" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, February 26, 2022

မြန်မာ ကန့်ကွက်ချက် လက်မခံရန် ICJ တွင် ဂမ်ဘီယာ လျှောက်ထား

ဧရာဝတီ
24 February 2022
ဂမ်ဘီယာရှေ့နေချုပ်က လက်ရှိမြန်မာနိုင်ငံတွင်ကြုံနေရသည့် အခြေအနေများသည် တရားမျှတမှုရရှိရန် ပိုမိုဝေးကွာနေပြီဟုလည်း ထောက်ပြပြောဆိုသည်

မြန်မာကိုယ်စားလှယ်များဘက်က လျှောက်ထားသည့် ကန့်ကွက်ချက်များကို လက်မခံဘဲ ပယ်ချရန် ဂမ်ဘီယာ ကိုယ် စားလှယ်အဖွဲ့က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဖေဖော်ဝါရီလ ၂၃ ရက်က လျှောက်ထားသည်။

နယ်သာလန်နိုင်ငံ The Hague တွင် ပြုလုပ်သည့် မြန်မာနိုင်ငံက ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်သည် ဆိုသော ဂမ်ဘီယာက မြန်မာအပေါ်စွဲဆိုထားသော အမှုဆိုင်ရာ ကြားနာပွဲတွင် ဂမ်ဘီယာနိုင်ငံကိုယ်စားပြု ရှေ့နေ များက တရားရုံး၌ ပြောကြားခြင်းဖြစ်သည်။

 

ဖေဖော်ဝါရီလ ၂၁ ရက်က မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက စွဲဆိုထားသောအမှုတွင် နောက်ကွယ်၌အစ္စလာမ် နိုင်ငံများ ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ (OIC) က ကြိုးကိုင်နေသဖြင့် အမှုကို လက်မခံသင့်ကြောင်း အာဏာသိမ်း မြန်မာ စစ်ကောင်စီ၏ ကိုယ်စား လှယ်ကလျှောက်ထားခဲ့သည့်နောက် ဂမ်ဘီယာနိုင်ငံ ကိုယ်စားပြုရှေ့နေများကတုံ့ ပြန်လျှောက်လဲခြင်းဖြစ်သည်။

ဂမ်ဘီယာရှေ့နေချုပ် မစ္စတာ Dawda Jallow က “ကျနော်တို့ဟာ ဘယ်သူ့ဘယ်သူရဲ့ ကြားခံကိုယ်စားလှယ်မှ မ ဟုတ် ပါဘူး။ ကျနော့်အရင်တာဝန်ယူခဲ့သူက ဒီတရားရုံးမှာ တင်ပြခဲ့သလိုပါပဲ။ ဒါဟာ ဂမ်ဘီယာနဲ့ မြန်မာနိုင်ငံ အ ကြား အငြင်းပွားမှုဖြစ်ပါတယ်။ ရိုဟင်ဂျာတွေရဲ့အခွင့်အရေးကို အကာအကွယ်ပေးဖို့ ကြိုးစားတာသာမဟုတ် ပါ ဘူး၊ လူမျိုးတုံးသတ်ဖြတ်မှုကို မကျူးလွန်ဖို့၊ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်အောင် မလှုံ့ဆော်ဖို့၊ လူမျိုးတုံး သတ်ဖြတ်မှု ကို တားဆီးဖို့ မြန်မာနိုင်ငံအနေနဲ့ တာဝန်ရှိတဲ့အတိုင်း လူမျိုးတုံးသတ်ဖြတ်မှု တားဆီးကာကွယ်ရေးဆိုင်ရာ သ ဘော တူစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံတခုအနေနဲ့ ကိုယ်တိုင်ရဲ့အခွင့်အရေးကို ကာကွယ် တာ ပါ” ဟု ဆိုသည်။

ထို့ကြောင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) အနေနှင့် မြန်မာနိုင်ငံ၏ ကနဦး ကန့်ကွက်ချက်များကို ပယ်ချပြီး ရှေ့ဆက်လုပ်ဆောင်ပေးရန်တောင်းဆိုကြောင်း ၎င်းက ပြောသည်။

ဆက်လက်၍ ဂမ်ဘီယာရှေ့နေချုပ်က လက်ရှိမြန်မာနိုင်ငံတွင်ကြုံနေရသည့် အခြေအနေများသည် တရားမျှတ မှုရ ရှိရန် ပိုမိုဝေးကွာနေပြီဟုလည်း ထောက်ပြပြောဆိုသည်။

တရားရုံးကြားနာပွဲကို The Hague တွင် လေးရက်တာ ပြုလုပ်နေခြင်းဖြစ်ပြီး လာမည့်ဖေဖော်ဝါရီလ ၂၅ ရက် တွင် မြန်မာဘက်က ဒုတိယအကြိမ် လျှောက်လဲမည်ဖြစ်ကာ ဖေဖော်ဝါရီလ ၂၈ ရက်တွင် ဂမ်ဘီယာနိုင်ငံ ကိုယ် စားပြု ဥပဒေပညာရှင်များက လျှောက်လဲချက်ထပ်ပေးမည်ဖြစ်ကြောင်း ICJ ၏ ထုတ်ပြန်ချက်အရသိရသည်။

You may also like these stories:

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */