ရက်စွဲ့၊ ၁၀ ဒီဇင်္ဘာလ ၂၀၂၀
Burma Human Rights Networkမှ ဦးကျော်ဝင်းနှင့် ဆက်သွယ်မေးမြန်းချက်
Burma Human Rights Network က Digital Hate ဆိုသော အမည် ဖြင့် အစီရင်ခံစာတစ်စောင်ကို ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့တွင် ထုတ် ဝေလိုက်ပြီး ယင်းအစီရင်ခံစာတွင် ရိုဟင်ဂျာများနှင့် မွတ်စလင်များကို ဓား စာခံအဖြစ် အသုံးပြု၍ အမုန်းစကား ဖြန့်ဝေမှု အခြေအနေများကို အသေးစိတ်တင်ပြထားသည်။ ရန်ကုန်ခေတ် သစ်သတင်းဌာနက Burma Human Rights Networkမှ ဦးကျော်ဝင်းကို ဆက်သွယ်မေး မြန်းထားပါသည်။
မေး။ ။ Burma Human Right Network (BHRN) က အမုန်းစကားနဲ့ သက်ဆိုင်တဲ့ Report ကို ထုတ်ပြန် လိုက် တော့ အဓိက Report ရဲ့ ရည်ရွယ်ချက်က ဘာပါလဲ။
ဖြေ ။ ။ မြန်မာနိုင်ငံ မှာ အမုန်းစကားတွေ ဘယ်လာက်ရှိနေလဲ ဒီအမုန်းစကားတွေက ဘယ်ကို ဦးတည်နေ တယ်။ ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်တယ်ဆိုတာကို ပြည်တွင်းရော နိုင်ငံတကာကပါ သိရှိနားလည်လာစေ ဖို့ ရည်ရွယ်ခြင်းဖြစ်ပါတယ်။
မေး။ ။ ဒီ Hate Speech Report ကို ဘယ်လိုနည်းနာတွေအသုံးပြုပြီး လေ့လာစောင့်ကြည့်ခဲ့လဲ။
ဖြေ။ ။ ဒီအစီရင်ခံစာအတွက် “ BHRN ” Hate Speech Monitoring Team အနေနဲ့ Hate Speech စောင့် ကြည့် လေ့လာသုံးသပ်ရာမှာ အဓိကထားစောင့်ကြည့်လေ့လာခဲ့တာက မြန်မာနိုင်ငံသားမွတ်စလင်တွေနဲ့ ပက် သက်ပြီး သတင်းအတုသတင်းအမှားတွေ၊ လုပ်ကြံတိုက်ခိုက်ရေးသားတာတွေနဲ့ အမုန်းစကားများရေးသား ပြောဆိုလှုံ့ ဆော်မှုတွေကို စောင့်ကြည့်လေ့လာသုံးသပ် မှတ်တမ်းပြုစုတာ ဖြစ်ပါတယ်။
ကျွန်တော်တို့“ BHRN ” Hate Speech Monitoring Team အနေနဲ့ ( အွန်လိုင်းကို အသုံးပြုပြီး အမုန်းစကား အများဆုံး ရေးသားခဲ့သူတွေရဲ့ အကောင့်တွေ၊ စာမျက်တွေကို အဓိကထား စောင့်ကြည့်ခဲ့သည်။ စောင့်ကြည့် လူပုဂ္ဂိုလ်တွေ၊ Group နဲ့ Page တွေမှာ ရေးသား ပြောဆိုကြတဲ့ Hate Speech ၊ Fake News ၊ Rumor ၊ Disinformation ၊ Misinformation ၊ Call to action တွေကို စောင့်ကြည့်လေ့လာသိမ်းဆည်းမှတ် တမ်းတင် ခြင်းများပြုလုပ်ခဲ့ ပါတယ်။
အဲလိုပြုစုရာမှာ “ BHRN ” Hate Speech Monitoring Team ရဲ့ အသုံးပြုတဲ့နည်းလမ်းမှာ Hate Speech တစ်ခုရဲ့ ဖြစ်တည်လာနိုင်တဲ့ ဆိုးကျိုးတွေ ၊ဒီ Hate Speech ကိုနှစ်သက်သူပမာဏ ၊ အဲဒီ့ Hate Speech ကိုတဆင့်ပြန်လည်မျှဝေသူပမာဏအားကောင်းခြင်း၊ Hate Speech ရေးသားသူရဲ့ လူထုအပေါ်လွှမ်းမိုးနိုင်စွမ်း စတာတွေကို ထည့်သွင်းစဉ်းစားလေ့လာသုံးသပ်ပြီး အမုန်းစကား သတင်းအမှားတွေကို စောင့်ကြည့်သိမ်း ဆည်း တာနဲ့ သုံးသပ်တာတွေ ကိုလုပ်ဆောင်ခဲ့ပါတယ်။
မေး။ ။ အွန်လိုင်းပေါ်ကနေ Hate Speech စာင့်ကြည့်လေ့လာရာမှာ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ခဲ့ရလဲ။ အွန်လိုင်းပေါ်တွင် အမုန်းစကားဖြန့်ချိမှုက ဘယ်လိုပုံစံနဲ့ လုပ်ဆောင်နေတာမြင်ရလဲ။
ဖြေ။ ။အမုန်းစကား ဖြန့်ချိတဲ့ အကောင့်များ ပေ့စ်များအား Facebook က ဖြုတ်ချခြင်းကြောင့် အမုန်းစကားဖြန့် ချိသူများသည် အကြောင်းအရာတစ်ခုကို အကောင့်ပေါင်းများစွာမှ တပြိုင်နက်တည်းတင်သော စနစ်ကိုပြောင်း လဲ လုပ်ဆောင်လာကြတယ်။
ဒါက စောင့်ကြည့်သူများ၊ Reportတင်သူများအတွက် အမုန်းစကားဖြန့်ချိနေမှုအား တားဆီးရန် အခက်အခဲ တစ် ခုဖြစ်နေတယ်။ ရွေးကောက်ပွဲအကြိုကာလတွင် တပ်မတော်နှင့်အပေါင်းအပါပါတီများနှင့် အမျိုးသားရေး အင်အားစု များမှ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ေ အာင်ဆန်းစုကြည်အား လူထုထောက်ခံမှုလျှော့ကျစေရန် နည်းလမ်းပေါင်းစုံဖြင့် ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ် ရာတွင် ယခင်ပြုလုပ် အောင်မြင်ခဲ့သည့်နည်းအတိုင်း ရိုဟင်ဂျာနှင့် မွတ်စလင်များအားသာ ဓါးစာခံအဖြစ် အ သုံးချတိုက်ခိုက်သည့် ဇာတ်လမ်းများသည်သာ အများစုဖြစ်သည်။
မေး။ ။ လက်ရှိ ရွေးကောက်ပွဲမဲဆွယ်ကာလမှာ ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်တွေကို အားရမှုရှိ ပါသလား။
ဖြေ။ ။ ရွေးကောက်ပွဲကော်မရှင်အား စောင့်ကြည့်လေ့လာမှုများအရ ရွေးကောက်ပွဲကော်မရှင်သည် လူမျိုးရေး၊ ဘာသာရေးအကြောင်းပြု၍ အမုန်းစကားဖြန့်ချိနေမှုများအား အရေးယူမှုလုံးဝမရှိပေ။
ထိုမျှသာမက ရွေးကောက်ပွဲကော်မရှင်ကိုယ်တိုင်သည်ပင်လျှင် လူမျိုးရေး၊ဘာသာရေးခွဲခြားမှုများ ပြုလုပ်နေေ ကြာင်း တွေ့ရှိရပြီး နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်မှလည်း ရွေးကောက်ပွဲတွင် မဲပေးကြရန် စည်းရုံးလှုံဆော်ရာတွင် နိုင်ငံသားများအကြား ဝိဝါဒကွဲပြားစေသော လူနည်းစုအစ္စလာမ်နှင့် ဟိန္ဒူမျိုးနွယ်စုများ အား ခွဲခြားချန်လှပ်ထားသည့် စကားအသုံးအနှုန်း “တိုင်းရင်းသားမိဘနှစ်ပါးက မွေးဖွားလာသူများ တိုင်းပြည် ကံကြမ္မာအား အဆုံးအဖြတ်ပေးရန်” ဟု အစွန်းရောက်အမျိုးသားရေး လှုပ်ရှားသူများ၏ အစွန်းရောက် မျိုး ချစ်အတွေးအခါ်ဖြစ်သည့် လူနည်းစုများအား ဖယ်ထုတ်ထားသည့် စကားလုံးများအား တရားဝင်သုံးစွဲခဲ့သည်။ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူ့အစုအဝေးမှာ မဲပေးခွင့်စာရင်းတွင် ပါဝင်နေခြင်းမရှိဘူး။
မေး။ ။ အမုန်းစကားဖြန့်ချိမှုတွေကို အစိုးရကရော အရေးယူမှု ဘယ်လိုပုံစံရှိနေပါသလဲ။
ဖြေ။ ။ NLD အစိုးရရဲ့ ၅ နှစ်တာသက်တမ်းအတွင်းတွင် အမုန်းစကားပြောလို့ အရေးယူခဲ့တာမျိုးမတွေ့ရဘူး လွတ်လပ်စွာပြောဆိုခွင့်ကို အထူးကန့်သတ်လာတာပဲတွေ့ရတယ် အစိုးရကို ဝေဖန်တာမျိုး၊ ဆန္ဒထုတ်ဖော် တာတွေကိုပဲ တောက်လျှောက် အရေးယူနေတာ တွေ့ရတယ်။
မေး။ ။ ရွေးကောက်ပွဲမကျင်းပတဲ့ ဒေသတွေနဲ့ ပတ်သက်လို့ ပြောချင်တာဘာများရှိမလဲ။
ဖြေ။ ။ဒီမိုကရေစီနဲ့လူ့အခွင့်အရေးချိုးဖောက်ရာရောက်တယ်လို့ မြင်ပါတယ်။ ဒီလိုကန့်သတ်တာ လုံးဝမှားယွင်း တဲ့ ကိစ္စဖြစ်တယ်။
မေး။ ။ အမုန်းစကားတွေရဲ့ နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်လဲ။
ဖြေ။ ။ ၂၀၂၀ နိုဝင်ဘာ ၈ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲကာလ နီးလာချိန်တွင်လည်း အစ္စလာမ်ဘာ သာဝင် များနှင့် ပတ်သက်၍ အမုန်းစကားများ၊ သတင်းမှားများနှင့် ကောလဟာလမျိုးစုံ ဖြန့်ချိလာသည်ကို လေ့လာတွေ့ရှိရသည်။
သက်ဆိုင်ရာအာဏာရှိသူများမှာ ရွေးကောက်ပွဲ ဥပဒေချိုးဖောက်မှုများအတွက် အရေးယူကိုင် တွယ်မှုများရှိ သော်လည်း မွတ်စလင်များနှင့်ပတ်သက်သော အမုန်းစကားများ၊ လုပ်ကြံဖန်တီး ထားသော ဇာတ်ကြောင်းများ အွန်လိုင်းနှင့်မြေပြင်တွင် ဖြန့်ဝေနေမှုများအား လျစ်လျူရှုထားမြဲ လျစ်လျူရှု ထားသည်ကို တွေ့ရှိရသည်။
၂၀၂၀ အောက်တိုဘာ ၂၇ ရက်နေ့ညတွင် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်တို့တွင် ဗုဒ္ဓဘာသာအမျိုးသမီးနှင့် မွတ်စလင်အမျိုးသား အိမ်ထောင်ပြုကြရာမှ လူမျိုခံရသော မြို့၊ရွာ၊နိုင်ငံများအကြောင်း လုပ်ကြံဇာတ်ကြောင်း များ ဖန်းတီးထားသော စာရွက်များ ဖြန့်ဝေခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယခုကဲ့သို့ ရွေးကောက်ပွဲကာလများတွင် မွတ်စလင်ဆန့်ကျင်ရေးများ လူထုကြား ဖြန့်ဝေမှုများသည် ရွေး ကောက်ပွဲပြီးဆုံးသွားသော်လည်း အမုန်းတရားများ၊ မွတ်စလင်များအပေါ် သံသယများနှင့် မယုံကြည်မှုများမှာ ဆက်လက်ကျန်ရှိနေသည်။ ယင်းကဲ့သို့ မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုများအား လက်ရှိအစိုးရသက် တမ်း တွင်လည်း တစ်ကြိမ်တစ်ခါမှ အပြစ်ပေး အရေးယူခဲ့ခြင်းမရှိခဲ့ပေ။
လူထုရွေးချယ်ထားသော အစိုးရမှ အရေးယူဆောင်ရွက်ဖူးခြင်းမရှိသောကြောင့် ပြည်သူလူထုမှာ မွတ်စလင် များအား ပိုမိုထင်ယောင်ထင်မှား ဖြစ်လာနေသည်။ တပ်မတော်နှင့် နီးစပ်သူများ၊ မျိုးချစ်ဝါဒီများမှ လုပ်ရိုးလုပ် စဉ်အတိုင်း ကောလဟလများလွှင့်ထုတ်၍ ပဋိပက္ခအသွင်ဖန်တီးပြီး အကြမ်းဖက်မှုများလည်း အချိန်မရွေး ပြုလုပ်လာနိုင်သည်။
မေး။ ။ ကိုယ်စားလှယ်လောင်းစာရင်းကနေ ပယ်ဖျက်ခံရသည့် မွတ်စလင် အမတ်လောင်းတွေနဲ့ ပတ်သက်လို့ ဘာမှတ်ချက်ပေးချင်လဲ။
ဖြေ။ ။ ၁၉၅၆ နောက်ပိုင်းတွင် တနိုင်ငံလုံးရှိ မည့်သည့်လူမျိုး ဘာသာကိုမဆို အမတ ကဒ်များ ထုတ်ပေး ခဲ့ သော်လည်း မွတ်စလင်နှင့် ဟိန္ဒူများမှာ တိုင်းရင်းသားစာရင်းမှ ပယ်ဖျက်ခံခဲ့ရသည့်အတွက် ၁၉၉၀ခုနှစ်နှင့် နောက်ပိုင်း နိုင်ငံသားစိစစ်ရေးကဒ်ပြားလဲလှယ်ချိန်မတိုင်မှီ အသက်သေဆုံးခဲ့သူများအား နိုင်ငံသားအဖြစ် အ ကျုံးဝင်ခြင်းမရှိပေ။
ထို့ကြောင့် ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်ခဲ့ကြသည့် အမတ ကိုင်ဆောင်ရင်း ကွယ်လွန်သေဆုံးခဲ့ ကြသည့် အစ္စလာမ်ဘာသာဝင်များ၏ သားသမီးများမှာ နိုင်ငံသားစိစစ်ရေးကဒ်ပြားရှိ၍ ဥပဒေအရရွေးခြယ် ခံ ပိုင်ခွင့် ရှိကြသော်လည်း မွေးဖွားစဉ်က မိဘတပါးပါးဖြစ်စေ၊ နှစ်ပါးလုံးဖြစ်စေ နိုင်ငံသား ဖြစ်ရမည် ဟုသော ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ ပုဒ်မခွဲ (င)၊ ၈(ခ)အရ ရွေးကောက်ပွဲကော်မရှင်မှ ပယ်ချခြင်းခံနေကြရသည်။
မိဘ ဘိုးဘွားအဆက်ဆက်က မြန်မာနိုင်ငံမှာမွေး မြန်မာနိုင်ငံသားအဖြစ်နဲ့ မြန်မာနိုင်ငံမှာနေပြီး မြန်မာနိုင်ငံမှာ သေခဲ့ကြပေမယ့် သူတို့မျိုးဆက်များကို အခုလို မတရားတဲ့ ဥပဒေများပြဠာန်းပြီး ခွဲခြားကန့်သတ်မှုများမှာ ရုပ် ပျက်လွန်းပြီး နိုင်ငံတကာဥပဒေများနှင့်လည်း ဆန့်ကျင်နေသည်။ ထို့အပြင် နုအက်တလီ စာချူပ်တွင် အပိုဒ်၃ မှာပါဝင်တဲ့အချက်အလက်အရ သဘောတူညီထားပြီးဖြစ်သော နိုင်ငံသားဖြစ်တည်မှုများကို ပြောင် ပြောင် တင်း တင်းချိုးဖောက်မှုလည်းဖြစ်သည်။ အစိုးရအနေနှင့် တာဝန်ယူမှုရှိဖို့လိုကြောင်း ပြောကြားလိုပါတယ်။
FB.
No comments:
Post a Comment