" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, August 19, 2023

နိုင်ဂျာ နိုင်ငံ ( Niger ) နှင့်လတ်တလောဖြစ်ရပ်များ။

ပထဝီအနေအထား
နိုင်ဂျာနိုင်ငံ၏ တရားဝင်အမည်မှာ နိုင်ဂျာသမ္မတနိုင်ငံ ဖြစ်ပြီး အနောက်အာဖရိကတွင် ရှိသော ကုန်းတွင်းပိတ်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ နိုင်ဂျာမြစ်ကို အစွဲပြု၍ မှည့်ခေါ်ထားသည်။ တောင် ဘက်တွင် နိုင်ဂျီးရီးယားနိုင်ငံ နှင့် ဘီနင်နိုင်ငံ၊ အနောက်ဘက်တွင် ဘာကီးနားဖားဆိုနိုင်ငံ နှင့် မာလီနိုင်ငံ၊ မြောက်ဘက်တွင် အယ်လ်ဂျီးရီးယားနိုင်ငံ နှင့် လစ်ဗျားနိုင်ငံ၊ အရှေ့ဘက်တွင် ချဒ် နိုင်ငံ တို့ဖြင့် ဝန်းရံထားသည်။ နိုင်ဂျာနိုင်ငံသည် ဧရိယာ စတုရန်းမိုင်ပေါင်း ၁,၂၇၀,၀၀၀ ရှိသ ဖြင့် အနောက်အာဖရိကတွင် အကြီးဆုံးနိုင်ငံ ဖြစ်သည်။ ၈၀ ရာခိုင်နှုန်းသော မြေမှာ ဆာဟာရ သဲကန္တာရ ဖြစ်သည်။ နိုင်ငံ၏ လူဦးရေ ၁၅ သန်းခန့်မှာ တောင်ဘက်စွန်းပိုင်း နှင့် အနောက်ပိုင်း တွင်သာ အများစု နေထိုင်ကြသည်။ မြို့တော်မှာ နီယာမေမြို့ ဖြစ်သည်။


 နိုင်ဂျာနိုင်ငံ၏ တည်နေရာ  (အစိမ်းရင့်)

မြို့တော်
နှင့် အကြီးဆုံးမြို့

နီယာမေမြို့
13°32′N 2°05′E

ရုံးသုံး ဘာသာစကားများ

ပြင်သစ်

အမျိုးသားဘာသာစကားများ[၁]

  • အာရပ်
  • Buduma
  • Fulfulde
  • Gourmanchéma
  • Hausa
  • Kanuri
  • Zarma
  • Songhai
  • Tamasheq
  • Tassawaq
  • Tebu

လူမျိုးစု (2021)

  • ၅၃.၁% Hausa
  • ၂၁.၂% Zarma & Songhay
  • ၁၁.၀% Tuareg
  • ၆.၅% Fulani
  • ၅.၉% Kanuri
  • ၀.၈% Gurma
  • ၀.၄% Toubou
  • ၀.၄% Arab
  • ၀.၉% အခြား

ကိုးကွယ်မှု

  • ၉၉.၃% အစ္စလာမ်ဘာသာ
  • ၀.၃% ခရစ်ယာန်ဘာသာ
  • ၀.၂% နတ်ကိုးကွယ်မှု
  • ၀.၁% ဘာသာမဲ့

Demonym

Nigerien (/niːˈʒɛəriən/ [၂]

အစိုးရ

ပြည်ထောင်စု တစိတ်တပိုင်းသမ္မတ သမ္မတနိုင်ငံစနစ်

• သမ္မတ

Mohamed Bazoum

 ဝန်ကြီးချုပ်

Ouhoumoudou Mahamadou

• အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ

Seyni Oumarou

ဥပဒေပြုလွှတ်တော်

အမျိုးသားလွှတ်တော်

လွတ်လပ်ရေးရရှိခြင်း ပြင်သစ်နိုင်ငံမှ

• သမ္မတနိုင်ငံအဖြစ် ကြေညာခဲ့

၁၉၅၈ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်

• ကြေညာခဲ့

၁၉၆၀ ခုနှစ် ဩဂုတ်လ ၃ ရက်

ဧရိယာ

• စုစုပေါင်း

,၂၆၇,၀၀၀ km² (၄၈၉,၆၇၈ sq mi) (အဆင့်: ၂၁)

• ရေထု (%)

၀.၀၂

လူဦးရေ

• ၂၀၂၁ ခန့်မှန်း

၂၄,၁၁၂,၇၅၃ (အဆင့် - ၅၇)

• ၂၀၁၂ သန်းခေါင်စာရင်း

၁၇,၁၃၈,၇၀၇

• သိပ်သည်းမှု

၁၂.၁/km2 (၃၁.၃/sq mi)

GDP (PPP)

၂၀၁၈ ခန့်မှန်း

• စုစုပေါင်း

$၂၃.၄၇၅ ဘီလီယံ[၃] (အဆင့် - ၁၄၀)

• Per capita

$,၂၁၃[၄] (အဆင့် - ၁၈၃)

GDP (nominal)

၂၀၁၈ ခန့်မှန်း

• စုစုပေါင်း

$၉.၈၆၉ ဘီလီယံ[၅] (အဆင့် - ၁၃၆)

• Per capita

$၅၁၀[၆] (အဆင့် - ၁၇၉)

Gini (၂၀၁၄)

 ၃၄.၀[၇]
အလယ် · ၇၀

HDI (၂၀၁၉)

 ၀.၃၉၄[၈]
နိမ့် · ၁၈၉

ငွေကြေး

အနောက်အာဖရိက ဖရန့် (XOF)

အချိန်ဇုန်

WAT (UTC+1)

ယာဉ်ကြောစနစ်

ညာ[၉]

တယ်လီဖုန်းကုဒ်

+၂၂၇

Internet TLD

.ne

a.      Lowest ranked.


၂၀၁၀ နိုင်ဂျားနိုင်ငံ စစ်ဘက်အာဏာသိမ်းမှု

အာဖရိကတိုက် အနောက်ပိုင်း နိုင်ဂျားနိုင်ငံတွင် ၂၀၁၀ခုနှစ်၊ ဖေဖော်ဝါရီ လ ၁၈ ရက်နေ့က စစ်ဘက် မှ အာဏာ သိမ်းယူမှုဖြစ်ပွားခဲ့သည်။ သမ္မတမာမာဒူတန်ဂျာနှင့် ၎င်း၏ ဝန်ကြီးများ မြို့တော်နီရာမီတွင် အပတ်စဉ်ဝန်ကြီး အဖွဲ့ အစည်းအဝေးပြုလုပ်နေစဉ် ဝင်ရောက်တိုက်ခိုက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။[၁] ယင်းပစ်ခတ်မှုများတွင် စစ်သားသုံး ဦး သေဆုံးခဲ့သည်။ ယင်းနောက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရပ်စဲခဲ့ပြီး နိုင်ငံပိုင်အဖွဲ့အစည်းများအား ဖျက်သိမ်း ခဲ့သည်။ အာဏာသိမ်းခေါင်းဆောင်များသည် ဒီမို ကရေစီပြန်လည်ဖော်ဆောင်ရေး အချုပ်အခြာကောင်စီကို တည် ထောင်လိုက်ပြီး[၂][၃] အကြီးတန်း စစ်ဘက်အရာရှိတစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးဆာလူးဂျီဘိုက ဦးဆောင်ခဲ့သည်။[၄]

သမ္မတတန်ဂျာသည် ပြီးခဲ့သည့်ဩဂုတ်လအတွင်း သမ္မတ သက်တမ်းကန့်သတ်ထားမှုကို အငြင်းပွား ဖွယ်ဆန္ဒခံ ယူ ပွဲကျင်းပကာ ပြင်ဆင်ခဲ့ကာ သမ္မတနေရာကို ဆက်လက်ဆုပ်ကိုင်ရန် ကြိုးစားခဲ့ခြင်း ကြောင့် အာဏာသိမ်းမှုဖြစ်ပွား ရခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူတို့ကသုံးသပ်ကြသည်။ 

ယင်းကိစ္စကို ပြီးခဲ့သည့်နှစ်က အတိုက်အခံပါတီများ၊ အ လုပ်သမားသမဂ္ဂများနှင့် လူ့အခွင့်အရေးအဖွဲ့ များက ကန့်ကွက်ခဲ့ကြသည်။ ယခုအာဏာသိမ်းမှုကို ၎င်းအဖွဲ့အစည်း များကကြိုဆိုခဲ့သော်လည်း ဒီမို ကရေစီပြန်လည်ဖော်ဆောင်ပေးမည်ဟူသော ကတိကဝတ် တည်ရန် တောင်းဆိုခဲ့ ကြ သည်။

အသက် ၇၁ နှစ်အရွယ်ရှိ စစ်ဘက်အရာရှိဟောင်း တန်ဂျာသည် ၁၉၉၉ ခုနှစ်ကပထမအကြိမ်သမ္မတ သက်တမ်း အတွက် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ၂၀၀၄ တွင် ဒုတိယသက် တမ်းအတွက် ထပ်မံ အရွေးခံခဲ့ရသည်။ ဒုတိ ယသက်တမ်းမှာ ပြီးခဲ့သည့်ဒီဇင်ဘာလတွင် သက်တမ်းကုန်ပြီဖြစ်သော်လည်း နောက်ထပ် သက်တမ်းတိုးနိုင်ရန် ပြုလုပ်ခဲ့သည်။ သမ္မတတန်ဂျာကို လုံခြုံဘေးကင်းစွာ ထားရှိထား ကြောင်း အာဏာသိမ်းအဖွဲ့က ထုတ်ပြန်သည်။ ယခုဖြစ်စဉ်ကြောင့် အာဖရိကသမဂ္ဂက နိုင်ဂျာနိုင်ငံကို အဖွဲ့မှ ထုတ်ပယ်ခဲ့သလို ကုလသမဂ္ဂ အထွေအထွေ အတွင်း ရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း ဝေဖန်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုကမူ ဒီမိုကရေစီစနစ်သို့လျင်မြန် စွာပြန်သွားရန်နှင့်တရားမျတသော ရွေး ကောက်ပွဲများ ဆောလျင်စွာ ကျင်းပပေးရေး တောင်းဆိုခဲ့သည်။

နိုင်ဂျားအာဏာသိမ်းဆောင်များသည်နိုင်ငံကိုဒီမိုကရေစီအုပ်ချုပ်မှုစနစ်သို့ပြန်သွားရန်လုပ်ဆောင်လျက်ရှိကြောင်း ကုလသမဂ္ဂ အနောက်အာဖရိကဆိုင်ရာ အထူးကိုယ်စားလှယ် ဆာအိဒီဂျင်နစ်က ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ပြောကြားခဲ့သည်။ လူဦးရေ ၁၅ သန်းမျှရှိသော နိုင်ဂျားနိုင်ငံတွင် ပြည်သူအများစုက အာ ဏာသိမ်းမှု ကို ထောက်ခံ သည့်အသွင် ရှိကြောင်း ကုလအရာရှိဒီဂျင်နစ်က ပြောကြားခဲ့သည်။ 


နိုင်ဂျာက အာဏာသိမ်းပွဲ..။ 
ရက်စွဲ: ၃၀ ဇူလိုင် ၂၀၂၃


ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ (ဇူလိုင်-၂၆)က အနောက်အာဖရိက နိုင်ဂျာမှာ အာဏာသိမ်းမှု ဖြစ်ပွါးခဲ့တယ်။ ရွေး ကောက်ခံ အ ရပ်သား အစိုးရသမ္မတ မိုဟာမက် ဘာဇွမ် Bazoum ကို သမ္မတ အစောင့်တပ်က ဖမ်း ဆီးပြီး အာဏာသိမ်း လိုက် တာပါ။

အာဏာသိမ်းစစ်ခေါင်းဆောင်တစ်စုဟာ ရုပ်သံရှေ့ ထွက်ပြီး သူတို့အာဏာသိမ်းလိုက်ပြီဆိုတဲ့ အ ကြောင်း တရား ဝင် ကြေညာတယ်။ အာဖရိကနိုင်ငံတစ်ခု ခုလိုအာဏာသိမ်းလိုက်ပြီဆိုတဲ့သတင်းဟာ သတင်းထူးတစ်ခုမဟုတ် တော့ သလိုတောင် ဖြစ်နေပါပြီ။ မကြာခဏဆိုသလို အာဏာ သိမ်းပွဲတွေ ဖြစ်၊ အချင်းချင်းလည်း တိုက်ပွဲတွေဖြစ် နေတတ်တဲ့ အာဖရိကမှာ နိုက်ဂျာက အာဏာသိမ်းမှုဟာ သိပ် အထူးအဆန်းကြီး မဟုတ်ဘူးလို့ ဆိုရမယ်။

ခုလို ဖြစ်ပြီဆိုရင် ထုံးစံအတိုင်း ဆိုင်ရာနိုင်ငံကြီးတွေ၊ အဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂက ကြေညာချက် တွေထုတ်ကြ၊ ကန့်ကွက်ကြပေါ့။ ကိုလိုနီဖြစ်ခဲ့ဖူးတဲ့ ပြင်သစ်က အာဏာသိမ်းမှုကို မထောက်ခံတဲ့ အ ကြောင်း၊ လက်ရှိသမ္မတကိုပဲ ထောက်ခံကြောင်း ပြောသလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး က လည်းအရင်သမ္မတကိုပဲအသိအမှတ်ပြုထောက် ခံ ကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ဖမ်းဆီးခံသမ္မတကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ တရားဝင် အစိုးရတစ်ခုကို အခြေခံဥပဒေနဲ့ မညီညွတ် တဲ့လုပ်ရပ်တွေ မလုပ်ဖို့ ပြောကြတယ်။

ဒါတွေက ဖြစ်ရိုးဖြစ်စဉ်တွေလို့ ပြောရမလိုတောင် ဖြစ်နေပြီ။ အာဖရိကနိုင်ငံတွေဟာ အာဏာသိမ်းမှု တွေ နဲ့ ယဉ်ပါး နေတာကြာပါပြီ။

အခု နိုင်ဂျာမှာ အာဏာသိမ်းမှု တည်မြဲသွားရင် အာဖရိကအနောက်ဘက် အတ္တလန္တိတ်ကမ်းခြေ က နေ ပင်လယ် နီ အထိ အာဖရိက ခါးပတ် belt တစ်ခုလုံးဟာ စစ်အာဏာရှင်အောက်က နိုင်ငံတွေ ဖြစ်သွားတော့မယ်။

ခု နိုင်ဂျာမှာ အာဏာမသိမ်းခင် အိမ်နီးချင်း ဘူကီနာဖာဆို နဲ့ မာလီမှာ အာဏာသိမ်းမှုတွေ ဖြစ်ခဲ့တယ်။ ဂီနီမှာ၊ ဂမ်ဘီယာမှာ၊ ချဒ်မှာ၊ဆူဒန်မှာ အာဏာသိမ်းမှုတွေ ဖြစ်ခဲ့တယ်။ ၂၀၂၁ ခုနှစ်အတွင်းအာဖရိက မှာ အာဏာသိမ်းမှုခြောက်ကြိမ်ဖြစ်ခဲ့ရာမှာ လေးကြိမ်အောင်မြင်ခဲ့တယ်။

နိုင်ဂျာက အခုအာဏာသိမ်းမှုဟာ ပြင်သစ်ဆီက ၁၉၆၀ လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်း ငါးကြိမ် မြောက်ဖြစ်တယ်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ် အက်ဗဒူရာမာနီ ချီယာနီက တိုင်းပြည်မှာ လုံခြုံမှုမရှိဘူး။ စီးပွား ရေးကျဆင်းနေပြီး အကျင့်ပျက် ခြစားမှုတွေ ထူပြောနေလို့ အာဏာသိမ်းရတာပါလို့ ဆိုတယ်။ အာ ဏာသိမ်းမှုကို ထောက်ခံတဲ့ပြည်သူတွေ ရှိသလို ကန့်ကွက်တဲ့ ပြည်သူတွေလည်း ရှိတယ်။

အာဏာသိမ်းပြီး နှစ်ရက်အကြာမှာတော့ စျေးတွေ၊ ကျောင်းတွေ ပြန်ဖွင့်ပြီး ပုံမှန်သွားလာနေကြတယ် လို့ သတင်းထဲမှာတွေ့ရတယ်။

ပြီးခဲ့တဲ့နှစ်က ဘူကီနာဖာဆို နဲ့ မာလီမှာ အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် အဲဒီနိုင်ငံတွေက အနောက် အုပ်စု နိုင်ငံတွေကို ဆန့်ကျင်ပြီး ရုရှားနဲ့ ပိုပြီး နီးစပ်သွားကြတယ်။ အခု အာဏာသိမ်းမှုကို ရုရှားကြေး စားတပ် ဝဂ္ဂနာကလည်းထောက်ခံတယ်။

“ နိုင်ဂျာက အခုဖြစ်ရပ်ဟာ နိုင်ဂျာပြည်သူတွေရဲ့ သူတို့ ကိုလိုနီတွေအပေါ် ဆန့်ကျင်တော်လှန်မှု တစ် ခုထက် ပိုမထူးဆန်းပါဘူး”လို့ ဝဂ္ဂနာခေါင်းဆောင် ပရီဂိုဇင်က ဆိုတယ်။ ရုရှားကြေးစား ဝဂ္ဂနာတပ် တွေ ဟာ အလယ်အာဖရိကနဲ့ မာလီမှာ ထောင်နဲ့ချီရှိပြီး စီးပွားရေး လုပ်ငန်းနဲ့ အကျိုးစီးပွါးတွေအများ ကြီးပိုင်ဆိုင်ထားတယ်။

နိုင်ဂျာအာဏာသိမ်းမှုဟာ အာဖရိကနိုင်ငံများရဲ့ အာဏာသိမ်းမှုတွေထဲက နောက်ဆုံးဖြစ်စဉ်တစ်ခု ပဲဖြစ်တယ်။

၂၀၂၂ခုနှစ်အတွင်း ဘူကီနာဖာဆိုမှာ အာဏာသိမ်းမှု နှစ်ကြိမ် နဲ့ ဂီနီဘစ်ဆော၊ ဂမ်ဘီယာ နဲ့ ဆောတို မီကျွန်းနိုင်ငံတွေမှာ မအောင်မြင်တဲ့အာဏာသိမ်းမှုတွေ ဖြစ်ခဲ့တယ်။

အာဏာသိမ်းတယ်ဆိုတာက လက်ရှိအာဏာရခေါင်းဆောင်တစ်ဦးဦးကို စစ်တပ် သို့မဟုတ် အရပ် သား ခေါင်းဆောင်တစ်ဦးဦးက တရားမဝင် သို့မဟုတ် ပြောင်ကျကျ ဖယ်ရှားဖို့ ကြိုးစားတာလို့ အဓိ ပ္ပါယ်ဖွင့်ဆိုကြတယ်။

နိုင်ငံရေးသုတေသီ ဂျိုနသန် ပါဝဲလ် နဲ့ ကလေတန်သိုင်း တို့ရဲ့ အဆိုအရ ၁၉၅၀ပြည့်လွန်နှစ် တွေက စပြီး ဒီနေ့အထိအာဖရိကမှာ အာဏာသိမ်းမှုပေါင်း ၂၀၀ကျော်ဖြစ်ပွါးခဲ့ပြီး ထက်ဝက်ကျော် အောင် မြင်ခဲ့တယ်လို့ဆိုတယ်။

တစ်ခါတရံမှာ အာဏာသိမ်းမှုမှာ ပါဝင်တဲ့သူတချို့က သူတို့ဟာ အာဏာသိမ်းတာ မဟုတ်ပါဘူးလို့ ငြင်းဆန်လေ့ရှိကြတယ်။

၂၀၁၇ခုနှစ်မှာ ဇင်ဘာဗွေမှာ ၃၇ နှစ်ကြာ အုပ်ချုပ်လာခဲ့တဲ့ ရောဘတ် မူဂါဘီကို စစ်ဗိုလ်ချုပ်ကြီး ဆီဗူ ဆီဆို မိုယိုက ဖြုတ်ချပြီး အာဏာသိမ်းလိုက်တော့ သူက ဒါဟာ အာဏာသိမ်းတာမဟုတ်ပါဘူးလို့ ရုပ် သံမှာ ငြင်းဆန်သွားခဲ့တယ်။

၂၀၂၁ခုနှစ်မှာ ချဒ်ခေါင်းဆောင် အီးဒရစ် ဒေဘီ ကွယ်လွန်တော့ စစ်တပ်က သူ့ရဲ့သားကို ကြား ဖြတ် သမ္မတအဖြစ်အသွင်ကူးပြောင်းရေး စစ်ကောင်စီမှာ ခန့်အပ်ခဲ့တယ်။ အတိုက်အခံတွေက ဒါကိုအရိုက် အရာခံအာဏာသိမ်းမှုလို့သမုတ်တယ်။

“ အာဏာသိမ်းခေါင်းဆောင်တိုင်းလိုလို ဆင်ခြေပေးတတ်ကြတာက သူတို့ရဲ့လုပ်ရပ်ဟာအာဏာသိမ်း တာ မဟုတ်ဘဲ တရားဝင်တယ်လို့ ဆိုတာပဲ” လို့ ဂျိုနသန်ပါဝဲလ်က မှတ်ချက်ပေးပါတယ်။

၁၉၆၀ နဲ့ ၂၀၀၀ ပြည့်နှစ်အတွင်း အာဖရိကမှာ တစ်နှစ်ပျမ်းမျှအာဏာသိမ်းမှု လေးကြိမ်ဖြစ် ပွါးတယ် လို့ သိရတယ်။

ပါဝဲလ်ရဲ့ အဆိုအရ ခုလိုအာဖရိကမှာ အာဏာသိမ်းမှုများပြားရတာဟာ အဆန်းတော့မဟုတ်ပါဘူးတဲ့။ နှစ်ပေါင်းများစွာ ကိုလိုနီ ပြုခံခဲ့ရပြီး လွတ်လပ်ရေးရလာတဲ့အချိန်မှာ မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်ရ တဲ့ အကျိုးဆက်တွေပါလို့ဆိုတယ်။

ဆင်းရဲမွဲတေခြင်း နဲ့ စီးပွါးရေးစွမ်းဆောင်ရည်ညံ့ဖျင်းခြင်းတွေဟာ အာဖရိကနိုင်ငံတွေမှာအာဏာ သိမ်းမှု ကိုဖြစ်စေတဲ့ တူညီတဲ့ အကြောင်းရင်းတွေလို့ ဆိုတယ်။
၂၀၂၂ခုနှစ်အတွင်း အာဖရိကမှာ အာဏာသိမ်းဖို့ကြိုးပမ်းအားထုတ်မှု ငါးကြိမ်ရှိခဲ့ရာမှာ နှစ်ကြိမ်သာ အောင်မြင်ခဲ့တယ်။

ကွာဇူးလူးနေတယ် တက္ကသိုလ်က ခရစ်တီယန်အေနီဆိုသူကတော့ အာဖရိကမှာ သက်တော်ရှည် အာ ဏာရှင်ခေါင်းဆောင်တွေကို လူထု အုံကြွဆန္ဒပြကြရာက နောက်ထပ်အာဏာသိမ်းမှု ထပ်ဖြစ်လာတာ မျိုးလည်း ကြုံရတယ်လို့ဆိုတယ်။

“လူထုအုံကြွဆန္ဒပြမှုတွေမှာ လူထုက တရားဝင်ဦးဆောင်တာဖြစ်ပေမယ့် နောက်ဆုံး အောင်မြင်ခြင်း မအောင်မြင်ခြင်းကို အဆုံးအဖြတ် ပေးသွားတာက စစ်တပ်ကပဲ ဖြစ်နေတတ်တယ်။”

အာဖရိကနိုင်ငံတွေအနက် အာဏာသိမ်းမှုအများဆုံးစံချိန်တင်ထားတဲ့နိုင်ငံဟာ ဆူဒန် ဖြစ်တယ်။ ဆူ ဒန်မှာအာဏာသိမ်းဖို့ ကြိုးပမ်းမှု ၁၆ ကြိမ်ရှိခဲ့ပြီး ၆ ကြိမ်အောင်မြင်ခဲ့တယ်။

ဆူဒန်ရဲ့ကာလရှည်ခေါင်းဆောင် အယ်လ်ဘာရှားဟာ ၁၉၈၉က သူကိုယ်တိုင် စစ်အာဏာသိမ်းပြီးအာ ဏာ ရယူခဲ့ပေမယ့် ၂၀၁၉ မှာ သူ့ကို စစ်တပ်ကပဲ တစ်ခါအာဏာပြန်သိမ်းခဲ့တယ်။

အနောက်အာဖရိက ဘာကီနာဖာဆိုမှာ အာဏာသိမ်းမှု ၉ ကြိမ်ဖြစ်ခဲ့ဖူးပြီး ရှစ်ကြိမ်အောင်မြင်ခဲ့တယ်။ နိုက်ဂျီးရီးယား၊ ဘူရွန်ဒီ၊ ဆီအာရာလီယွန် နဲ့ ဂါနာတို့မှာလည်း အာဏာသိမ်းမှုတွေ ဖြစ်ခဲ့ကြတယ်။

ခြုံပြီးပြောရရင် ၂၀၁၇ နောက်ပိုင်း တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အာဏာသိမ်းမှု (၁၇)ကြိမ်ဖြစ် ခဲ့ရာ မှာ ( ၂၀၂၁မြန်မာ ကလွဲလို့) အားလုံးဟာ အာဖရိကနိုင်ငံတွေမှာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

cwm/ref: Niger Coup: Are military takeovers on the rise in Africa ?



စစ်ပွဲဖြစ်လာမယ့်အခြေအနေများကြောင့် နိုင်ဂျာနိုင်ငံရှိ တပ်ဖွဲ့ဝင်များကို ပြန်လည်ကယ်ထုတ်သွား ဖို့ အမေရိကန်စစ်ဘက်စီစဉ်နေ

အမေရိကန်အစိုးရဟာ နိုင်ဂျာနိုင်ငံရှိ အမေရိကန် ဒရုန်း အခြေစိုက်စခန်းနှစ်ခုရှိ တပ်ဖွဲ့ဝင်များကို ပြန် ကယ်ထုတ်မှုတွေလုပ်ဆောင်သွားဖွယ်ရှိနေ ကြောင်း လေတပ်ဗိုလ်ချုပ် ဂျိန်းစ့်ဟတ်ကာကထုတ် ဖော်ပြောဆိုလိုက်ပါတယ်။

အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအဖွဲ့ ECOWAS အဖွဲ့ဝင်နိုင်ငံတွေဟာ အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ နိုင်ဂျာ စစ်အစိုးရကို ဖြုတ်ချဖို့ ရည်ရွယ်ပြီး စစ်ရေးကျူးကျော် တိုက်ခိုက်ဖို့ ပြင်ဆင်မှုများရှိလာချိန်မှာ အမေရိကန် အစိုး ရ က တပ်ဖွဲ့ဝင်တွေ ပြန်လည်ခေါ်ယူဖို့ စီစဉ်နေခြင်းဖြစ်ပါတယ်။ ဗိုလ်ချုပ်ဟတ်ကာက နိုင်ဂျာနိုင်ငံကနေ အမေ ရိ ကန် တပ်ဖွဲ့တွေ ပြန်ထွက်ခွာခြင်းဟာ သက်ရောက်မှုများ ဖြစ်လာဖွယ်ရှိနေ ကြောင်းပြောပါ တယ်။ နိုင်ဂျာနိုင်ငံမှာ ပြီးခဲ့တဲ့ လက အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်အစိုးရဟာ နိုင်ဂျာ စစ်အစိုးရအပေါ် ဆက်ဆံမှုများကို ရှောင် ရှား ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ဂျာမှာအာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပြင်သစ်နဲ့အနောက်အုပ်စုနိုင်ငံတွေဟာ အကူအညီ ပေး မှုများရပ် ဆိုင်းခဲ့ကြောင်း သိရပါတယ်။ အာဏာသိမ်းမှုမဖြစ်ပွားခင်က နိုင်ဂျာနိုင်ငံမှာ ပြင်သစ် တပ်ဖွဲ့ဝင် ၁၅၀၀ နဲ့ အမေရိ ကန်တပ်ဖွဲ့ဝင် ၁၀၀၀ ကျော်ရှိနေကြောင်းသိရပါတယ်။ ECOWAS အဖွဲ့ ဟာ နိုင်ဂျာစစ်အစိုးရကိုတိုက်ခိုက်ဖို့ ရက် သတ်မှတ်ချက်များ သဘောတူညီမှုရရှိခဲ့ပြီးဖြစ်ရာ မကြာခင် နိုင်ဂျာကို စစ် တိုက်ဖွယ်ရှိနေတယ်လို့ သတင်း တွေ ထွက်ပေါ်နေပါတယ်။ နိုင်ဂျာစစ်အစိုးရကတော့ စစ်ရေးနည်းလမ်းအသုံးပြုလာမယ်ဆိုရင် ဖမ်းဆီးထိန်းသိမ်းထား တဲ့ ဘာဇွန်ကို သတ်ပစ်မယ်လို့ပြီး ခဲ့တဲ့ရက်ပိုင်းမှာသတိ ပေးထားပါတယ်။

အာဖရိကသမ္မတကတော့ နိုင်ဂျာအပေါ် စစ်ရေးနည်းလမ်းအသုံးပြုမယ့် ECOWAS ရဲ့အစီအစဉ်ကို လိုလားလက် ခံခြင်း မရှိကြောင်းသိရပါတယ်။ နိုင်ဂျာကို စစ်ရေးနည်းလမ်းအသုံးပြုမယ့် ECOWAS ရဲ့အစီအစဉ်ကို ပြင်သစ် နိုင် ငံ ကထောက်ခံထားပေမယ့် အမေရိကန်အစိုးရကတော့ ငြင်းဆန်ခြင်းမ ရှိ သလိုထောက်ခံခြင်း လည်းမရှိကြောင်း သိ ရပါတယ်။


 

 Ref: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */