" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, May 5, 2024

ICJ မှာ ရိုဟင်ဂျာအရေး အမြန်ဆုံးဖြေရှင်းနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ဂမ်ဘီယာ တွေ့ဆုံ

BBC
၅ မေလ ၂၀၂၄ 

ရိုဟင်ဂျာတွေထွက်ပြေးနေကြစဉ် (ပုံဟောင်း)

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်တယ်ဆိုပြီး မြန်မာကို ဂမ်ဘီယာက အိုင်စီဂျေမှာ တရားစွဲဆိုထားတဲ့အမှုနဲ့ပတ်သက်ပြီး အမြန်ဆုံးအဖြေရှာနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ဂမ်ဘီယာ နှစ်နိုင်ငံက တာဝန်ရှိသူတွေ တွေ့ဆုံချိန်မှာ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟတ်စ်နာ မာမွတ်နဲ့ ဂမ်ဘီယာတရားရေးဝန်ကြီးနဲ့ ရှေ့နေချုပ်လည်းဖြစ်တဲ့ ဒါဝါဒါ အေ ဂျာလို တို့ရဲ့ မေလ ၃ ရက်နေ့ တွေ့ဆုံချိန် အခုလိုဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

၁၅ ကြိမ်မြောက် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) ထိပ်သီးအစည်းအဝေးမတိုင်မီ ကြိုတင်တွေ့ဆုံတာလို့လည်း သိရပါတယ်။

ဂမ်ဘီယာရှေ့နေချုပ်က လက်ရှိရိုဟင်ဂျာအမှုလုပ်ဆောင်နေမှုတွေနဲ့ မြန်မာအပေါ် စွပ်စွဲချက်တွေကို သက်သေပြနိုင်ဖို့ ယုံကြည်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ICJ မှာတရားစွဲဆိုချိန် လုံလောက်တဲ့ ရံပုံငွေမလောက်ငဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

အမှုကိုဆက်ပြီးဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က ဂမ်ဘီယာကို လိုအပ်တဲ့ဥ‌ပဒေရေးရာအကူအညီနဲ့ အထောက်အထားတွေပံ့ပိုးပေးမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟတ်စ်နာက ပြောပါတယ်။

ရိုဟင်ဂျာတွေအတွက် အမိုးအကာအပါအဝင် လူသားစာနာထောက်ထားမှုအကူအညီတွေပေးတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကို ကျေးဇူးတင်တဲ့အကြောင်း ဂမ်ဘီယာဝန်ကြီးက အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

ဒါအပြင် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုအမှုအတွက် ဂမ်ဘီယာကို ဘင်္ဂလားဒေ့ရှ်က ငွေကြေးထောက် ပံ့တာနဲ့ ပတ်သက်ပြီးလည်း ထည့်သွင်းပြောခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးကလည်း ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ရိုဟင်ဂျာတွေအတွက် အကူအညီပေးရေးဆောင်ရွက်နေတာရဲ့ အကျပ်အတည်းနဲ့ အနာဂတ်အခက်အခဲတွေအကြောင်း ပြန်ဆွေးနွေးခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့နိုင်ဖို့အတွက် ရေရှည်တည်တံ့မယ့် အဖြေရှာဖို့ကို ပါ Hasan က အလေးပေးပြောခဲ့ပါတယ်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */