ဗွီအိုအေ (မြန်မာဌာန)
05 မေ၊ 2020
အင်ကြင်းနိုင်
05 မေ၊ 2020
အင်ကြင်းနိုင်
DVB သတင်းဌာန ရုံးခန်းတနေရာ (ဓါတ်ပုံ - CPJ/Shawn Crispin)
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရ အနေနဲ့ ဒီမိုကရေစီ စနစ် ဖေါ်ဆောင်မယ်ဆိုတဲ့ ပေးထားတဲ့ကတိအတိုင်း အခြေခံအချက်ဖြစ်တဲ့ သတင်း လွတ်လပ်ခွင့် အပြည့် အဝလုပ် ဆောင်ပေးဖို့ နယူးရောက်အခြေစိုက် CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ ကြီး က မနေ့ တနင်္လာနေ့က တိုက်တွန်းလိုက်ပါတယ်။
မေလ (၃)ရက် နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နေ့ နဲ့ ပတ်သက်လို့မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် အခြေအနေ အရမ်းကို ကျဆင်းလာနေတဲ့အကြောင်း ကိုယ်တိုင်တွေ့ကြုံရတဲ့ မြန်မာသတင်းသမား တချို့ ကိုဗွီအိုအေ က မေးမြန်းခွင့်ရခဲ့ပါတယ်။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။
တနင်္ဂနွေနေ့က ကျရောက်ခဲ့တဲ့ နိုင်ငံတကာသတင်းလွတ်လပ်ခွင့်နေ့မှာ မြန်မာစာနယ်ဇင်း သမားတွေနဲ့ အ တူ သတင်းလွတ်လပ်ခွင့်တိုက်ပွဲအတွက် တညီတညွတ်တည်း ရပ်တည်နေကြောင်း CPJ အာရှဒေသဆိုင် ရာ တာဝန်ခံ Steven Butler က ဗွီအိုအေကို ပြောပါတယ်။
" မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်အတွက် မြန်မာ သတင်းသမားတွေနဲ့ ကျနော်တို့ တညီတညွတ်တည်း ရပ်တည်နေပါတယ်။ လွန်ခဲ့တဲ့ နှစ်အတန်ကြာက မြန်မာဒီမိုကရေစီရေးအတွက် ကတိပေးခဲ့တဲ့အတိုင်း အ ရပ်သားအစိုးရအနေနဲ့ အကောင်အထည်ဖေါ် ဖို့ CPJ အနေနဲ့ တောင်းဆိုပါတယ်။လွန်ခဲ့တဲ့ နှစ်အနည်း ငယ် ကဆိုရင် ဒီမိုကရေစီနည်းလမ်းနဲ့ ရွေးကောက်တင်မြှောက်ခံရတဲ့ အစိုးရအနေနဲ့ သတင်းလွတ်လပ်ခွင့်ရှိဖို့ ဦးဆောင်လိမ့်မယ်လို့ မျှော်လင့်ချက် အများကြီးရှိခဲ့တာပါ။ ဒါပေမဲ့ အဲဒီလို ဖြစ်မလာခဲ့ပါဘူး။ ဒါကြောင့် မြန် မာ အရပ်သားအစိုးရရော၊ စစ်တပ်ကပါ ဝင်မပါပဲ သတင်းသမားတွေ ကို သူတို့အလုပ်သူတို့ လုပ်ဖို့ ခွင့်ပြု လိမ့် မယ်လို့ ကျနော်တို့ အမှန်တကယ်ပဲ မျှော်လင့်ပါတယ်။"
လက်ရှိ မြန်မာနိုင်ငံမှာ သတင်း အင်တာနက် ဝက်ဘ်ဆိုဒ်တွေကို ပိတ်ပစ်တာ၊ ဆက်သွယ်မေးမြန်းတဲ့အ တွက် သတင်းအယ်ဒီတာတွေကို ဖမ်းဆီးအရေးယူတာ စတဲ့ သတင်းလွတ်လပ်ခွင့်အပေါ် ပြင်းပြင်းထန်ထန် ဖိအားပေးမှုတွေ ဆက်ပြီးရှိနေဆဲဖြစ်တယ်လို့ Steven Butler ကဆိုပါတယ်။
ပြီးခဲ့တဲ့ သတင်းပတ်တွေအတွင်းကဆိုရင်လည်း မန္တလေးအခြေစိုက် VOM သတင်းဌာန အယ်ဒီတာချုပ် ဦးနေမျိုးလင်းကို AA ရခိုင်လက်နက်ကိုင်အဖွဲ့က တာဝန်ရှိသူတဦးနဲ့ ဆက်သွယ်မေးမြန်းခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်ဥပဒေပုဒ်မနဲ့ စွဲချက်တင်ခဲ့တာပါ။ ဒါပေမယ့် တရားရုံးက လက်မခံပယ် ချခဲ့တဲ့အတွက်သာ အချုပ်ကနေ လွတ်မြောက်လာတဲ့ ဦးနေမျိုးလင်းက သတင်းသမားတဦးအနေနဲ့ ကြုံခဲ့ရ တဲ့ တုန်လှုပ်ဖွယ် အခြေအနေကို ဗွီအိုအေကို အခုလို ပြောပါတယ်။
"အခုလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်မေးမြန်းတာကို အကြမ်းဖက် ဥပဒေ ပုဒ် မနဲ့ စွဲတာ၊ တသက်တကျွန်းလောက်ထိ ချနိုင်တဲ့ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ပေးနိုင်တဲ့ ပုဒ်မတွေနဲ့စွဲ တာ က တော်တော်ကို တုန်လှုပ်စရာဖြစ်နေပါတယ်။ ဘာကြောင့်ဖြစ်လဲဆိုတော့ ကျနော်တို့နိုင်ငံမှာ RTI လို့ခေါ် တဲ့ Right to Information law သတင်းအချက်အလက် ရယူခွင့်ဆိုင်ရာ ဥပဒေ ကျကျနနမရှိသေးဘူး။ ဘာမှ ကို မရှိသေးတော့ ဘယ်သူ့ကို ဆက်သွယ်ရင် ဘယ်ပုဒ်မနဲ့ ညိတယ်ဆိုတာ တိတိလင်းလင်း မပြောနိုင်တော့၊ သမ္မတရုံး ပြောခွင့်ရှိသူ ဦးဇော်ဌေးကိုယ်တိုင် ကိုက ဒါကို ထပ်ပြီးဆွေးနွေးရအုံးမယ်၊ ဒါပေမဲ့ ဒီလိုဆက်သွယ် ရင် တည်ဆဲဥပဒေနဲ့ သတင်းထောက်တွေက ငြိတယ်ဆိုတဲ့ ပုံစံမျိုး ပြောထားတော့ တော်တော်ကို စိုးရိမ်စရာကောင်းတဲ့ အနေအထားပါ။"
ဒါအပြင် မြန်မာနိုင်ငံမှာ သတင်းရယူခွင့် နဲ့ ပတ်သက်တာ၊ သတင်းသမားတွေကို အကာအကွယ် ပေးတာ စတဲ့ ဥပဒေတွေကို အသေအချာ ပြဌာန်းသင့်ကြောင်း၊ မြန်မာသတင်းကောင်စီ လို အဖွဲ့အနေနဲ့ တကယ့်ကို လွတ်လပ်တဲ့ အဖွဲ့အစည်းမျိုး ဖြစ်သင့်ကြောင်း၊ ပုဂ္ဂလိက သတင်းအေဂျင်စီတွေရဲ့ အခန်းကဏ္ဍကို ပိုပြီး တိုးချဲ့ပေးသင့်ကြောင်း ဦးနေမျိုးလင်းက ပြောပါတယ်။
ကမ္ဘာ့ ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အရေးပေါ်အခြေအနေကာလမှာ ဆိုရင် သတင်းသမားတွေအ တွက် ရောဂါဆိုင်ရာ သတင်းတွေယူရေးမှာ အခက်အခဲအလွန်ရှိနေသလို၊ သက်ဆိုင်ရာ ဝန်ကြီးဌာနဘက် က သတင်းထုတ်ပြန်ချက်တွေအတွက် အတည်ပြု ဖြေကြားမယ့် သူ မရှိတဲ့ အခြေအနေကလည်း အတော် လေး ဆိုးကြောင်း ပြည်တွင်း ဗွီဒီယိုသတင်းထောက် ကိုစည်သူက ဗွီအိုအေကို ပြောပါတယ်။
" လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲကတော့ ကျနော်တို့ COVID-19 နဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံမှာ ဆက်သွယ်မေးမြန်းရမယ့် ပုဂ္ဂိုလ်တွေက နည်းနည်း ခက်နေတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် ကိုပဲ ပြန်တင် နေရတာမျိုးရှိတာ တွေ့ရတာပေါ့လေ။ သူတို့ကို ဆက်သွယ်တဲ့အခါမှာလည်း ခက်ခဲပါတယ်။ ပြီးတော့ ဝန်ကြီးဌာနတွေဘက်က ထုတ်ပြန်ချက်တွေ မှာလည်း အားနည်းတာမျိုးတွေ တွေ့ရပါတယ်။ သတင်းထောက်တွေအနေနဲ့ လက်ရှိအခြေအနေမှာ အပြင်လည်း မထွက်ရဘူး။ ဖုန်းနဲ့ပဲ ဆက်သွယ်အ တည်ပုပြီး မေးရတဲ့အချိန်မှာ တော်တော်လည်း ခက်ခဲနေပါတယ်။"
ပြင်သစ်အခြေစိုက် RSF နည်းစည်းမခြားသတင်းထောက်များအဖွဲ့က မေလ (၄)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် တဲ့ ကြေ ညာချက်မှာ ပဋိပက္ခတွေထဲက စာနယ်ဇင်းတွေရဲ့ အခြေအနေ အကြောင်း သူတို့ ပြုလုပ်တဲ့ ဗွီဒီယို ကွန်ဖရင့်အစည်း အဝေးကို ဖေါ်ပြထားပြီး စာနယ်ဇင်းလောကကို အကာအကွယ်မပေးနိုင်ဘူးဆိုရင် အခြေခံ လူ့အခွင့်အရေးဖြစ်တဲ့ လွတ်လပ်ခွင့်ဆိုတဲ့ ဆုံးရှုံးမှုကို ပေးဆပ်ရလိမ့်မယ်ဆိုတဲ့အကြောင်း သတိပေးထား ပါတယ်။
ဧပြီလနှောင်းပိုင်းက ထုတ်ပြန်တဲ့ RSF အဖွဲ့ရဲ့ ၂၀၂၀ ပြည့် အစီရင်ခံစာအရဆိုရင် နိုင်ငံပေါင်း ၁၈၀ ထဲမှာ မြန်မာ နိုင်ငံအဆင့်ကို ၁၃၉ အဖြစ် ဖေါ်ပြထားပါတယ်။ ဒါဟာ ၂၀၁၉ ခုနှစ်က အဆင့် ၁၃၈ ကနေ တဆင့် ထပ်မံ ကျဆင်းသွားတာဖြစ်ပါတယ်။

Link : Here
No comments:
Post a Comment