိန်းချုပ်ထားတာပါ။ ဒီအခင်းအကျင်းမှာ စစ်ကောင်စီအနေနဲ့ ထုတ်ပြောလာတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ခေါ်ရေး အစီအစဉ်ဟာ လက်တွေ့မှာ အကောင်အထည်ဖော်နိုင်ဖို့ မဖြစ်နိုင်သလို ဒီပြောဆိုချက်အပေါ် သတိထား စောင့်ကြည့်ကြဖို့ လိုအပ်တယ်လို့လည်း နိုင်ငံရေးအကဲခတ်တွေက ဆိုပါတယ်။
Link : Here

No comments:
Post a Comment