Tuesday, January 26, 2021

UPR မြန်မာဆွေးနွေးပွဲ လူနည်းစုဒေသလူ့အခွင့်အရေး နိုင်ငံတကာထောက်ပြ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
25 ဇန္နဝါရီ၊ 2021
ရှမ်းပြည်နယ်ရှိ ယာယီစစ်ရှောင်ဒုက္ခသည် စခန်းတခုမှာ တွေ့ရတဲ့ မြင်ကွင်း။ (ဇန်နဝါရီ ၁၃၊ ၂၀၁၉)
 
ဒီမိုကရေစီအသွင်ကူးပြောင်းပြီး အရပ်သားအစိုးရ တက်လာပေမယ့်လည်း မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အ ခြေအနေတွေ အထူးသဖြင့် လူနည်းစု လူမျိုးအခွင့်အရေးတွေနဲ့ပတ်သက်လို့ စိုးရိမ်စရာတွေ ရှိနေသေးတယ်လို့ နိုင်ငံတကာက ဝေဖန်ခဲ့ကြပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ နိုင်ငံအလိုက်လူ့အခွင့်အရေး အခြေ အနေ ပုံမှန်သုံးသပ်ဆွေးနွေးပွဲ UPR လုပ်ငန်းစဉ်မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဒီကနေ့ သုံး သပ်ဆွေးနွေးခဲ့ကြတာဖြစ်ပြီး နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေကိုလည်းတွေ့ရပါတယ်။

မြန်မာနိုင်ငံဘက်ကတော့ ရှေ့နေချုပ်ဦးထွန်းထွန်းဦး ဦးဆောင်တဲ့ အဖွဲ့က နေပြည်တော်ကနေတဆင့် အွန် လိုင်း ကနေ ဆွေးနွေးခဲ့ရာမှာ မြန်မာဝန်ကြီးဌာနတော်တော်များများက သက်ဆိုင်ရာဌာနအလိုက် လူ့အခွင့်အရေး ဦးစားပေးဆောင်ရွက်ချက်တွေကို ရှင်းလင်းခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အသီးသီးက ပြန်လည်ဆွေးနွေးရာမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး တိုးတက်ကောင်းမွန်အောင် ကြိုးပမ်းမှုကို အသိအမှတ်ပြုပေမယ့် စိုးရိမ်စရာအခြေအနေတွေကိုလည်း ထောက်ပြကြပါတယ်။ တိုက်ပွဲတွေရှိနေတဲ့ ချင်း၊ ကချင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်က အရပ်သားတွေ ရင်ဆိုင်ရတဲ့အခြေအနေတွေအပေါ် စိုးရိမ်တယ်လို့ ဗြိတိသျှ ကိုယ်စားလှယ်က ပြောခဲ့ပါတယ်။
SEE ALSO: ချင်း၊ ကချင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်က ပဋိပက္ခအခြေအနေအတွင်း အရပ် သားတွေ ထိခိုက်ခံစားရမှုတွေအတွက် စိုးရိမ်ပါတယ်လို့ ယူကေကိုယ်စားလှယ်က ပြောတာပါ။ ဒါ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုမှာ တာဝန်ရှိသေ တွေ ကို အရေးယူပေးဖို့ ပဋိပက္ခ နယ်မြေတွေကို လူသားချင်းစာနာကူညီမှုတွေ အပြည့်အဝပေးနိုင်ဖို့ လိုအပ် ချက်တွေကိုလည်း ေထောက်ပြပါ တယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲအတွင်း ပဋိပက္ခဒေသက ရိုဟင်ဂျာတွေ ဖယ်ကျဉ်ခံ ရတဲ့အခြေအနေအပေါ် စိုးရိမ် ချက်ကိုလည်း ပြောခဲ့ပါတယ်။ အမေရိကန်ကိုယ်စားလှယ်ဘက်ကလည်း ရိုဟင် ဂျာ လူနည်းစု အခွင့်အရေး တွေကို ကန့်သတ်ထားတဲ့ ဥပဒေတွေကို ပယ်ဖျက်ဖို့နဲ့ ပြီးခဲ့တဲ့လူ့အခွင့်အရေး ချိုး   ဖောက်မှုတွေမှာ ပါခဲ့တဲ့ လုံ ခြုံရေးတာဝန်ရှိသူတွေကို အရေးယူဖို့ လိုအပ်ချက်တွေကို ထောက်ပြခဲ့ပါတယ်။ မြန် မာနိုင်ငံရဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ဖို့ တိုက်တွန်းကြတာလည်း ရှိပါ တယ်။

ဒါ့အပြင် မြန်မာနိုင်ငံတွင်း လူကုန်ကူးမှု တားဆီးရေးကို ထိထိရောက်ရောက်ဆောင်ရွက်ဖို့ နိုင်ငံအတော်များ များက တိုက်တွန်းကြတာလည်းတွေ့ရပါတယ်။ မြန်မာတာဝန်ရှိသူတွေဘက်ကတော့ တိုင်းရင်းသားဒေသတွေက အခြေ အနေတွေနဲ့ ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ ဆောင်ရွက်ချက်တွေကို ပြန်လည်တုံ့ပြန်ဖြေရှင်းတာ တွေ့ရပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် အချက်အလက်ခိုင်ခိုင်မာမာနဲ့ တိုင်ကြားလာရင် တုံ့ပြန် ကိုင်တွယ်ခဲ့သလို လုံခြုံရေးတာဝန်ရှိသူတွေ အပြစ်ကျူးလွန်မှုအပေါ်မှာလည်း ခုံရုံးဖွဲ့အရေးယူတာတွေရှိခဲ့ပါ တယ်လို့ ပြောပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတော့ မြန်မာအစိုးရက လက်ခံသုံးနှုန်းတာ မရှိပါဘူး။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */