VOA
အင်ကြင်းနိုင်
၂၈ နိုဝင်ဘာ၊ ၂၀၂၄
အင်ကြင်းနိုင်
၂၈ နိုဝင်ဘာ၊ ၂၀၂၄
ရိုဟင်ဂျာတွေကို နေရပ်ရင်းကနေ အတင်းအကျပ်မောင်းထုတ်မှု၊ ညှင်းပန်းနှိပ်စက်မှုတွေကို ကျူးလွန်ကြောင်းစွပ်စွဲချက်နဲ့ မြန်မာစစ်ခေါင်းဆောင် ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ်ရဲ့လျှောက်ထား ချက် ဟာ ရိုဟင်ဂျာတွေအတွက်သာမက စစ်အာဏာသိမ်းတာကို ဆန့်ကျင်နေတဲ့ မြန်မာပြည်သူတွေအတွက် သတင်းကောင်းတခုပဲလို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း အာဂျင်တီနားလူ့အခွင့်အရေးရှေ့နေ Tomas Quintana က ဗွီအိုအေကိုပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေဆီရောက်နေတဲ့ ICC ရှေ့နေချုပ် Karim Khan က မြန်မာစစ်ခေါင်းဆောင်တွေကို ဖမ်း၀ရမ်းထုတ်ဖို့ လျှောက်လဲချက် တင်သွင်းလိုက်ပြီဖြစ်တယ်လို့ မနေ့ကကြေညာခဲ့တာပါ။ ICC ခုံရုံးက ရှေ့ဆက် ကိုင်တွယ်နိုင်မယ့်အခြေအနေနဲ့ ပတ်သက်လို့ Mr. Quintana ကို Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
"ဘင်္ဂလားဒေ့ရှ်ရော မြန်မာနိုင်ငံအတွက်ပါ ပထမဆုံးအကြိမ်အဖြစ် ကျနော့်ရုံးကနေ ICC တရားသူကြီးတွေကို တရား၀င် လျှောက်ထားလိုက်ပါပြီ။ အဲဒီထဲမှာ မြန်မာစစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပထမဆုံးဖမ်း၀ရမ်းထုတ်မယ့်သူအဖြစ် လျှောက်ထားတာပါလို့" ICC ရှေနေချုပ် Karim Khan က မနေ့က ရိုဟင်ဂျာဒုက္ခသည်စခန်းတခုရောက်နေချိန်မှာ ပြောသွားတာပါ။
အခုလို ICC နိုင်ငံတကာ ရာဇ၀တ်ခုံးရုံးမှာ ရှေ့နေချုပ် Karim Khan ရုံးက အရေးပါတဲ့အဆင့် တက်လှမ်းနိုင်တာဟာ သတင်းကောင်းဖြစ်ပြီး မြန်မာစစ်ခေါင်းဆောင်တွေကို မကြာခင် ICC အနေနဲ့ ဖမ်း၀ရမ်းထုတ်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟောင်းလည်းဖြစ် လူ့အခွင့်အရေးရှေ့နေလည်းဖြစ်တဲ့ Tomas Quintana က ဗွီအိုအေကိုပြောပါတယ်။
"ရိုဟင်ဂျာအသိုင်းအဝန်းအတွက်သာမက မြန်မာနိုင်ငံတဝှမ်းက လူမှုအဖွဲ့အစည်းတွေနဲ့ လူနည်းစုတွေအတွက်ပါ ဒါဟာသတင်းကောင်းပါပဲ။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ်ကလျှောက်ထားတာဟာ သိသာထင်ရှားတဲ့ ခြေလှမ်းတစ်ခုပါ။
ICC နဲ့ ရှေ့နေချုပ်ရုံးရဲ့ စုံစမ်းစစ်ဆေးမှုတွေ တိုးတက်လာတာကို တွေ့ရတာအရမ်းဝမ်းသာပါတယ်။ ရှေ့နေချုပ်ရဲ့ လျှောက်ထားချက်ကို တရားရုံးက ထည့်သွင်းစဉ်းစားပြီး မကြာခင်မှာ ဖမ်းဝရမ်းထုတ်မယ်လို့ မျှော်လင့်ထားပါတယ်။"

အင်ကြင်းနိုင်- ဖမ်းဝရမ်းလျှောက်လွှာတင်လိုက်ပြီဆိုတော့ ICC ခုံရုံး ကနေ နောက်တဆင့်က ဘာ ဆက် လုပ်မလဲ။
Tomas Quintana: ICC ခုံရုံးရဲ့ လုပ်ထုံးလုပ်နည်းအရဆိုရင် ရှေ့နေချုပ်ရဲ့ လျှောက်ထားချက်ကို တရားသူကြီးတွေက စစ်ဆေးသုံးသပ်မှာဖြစ်ပြီးတော့ အချိန်အနည်းငယ်ကြာဖို့ရှိပါတယ်။ ဒါပေမယ့် ရှေ့နေချုပ် ပြောသွားတဲ့ သတင်းစကားမှာ အထင်အရှားမြင်နေရတာက- ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်အနေနဲ့ ရိုဟင်ဂျာတွေကို နေရပ်ကနေ အတင်းအကြပ်မောင်းထုတ်တဲ့အမှုနဲ့ ညှဥ်းပန်းနှိပ်စက်မှုတွေအတွက် ICC မှာ သက်သေအထောက်အထားအထင်အရှားရှိနေတာဖြစ်ပါတယ်။ ဒါဟာ Rome Statute နိုင်ငံတကာသဘောတူညီမှုစာချုပ်အရပေါ်ပေါက်လာတဲ့ ICC ခုံရုံးက ပြဌာန်းသတ်မှတ်ထားတဲ့ ရာဇ၀တ်မှုတွေပဲဖြစ်ပါတယ်။

အင်ကြင်းနိုင်- ဒါဆိုရင် ICC တရားသူကြီးတွေက ဖမ်းဝရမ်းထုတ်ဖို့ ဆုံးဖြတ်ချက်အတွက် အချိန် ဘယ်လောက်ကြာမလဲ။
Tomas Quintana: အချိန်သိပ်မကြာဘူးလို့တော့ မျှော်လင့်ပါတယ်၊ ဥပမာဆိုရင် မကြာသေးခင်က အစ္စရေးခေါင်းဆောင် Benjamin Netanyahu ကို ICC ခုံရုံးက ဖမ်းဝရမ်းထုတ်ခဲ့တဲ့ ကိစ္စမှာဆိုရင် ရှေ့နေချုပ် တင်သွင်းလျှောက်ထားပြီးနောက် လအနည်းငယ်အကြာမှာ ICC က ဖမ်းဝရမ်းထုတ်ပြန်ခဲ့တာပါ။ ဒါကြောင့် အချိန်အနည်းငယ်ယူရနိုင်ပါတယ်။ ဒါပေမဲ့ အရေးကြီးတာက ပထမအဆင့်ကတော့ ပြီးသွားပါပြီ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရာဇ၀တ်ကြောင်းအရ အရေးယူဖို့ လုံလောက်တဲ့ သက်သေအထောက်အထားတွေ ရှိနေတယ်ဆိုတာ ရှေ့နေချုပ်က ပြောဆိုထားပြီဖြစ်ပါတယ်။
အင်ကြင်းနိုင်- စစ်ကောင်စီဘက်က တုံ့ပြန်ထားတာကတော့ မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်သလို ICC ရဲ့ ပြောဆိုချက်တွေကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ဆိုပါတယ်။ စစ်ကောင်စီ တုံ့ပြန်ချက်ကို Mr. Quintana ဘယ်လိုမြင်လဲ။
Tomas Quintana: လက်ရှိအဆင့်က ရှေ့နေချုပ်က ဖမ်းဝရမ်းထုတ်ဖို့ ICC တရားသူကြီးတွေကို လျှောက်ထားတာဆိုတော့ တရားရုံးရဲ့ အဆုံးအဖြတ်ကို စောင့်ရမှာ ဖြစ်ပါတယ်။ တရားရုံးက ဖမ်းဝရမ်းထုတ်ပြီးဆိုရင်တော့ စစ်ကောင်စီက အလေးမထားဘူးလို့ ပြောနိုင်ပေမဲ့ အမှန်တကယ်မှာတော့ အဲဒီလို လုပ်လို့မရတော့ပါဘူး။ Rome Statute ကို လက်မှတ်ထိုးထားပြီး ICC ခုံရုံး စီရင်ပိုင်ခွင့်ကို လက်ခံထားတဲ့ နိုင်ငံပေါင်း ၁၂၄ နိုင်ငံရှိနေပါတယ်။ ဒီနိုင်ငံတွေအနေနဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာဖို့ တာ၀န်ရှိပါတယ်။ ICC က ဖမ်းဝရမ်းထုတ်ရင် ဒီနိုင်ငံတွေအားလုံးက အဲဒါကို အကောင် အထည်ဖော်ဖို့ လိုအပ်ပါလိမ့်မယ်။ ဆိုလိုတာက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အဲဒီနိုင်ငံတွေကို သွားမယ်ဆိုရင် သူ့ကို ဖမ်းဆီးဖို့ ICC က သတ်မှတ်ပြဌာန်းထားတဲ့အတွက် သူ့အနေနဲ့ ဘယ်နိုင်ငံကိုမှ ခရီးသွားနိုင်မှာ မဟုတ်ပါဘူး။
No comments:
Post a Comment