by မင်းအောင်ခိုင်
2 November 2017
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ဝင်ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီ ခန့်က ရခိုင်ပြည်နယ် စစ်တွေမြို့ သို့ ရောက်ရှိလာပြီး မောင်တောဒေသသို့ သွားရောက်သည်။
စစ်တွေလေဆိပ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြိုဆိုကြပြီး လေဆိပ် ခန်းမဆောင်တွင် ဘူးသီးတောင်၊ မောင်တော ဒေသအတွင်း လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ ကူညီဆောင်ရွက်ပေးမည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ရခိုင်တိုင်းရင်းသား လူငယ်များ အပါအဝင် ပြည်မမှ စေတနာ့ဝန်ထမ်း လူငယ်အဖွဲ့တို့နှင့်လည်း တွေ့ဆုံဆွေးနွေးသည် ကိုုတွေ့ရှိရသည်။
လေဆိပ်တွင် လူငယ်အဖွဲ့နှင့် မိနှစ် ၄၀ ခန့် တွေ့ဆုံခဲ့ပြီးနောက် တပ်မတော် ရဟတ်ယာဉ်ဖြင့် အကြမ်းဖက်မှု ဖြစ် ပွားခဲ့သော မောင်တော ဒေသ သို့ ကွင်းဆင်းကြည့်ရှုရန် နေချင်းပြန် ခရီးစဉ်အဖြစ် သွားရောက်ကြောင်း သိရသည်။မောင်တောမြို့နယ် ပန်းတောပြင် ဘင်္ဂါလီကျေးရွာများသို့ သွားရောက်၍ ဘင်္ဂါလီ ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး မောင်တော မြို့အခြေအနေအား လှည့်လည် ကြည့်ရှုသည်ဟုလည်း ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ၏ ရခိုင်ပြည်နယ် မြောက်ပိုင်း ခရီးစဉ်တွင် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည် ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ နယ်စပ်ရေးရာဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ရဲအောင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးသိန်းဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အပါအဝင် စီးပွားရေး လုပ်ငန်းရှင် ၄ ဦး လိုက်ပါလာကြောင်းလည်း သိရ သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် ပတ်သက်ပြီး အစိုးရအဖွဲ့နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီတို့က သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း ဒေသခံ ပြည်သူများကြားတွင် ဒေါ်အောင်ဆန်းစုကြည် ရခိုင်သို့ လာရောက်မည့် သတင်းက ပျံ့နှံ့လျက် ရှိသည်။
အောက်တိုဘာလ ၃၁ ရက်က ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့်အဖွဲ့သည် တဖက်နိုင်ငံသို့ ရောက်ရှိနေသော ဘင်္ဂါလီများအား ပြန်လည် လက်ခံမည့် ကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့သို့ လာရောက်၍ ပုသိမ် ကျောင်းတိုက်နှင့် ဓမ္မသုခ ကျောင်းတိုက်တို့ သွားရောက်ပြီး ပြည်နယ် သံဃနာယက ဆရာတော်ကြီးများထံ သြဝါဒခံယူကာ ရှင်းပြ လျှောက်ထားမှု ပြုလုပ်ခဲ့သည်။
ဘင်္ဂါလီများအား ပြန်လည် လက်ခံမည့်ကိစ္စနှင့် ပတ်သက်ပြီး ဆရာတော်ကြီးများထံ လျှောက်ထားရာတွင်အနောက် နိုင်ငံ များ မှ မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုများ ရှိနေသော်လည်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အနေ ဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူ၏ အကျိုးစီးပွားထက် မည့်သည့်ကိစ္စကိုမှ ဦးစားပေး ဆောင် ရွက်မည် မဟုတ် ကြောင်း၊ ၁၉၉၃ ခုနှစ် သဘောတူစာချုပ်ပါ အတိုင်း သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသူ၊ အထောက်အထား ခိုင်လှုံသူ များ ကိုသာ စိစစ်လက်ခံမည် ဖြစ်သည့်အတွက် စိုးရိမ်စရာ မရှိကြောင်း တင်ပြ လျှောက်ထားခဲ့သည်။ထို့အပြင် ဘင်္ဂါလီများအား စိစစ်လက်ခံရာတွင်လည်း တဖက်နိုင်ငံက တောင်းဆိုသလို စခန်းအများကြီး ဖွင့်ပြီးလက် ခံမည် မဟုတ်ဘဲ စခန်း ၁ ခုတည်းသာ ဖွင့်ပြီး လက်ခံသွားမည် ဖြစ်ကြောင်း၊ အမျိုးသား အကျိုးစီးပွားနှင့် ရခိုင် တိုင်းရင်းသားများ ၏ အကျိုးစီးပွားအတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အသေးစိတ် အစီအမံများကို ရေးဆွဲ ဆောင်ရွက်လျက် ရှိကြောင်းလည်း သူရဦးအောင်ကိုက ဆက်လက် လျှောက်ထားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၏ တင်ပြ လျှောက်ထားချက်များနှင့် ပတ်သက်ပြီး ဆရာတော်ကြီးများက နိုင်ငံတော် အတိုင်ပင်ခံ၏ လက်ရှိဆောင်ရွက်နေသော အစီအမံများကို လက်ခံနိုင်ကြောင်း၊ သို့သော်လည်းအပြော နှင့် အလုပ်ညီရန် လိုအပ်ကြောင်းနှင့် ဘင်္ဂါလီများအား လက်ခံရာတွင် ရိုဟင်ဂျာ ဆိုသည့် စကားလုံး ပါလာမည်ဆိုပါက လုံးဝ လက်ခံမည် မဟုတ်ကြောင်း၊ ဖြစ်နိုင်လျှင် နယ်စပ်ခြံစည်းရိုးများကို အသေအချာ အခိုင်အမာ ကာရန်ပြီးစီးသည့်အချိန်မှသာ လက်ခံစေ လို ကြောင်း မိန့်ကြားခဲ့သည်။
Link : Here
No comments:
Post a Comment