Saturday, September 7, 2024

ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင်း အကြမ်းဖက်မှုများကို မေ့မထားရန် လိုအပ်နေ

ဘင်္ဂလားဒေ့ရှ်မှ သိန်းနှင့်ချီသော ရိုဟင်ဂျာများသည် အိမ်နီးချင်းမြန်မာမှ ၎င်းတို့၏ နေအိမ်များကို စွန့်ခွာ ထွက်ပြေးရသည့် ၇ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့တွင် ကျင်းပသည်။ ထိုအခမ်းအနားသည် ကာလကြာမြင့်စွာ ဖိနှိပ်ခံရသည့် မြန်မာနိုင်ငံမှ မွတ်ဆလင်များအတွက် ဝမ်းနည်းကြကွဲရသည့် အချိန်ကာလဖြစ်သည်။ ၎င်းတို့သည် ကမ္ဘာ့လူအကျပ်သိပ်သည်းဆုံး ဒုက္ခသည် စခန်းများတွင် စုပြုံတိုးဝှေ့နေရပြီး ဆိုးရွားသည့် လူနေမှု အခြေအနေများကို ရင်ဆိုင်နေရသည်။

၂၀၁၇ ခုနှစ်မှ စတင်ပြီး ၎င်းတို့၏ အခြေအနေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှ မကြာခဏ ရန်ပြုမှုနှင့် မြန်မာတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်က စိန်ခေါ်နေသည်။ ပြည်တွင်းစစ်အတွင်း စစ်ကောင်စီသည် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ဇာတိမြေကို ဆက်လက်ဖြိုခွဲနေသည်။

သို့သော် မကြာသေးမီက ဘင်္ဂလားဒေ့ရှ်မှ ဖြစ်ရပ်များသည် ရိုဟင်ဂျာများအတွက် မှုန်ပျပျ မျှော်လင့်ချက်သာပေးသည်။ လပေါင်းများစွာ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် အာဏာရှင်ဆန်သော ဝန်ကြီးချုပ် ရှိတ်ဟာစီနာ နုတ်ထွက်ရသည်။ သူ့အစိုးရလက်ထက်တွင် ဒုက္ခသည်ပြဿနာ အဖြေရှာရန် ပျက်ကွက်ခဲ့သည်။

ကြားဖြတ်အစိုးရသစ်ခေါင်းဆောင် နိုဘယ်ဆုရှင် ဒေါက်တာ မူဟာမက် ယူနွတ်က ဒုက္ခသည် အခွင့်အရေးများကို ကာကွယ်ရန်နှင့် နောက်ဆုံးတွင် နေရပ်ပြန်နိုင်ရေးအတွက် လုပ်ဆောင်ရန် ကတိပြုသည်။

ရိုဟင်ဂျာတို့အတွက် အခက်အခဲများ ရှိနေဆဲဖြစ်သည်ဟု ဒုက္ခသည်စခန်းများသို့ သွားရောက်ပြီး ရိုဟင်ဂျာ အကျပ်အတည်းအကြောင်း ရေးသားသည့် ပညာရှင်တဦးအနေဖြင့် စာရေးသူ ယုံကြည်သည်။

မူဝါဒချသူများသည် ဘင်္ဂလားဒေ့ရှ် ဒေသခံပြည်သူများအကြား ကြီးထွားနေသည့် ရန်လိုမှုနှင့် မြန်မာပြည်တွင်းစစ်ကိုသာမက အကျပ်အတည်းအတွက် နိုင်ငံရေးအဖြေကို စိန်ခေါ်နေပြီး အ လေးမထားမိသည့် တတိယအချက်ကိုလည်း ရင်ဆိုင်ရမည် ဖြစ်သည်။ ထိုအချက်မှာ ရိုဟင်ဂျာ ဒုက္ခသည်များအကြား ဆက်လက် ဖြစ်ပွားကြီးထွားနေသည့် အကြမ်းဖက်မှုနှင့် အချင်းချင်း တိုက် ခိုက်မှုဖြစ်သည်။

မူဝါဒချသူများသည် ဘင်္ဂလားဒေ့ရှ် ဒေသခံပြည်သူများအကြား ကြီးထွားနေသည့် ရန်လိုမှုနှင့် မြန်မာပြည်တွင်းစစ်ကိုသာမက အကျပ်အတည်းအတွက် နိုင်ငံရေးအဖြေကို စိန်ခေါ်နေပြီး အလေးမထားမိသည့် တတိယအချက်ကိုလည်း ရင်ဆိုင်ရမည် ဖြစ်သည်။

၂၀၂၁ ခုနှစ်က လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသူ အလယ်အလတ်ဝါဒီ ရိုဟင်ဂျာခေါင်းဆောင် မိုဟစ် အူလာ/Benar

ထိုအချက်မှာ ရိုဟင်ဂျာ ဒုက္ခသည်များအကြား ဆက်လက် ဖြစ်ပွားကြီးထွားနေသည့် အကြမ်းဖက်မှုနှင့် အချင်းချင်း တိုက်ခိုက်မှုဖြစ်သည်။

လူသတ်မှု၊ အဓမ္မပြုကျင့်မှုနှင့် ပြန်ပေးဆွဲမှု

ရက်စက်ကြမ်းကြုတ်သည့် ဖြိုခွဲမှုနောက်ပိုင်း ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် ရိုဟင်ဂျာ ၇ သိန်းခွဲကျော် မြန်မာမှ ထွက်ပြေးရသည်။ ထိုနောက်ပိုင်းတွင် ရိုဟင်ဂျာ ၂၃၅ ဦးခန့် ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်စခန်းများတွင် သတ်ဖြတ်ခံရသည်။ ထို့ပြင် ရိုဟင်ဂျာ မိန်းကလေးများနှင့် အမျိုးသမီးများကို အဓမ္မပြုကျင့်မှု ဒါဇင်ပေါင်းများစွာနှင့် ပြန်ပေးဆွဲမှု ဆယ်ဂဏန်းများစွာရှိကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက မှတ်တမ်းတင်ထားသည်။

၂၀၂၁ ခုနှစ်က အလယ်အလတ်ဝါဒီ ရိုဟင်ဂျာခေါင်းဆောင် မိုဟစ် အူလာကို လုပ်ကြံသတ်ဖြတ်ခြင်း အပါအဝင် ဒုက္ခသည်များအကြား ထင်ရှားသူများကို သတ်ဖြတ်မှုများသည် စခန်းအတွင်း ကြီးထွားနေသည့် အကြမ်းဖက်မှုကို ပိုမိုဆိုးရွားစေသည်။

ဆိုးရွားသော လူသားချင်းစာနာမှု အခြေအနေနှင့် ပေါင်းစပ်လိုက်သောအခါ ထိုအကြမ်းဖက်မှုသည် အမျိုးမျိုးသော ရိုဟင်ဂျာ လက်နက်ကိုင်အုပ်စုများဖြင့် ပြည့်နေသည့်စခန်းအတွင်း လုံခြုံရေးလစ်ဟာမှု ဖြစ်စေသည်။ ထိုရိုဟင်ဂျာ လက်နက်ကိုင်အုပ်စုများသည် မတူညီသော ရည်မှန်းချက်များ၊ နည်းလမ်းများဖြင့် လှုပ်ရှားနေပြီး စခန်းများတွင် နေထိုင်သည့် ဒုက္ခသည်များကို အခက်အခဲဖြစ်စေသည့် နယ်မြေလုပွဲကို ဖန်တီးနေသည်။

စခန်းများမှ လက်နက်ကိုင်အဖွဲ့အစည်းများ

သိရှိထားသော ရိုဟင်ဂျာ လက်နက်ကိုင်အုပ်စု ၁၁ ခုအနက် ၅ ခုသည် စခန်းများအတွင်း အကြမ်းဖက် လှုပ်ရှားမှုများအတွက် အကြီးအကျယ် စွပ်စွဲခံရသည်။ ထိုအဖွဲ့များအနက် အချို့သည် နယ်စပ်ကို ဖြတ်ကျော် မလာမီက မြန်မာအစိုးရကို ရခိုင်ပြည်နယ်တွင် ပုန်ကန်ရာ၌ ပါဝင်ခဲ့သည်။

၎င်းတို့အနက် အထင်ရှားဆုံးမှ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့ (ARSA) ဖြစ်သည်။ ၂၀၁၆ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖွဲ့စည်းသည့် ARSA သည် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် မြန်မာစစ်တပ်နှင့် ရဲများကို တိုက်ခိုက်ပြီးနောက် အစိုးရက နယ်မြေရှင်းလင်းမှုကို ဖြစ်စေပြီး ရိုဟင်ဂျာများ အလုံးအရင်းထွက်ပြေးမှု ဖြစ်စေပြီးနောက် လူသိများလာသည်။

အစိုးရတပ်များသည် ခန့်မှန်းခြေ ရိုဟင်ဂျာ ၂၅,၀၀၀ ကို သတ်ဖြတ်ပြီး ထိုပြည်နယ်မှ ရိုဟင်ဂျာ ၇ သိန်းခွဲကျော် ထွက်ပြေးရသည်။ ထိုစစ်ဆင်ရေးကို နိုင်ငံတကာအသိုက်အဝန်း အများအပြားက လူမျိုးတုံးသတ်ဖြတ်မှုဟု သတ် မှတ်သည်။
ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများအပေါ် ထိန်းချုပ်မှု ထူထောင်ရန် ARSA တပ်ဖွဲ့၏ ကြိုးစားမှုသည် ရိုဟင်ဂျာ သွေးစည်းခိုင်မာရေးအဖွဲ့ (RSO) အပါအဝင် ခြေကုပ်ရရန် ကြိုးစားနေသည့် အခြားအုပ်စုများ၏ ဆန့်ကျင်မှုခံရသည်။ RSO အဖွဲ့သည် ကာလကြာမြင့်စွာ မလှုပ်ရှားတော့သည့် အဖွဲ့ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် လုံခြုံရေးဌာနများ၏ ထောက်ပံ့မှုဖြင့် ၂၀၂၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်တွင် ပြန်လည် ပေါ်ပေါက်လာသည့်အဖွဲ့ ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများအပေါ် ထိန်းချုပ်မှု ထူထောင်ရန် ARSA တပ်ဖွဲ့၏ ကြိုးစားမှုသည် ရိုဟင်ဂျာ သွေးစည်းခိုင်မာရေးအဖွဲ့ (RSO) အပါအဝင် ခြေကုပ်ရရန် ကြိုးစားနေသည့် အခြားအုပ်စုများ၏ ဆန့်ကျင်မှုခံရသည်။ RSO အဖွဲ့သည် ကာလကြာမြင့်စွာ မလှုပ်ရှားတော့သည့် အဖွဲ့ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် လုံခြုံရေးဌာနများ၏ ထောက်ပံ့မှုဖြင့် ၂၀၂၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်တွင် ပြန်လည် ပေါ်ပေါက်လာသည့်အဖွဲ့ ဖြစ်သည်။

မူးယစ်ဆေးနှင့် အခြား တရားမဝင် ရောင်းဝယ်မှုများနှင့် ပတ်သက်သည့် အခြားအုပ်စု နှစ်ခုသည် အချင်းချင်း တိုက်ခိုက်မှုများ ဖြစ်စေသည်။ ထိုအဖွဲ့များမှာ ယခင်က ARSA နှင့် ပတ်သက်သည့် မာစတာ မန်နာအုပ်စုနှင့် RSO နှင့် အမည်ခံအားဖြင့် မဟာမိတ်ဖွဲ့ထားသည် နိုဘီ ဟိုစိန်အုပ်စု ဖြစ်သည်။ တချိန်တည်းတွင် အစ္စလမ်မီ မဟာ့ဂျ်သည် ၎င်းတို့၏ အစ္စလာမ်အစီအစဉ်များဖြင့် စခန်းများတွင် လူသစ်စုဆောင်းရန် ကြိုးစားသည်။

မှောင်ခိုနှင့် မူးယစ်ဆေး

သိန်းနှင့်ချီသော ရိုဟင်ဂျာများ နေရပ်စွန့်ခွာခြင်းသည် ရာဇဝတ်အုပ်စုများအား လှုပ်ရှားမှုများကို ချဲ့ထွင်ရန် အခွင့်အလမ်းပေးသည်။ ၂၀၁၇ ခုနှစ်မှ စတင်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် တရားမဝင် ကုန်သွယ်ရေး ထွန်းကားလာသလို မြန်မာနှင့် အိန္ဒိယမှ လက်နက်စီးဆင်းမှု၊ မက်သာဖက်တမင်း ယာဘဆေးပြားနှင့် အခြား မူးယစ်ဆေးမှောင်ခိုမှု၊ အမျိုးသမီးများနှင့် ကလေးများကို လူမှောင်ခိုကူးမှုနှင့် ကယ်ဆယ်ရေးပစ္စည်းများ တရားမဝင် ရောင်းချမှုများ ထွန်းကားလာသည်။

မာစတာ မန်နာနှင့် နိုဘီ ဟိုစိန်အုပ်စုများသည် ဒုက္ခသည်စခန်းများတွင် တရားမဝင် ငွေကြေးရှာဖွေမှု၊ ငွေညှစ်ခြင်းနှင့် မှောင်ခိုကူးခြင်းတို့တွင် ပါဝင်ပတ်သက်ပြီး ပိုင်နက်နယ်မြေ ထိန်းချုပ်ရန် တဖွဲ့နှင့်တဖွဲ့ ပဋိပက္ခဖြစ်ကြသည်။

စခန်းများသို့ ကွင်းဆင်းစဉ် ဒုက္ခသည်များ တုန်လှုပ်ခြောက်ခြားမှု မည်သို့ ခံစားရသည်ကို စာရေးသူ တွေ့မြင်ခဲ့သည်။ လက်နက်ကိုင်အုပ်စုများအကြား လက်စားချေ တိုက်ခိုက်မှုများနှင့် နောက်ထပ် ပဋိပက္ခများ ဖြစ်လာမည်ကို ဒုက္ခသည်များ ကြောက်လန့်သောကြောင့် ထင်ရှားကျော်ကြားသူများကို သတ်ဖြတ်မှုများ အပြီးတွင် ဒုက္ခသည်များ အထူးတုန်လှုပ်ကြသည်။ ထို့ကြောင့် ထောင်ပေါင်းများစွာသော ရိုဟင်ဂျာများသည် ဘေးကင်းလုံခြုံမှုရှာဖွေရင်း စခန်းတခုမှ အခြားစခန်းတခုသို့ မကြာခဏ ပြောင်းရွှေ့နေထိုင်ကြသည်။

တိုက်ခိုက်မှုများက မြန်မာစစ်တပ်ကို အကျိုးပြု


အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးမှုများနှင့်အတူ လက်နက်ကိုင် ရိုဟင်ဂျာအုပ်စုများ အချင်းချင်း တိုက်ခိုက်မှုသည် ဒုက္ခသည်များအတွက် နိုင်ငံရေးအရ နစ်နာစေသည်။
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အူကီယာရှိ ဘာလူခါလီ ဒုက္ခသည်စခန်းရှိ ဈေးအနီးတွင် ဆော့ကစားနေသည့် ရိုဟင်ဂျာ ကလေးငယ်များ / AFP
 
ထိုတိုက်ခိုက်မှုများကို မြန်မာက လက်ရှိ မတည်ငြိမ်မှုအတွက် ဘင်္ဂလားဒေ့ရှ်ကို အပြစ်တင်ရန် အကြောင်းပြချက်နှင့် ရိုဟင်ဂျာများအပေါ် ၎င်း၏ ဆက်ဆံမှုကို ကာကွယ်ရန် တရားဝင် လုံခြုံရေး စဉ်းစားသုံးသပ်မှုအဖြစ် အသုံးပြုသည်။ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာကိုယ်စားလှယ်က ဘင်္ဂ လားဒေ့ရှ်သည် “အကြမ်းဖက်များ” ကို လက်ခံထားကြောင်း စွပ်စွဲပြီး ဘင်္ဂလားဒေ့ရှ် သံတမန်များက ပြင်းပြင်း ထန် ထန် ငြင်းဆိုသည်။

ထိုအကြမ်းဖက်မှုသည် ဘင်္ဂလားဒေ့ရှ်များအကြား ဒုက္ခသည်များအပေါ် ရန်လိုမှုဖြစ်စေပြီး ဒုက္ခသည်များကို ပြဿ နာရှာသူများ၊ ရာဇဝတ်မှုကျူးလွန်သူများအဖြစ် ပိုမိုမြင်လာကြသည်။

တချိန်တည်းတွင် စခန်းများရှိ ဒုက္ခသည်များ၊ အရပ်သားများသို့ အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) များနှင့် အကူအညီပေးရေး လုပ်သားများ၏ ဝန်ဆောင်မှုပေးနိုင်သည့် စွမ်းရည်ကိုလည်း ထိခိုက်စေသည်။ ထို့ပြင် ခြေကုန်လက်ပမ်းကျနေပြီးဖြစ်သည့် အလှူရှင်အသိုက်အဝန်းသည် စခန်းများတွင် ကြီးထွားနေသည့် စစ်သွေးကြွမှုနှင့် ရာ ဇဝတ်မှု အန္တရာယ်ကို မြင်လာကြသည်။

တချိန်တည်းတွင် စခန်းများရှိ ဒုက္ခသည်များ၊ အရပ်သားများသို့ အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) များနှင့် အကူအညီပေးရေး လုပ်သားများ၏ ဝန်ဆောင်မှုပေးနိုင်သည့် စွမ်းရည်ကိုလည်း ထိခိုက်စေသည်။ ထို့ပြင် ခြေကုန်လက်ပမ်းကျနေပြီးဖြစ်သည့် အလှူရှင်အသိုက်အဝန်းသည် စခန်းများတွင် ကြီးထွားနေသည့် စစ်သွေးကြွမှုနှင့် ရာဇဝတ်မှု အန္တရာယ်ကို မြင်လာကြသည်။

အသွင်သစ်ဆောင်လာသော တင်းမာမှုဟောင်း

ရိုဟင်ဂျာ ဒုက္ခသည် လူမှုအသိုက်အဝန်း အမျိုးမျိုးအကြား တင်းမာမှုများသည် အသစ်အဆန်း မဟုတ်ပေ။ ၂၀၁၇ ခုနှစ် မတိုင်မီက ဘင်္ဂလားဒေ့ရှ်ရှိ ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီတွင် မှတ်ပုံတင်ပြီး တရားဝင်စခန်းများတွင် နေ ထိုင် သူများနှင့် မှတ်ပုံမတင်ဘဲ ယာယီစခန်းများတွင် နေထိုင်သူများအကြား ပြဿနာများ ရှိခဲ့သည်။

သို့သော် ၁၉၇၈ ခုနှစ်နှင့် ၁၉၉၁-၁၉၉၂ ခုနှစ်များတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာသည့် ရိုဟင်ဂျာ ဒုက္ခသည် အစောပိုင်း မျိုးဆက်နှင့် ၂၀၁၇ ခုနှစ်က အလုံးအရင်းဖြင့် အသစ်ဝင်လာသည့် ဒုက္ခသည်များအကြား ရန်လိုမှုကို စာရေးသူ မကြာသေးမီက တွေ့ရသည်။ ယခုအခါ ကွဲပြားခြားနားသည့် တုန်လှုပ်စရာကိစ္စမှာ ထိုတင်းမာမှုများသည် ၂၀၁၇ ခုနှစ် နောက်ပိုင်းတွင် သတ်ဖြတ်အကြမ်းဖက်မှုအထိ မြင့်မားလာခြင်းဖြစ်သည်။

စခန်းများအတွင်း အကြမ်းဖက်သတ်ဖြတ်မှုများတွင် လူ ၅,၀၀၀ ခန့်ပါဝင်နေကြောင်း စာရေးသူ ခန့်မှန်းသည်။ ထိုအရေအတွက်သည် ၂၀၁၇ ခုနှစ်က အလုံးအရင်း ထွက်ပြေးလာသူများ အပါအဝင် ရိုဟင်ဂျာဒုက္ခသည် စုစုပေါင်း ၁ ဒသမ ၃ သန်းနှင့်ယှဉ်လျှင် အနည်းငယ်သာ ဖြစ်သည်။

သို့သော် ထိုလူနည်းစု၏ လုပ်ရပ်များသည် ရိုဟင်ဂျာများနှင့် ၎င်းတို့အနာဂတ်ကို မယုံကြည်နိုင်လောက်အောင် ထိ ခိုက်စေသည်။ အရေးပါသည့် ဒေသတွင်းနှင့် ကမ္ဘာ့ အထောက်အပံ့ကို ထိခိုက်စေပြီး နောက်ဆုံးတွင် မြန်မာသို့ ပြန်လည် ပို့ဆောင်ရေးကို မရေမရာဖြစ်စေသည်။

ဘင်္ဂလားဒေ့ရှ်တွင် အစိုးရပြောင်းလဲခြင်းသည် ရိုဟင်ဂျာများအတွက် အခွင့်အလမ်းတခု ဖန်တီးပေးသည်။ အထူး သဖြင့် အစိုးရသစ်သည် နိုင်ငံ၏ တရားစီရင်ရေး အင်စတီကျူးရှင်းများကို ပိုမို တောင့်တင်းအောင်လုပ်ရန်နှင့် လူနည်းစုများကို ကာကွယ်ရန် ကတိများကို လိုက်နာပါက အခွင့်အလမ်း ပိုမိုဖြစ်စေသည်။ စခန်းများမှ မငြိမ်သက်မှုသည် အစိုးရသစ် ရင်ဆိုင်နေရသည့် ပြဿနာများကို ပိုမိုဆိုးရွားစေရန်သာရှိပြီး ရိုဟင်ဂျာ အကျပ်အတည်း အဖြေအတွက် ထောက်ခံမှုကို ထိခိုက်စေနိုင်သည်။
စိုးရိမ်ရသည့်ကိစ္စမှာ ထိုမငြိမ်သက်မှုသည် ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာဒုက္ခသည်များကို မရေရာမှုနှင့် ပိုမိုအကြမ်းဖက်သည့် အခြေအနေများတွင် နောက်ထပ် နှစ်ပေါင်းများစွာ နေထိုင်စေရနိုင်ခြင်း ဖြစ်သည်။
စိုးရိမ်ရသည့်ကိစ္စမှာ ထိုမငြိမ်သက်မှုသည် ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာဒုက္ခသည်များကို မရေရာမှုနှင့် ပိုမိုအကြမ်းဖက်သည့် အခြေအနေများတွင် နောက်ထပ် နှစ်ပေါင်းများစွာ နေထိုင်စေရနိုင်ခြင်း ဖြစ်သည်။

(The Conversation ပါ Nasir Uddin ၏ 7 years after genocide, plight of Rohingya refugees in Bangladesh is exacerbated by camp violence ကို ဘာသာပြန်သည်။ နာဆာ အူဒင်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတက္ကသိုလ်၊ မနုဿဗေဒဌာနမှ ပါမောက္ခဖြစ်သည်။)

You may also like these stories:

Link : Here

2 comments:

  1. 1962 to 2016 we are facing with Myanmar gvt but that time have remaining rohingya in Arkan state and that time afew Refugee in bangladesh but since 2017 to 2024 ARSA time no more Rohinhya in Arkan because of ARSA we are fleeing to Bangladesh refugee camp .more then 1-million Rohingya in refugee camp because of ARSA

    All ARSA are Myanmar military agent since 2017 to 2024 until ARSA support only Myanmar Military .its mean ARSA only Myanmar military agent .if ARSA cant safe Rohingya life .why ARSA destroy rohingya life .

    we are not called any Rohingya Rebel groups in Arkan . why ARSA are coming in ARKAN .WHY ARSA are OUR LIFE DESTROY .ITS happened because of ARSA.today we are in refugee camp in bangladesh

    Everyone knows Myanmar gvt don’t want any Rohingya in Arkan state also Myanmar gvt 1960 to trying take out all Rohingya from ARKAN but 1960 to 2016 never successful to take out Rphingya From Arkan ,ARSA time 2017 to 2024 no more Rohingya in Arkan because of ARSA and RSO no more Rohingya in Arkan

    since 2017 to 2024 until ARSA support only Myanmar Military

    if ARSA cant Safe Rohingya life .why destroy Rohingya life .................?

    Any rebels groups. we don’t need in Arkan state . Why ARSA And RSO coming to Arkan state . 2024 may Buthidauing and 2024 June Maung Daw towhsip destroy Rohingya life .its happened because of ARSA .

    we dont need any rebels group in Arkan .why ARSA destroy Rohingya life. Why take byforce for Jihad if not support ARSA. Why ARSA killing own community

    Why ARSA taking byforce for Jihad. Why ARSA terrorist joined with Myanmar military.

    ARSA only blaming other party groups . we are fleeing to Bangladesh refugee camp because of ARSA .Why ARSA come To in ARkan ?

    ReplyDelete
  2. https://www.facebook.com/worldrohingyaNewsMedia/videos/8148569068595880- Within 200 Years never happend in Rakhine state
    နှစ်ပေါင်း ၂၀၀ အတွင်း ရခိုင်ပြည်နယ်မှာ တခါမှ မဖြစ်ခဲ့ပါဘူး။
    but since 2017 ARSA time no more Rohingyas Rakhine states-ဒါပေမယ့် 2017 ARSA အချိန်ကစပြီး ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေ မရှိတော့ဘူး။

    ရခိုင်ပြည်နယ်မှာ ကျန် ရှိ
    နေသေးတဲ့ ရိုဟင်ဂျာတွေ ကို
    သတ်ဖြတ်ဖို့ အတွက် ARSA အကြမ်းဖက်အဖွဲ့နဲ့ အမြန်ပူးပေါင်းပါ

    Mostly ARSA support are can’t see they doing wrong also if somebody say truth ARSA support are write non sense word for him.
    အများအားဖြင့် ARSA ပံ့ပိုးကူညီမှုသည် တစ်စုံတစ်ဦးမှ အမှန်အတိုင်းပြောပါက အမှားလုပ်နေသည်ကို မမြင်နိုင်ဘဲ၊ ARSA ပံ့ပိုးကူညီမှုသည် သူ့အတွက် အဓိပ္ပာယ်မဲ့သော စကားလုံးများကို ရေးသားခြင်းဖြစ်သည်။
    ARSA support are should be give explanations for unsupporter

    when ARSA are killing AA-Rakhine and ARSA are making videos for ARSA supporter because ARSA don’t have confidence.
    ARSA က AA-ရခိုင်တွေကို သတ်တဲ့အခါ ARSA က အယုံအကြည်မရှိလို့ ARSA ထောက်ခံသူအတွက် ဗီဒီယိုတွေ လုပ်နေတယ်။
    if ARSA are real Mujahid. why ARSA hate other Rohingya rebels’ group.
    အကယ်၍ ARSA သည် မူဂျာဟစ်အစစ်အမှန်ဖြစ်လျှင် ARSA သည် အခြားရိုဟင်ဂျာသူပုန်အဖွဲ့များကို အဘယ်ကြောင့်မုန်းတီးသနည်း။

    ReplyDelete

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */