Wednesday, December 18, 2019

မလေးရှား မွတ်ဆလင် ထိပ်သီးအစည်းအဝေး Uighur အရေး ပါဖွယ်မရှိပေမယ့် ရိုဟင်ဂျာအရေး ပါဖွယ်ရှိ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
18 ဒီဇင်ဘာ၊ 2019
ရိုဟင်ဂျာဒုက္ခသည်များ

မလေးရှားနိုင်ငံက ဒီသီတင်းပတ်အတွင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် မွတ်ဆလင်ခေါင်းဆောင်တွေရဲ့ ထိပ် သီးအစည်း အဝေးတခုအတွင်း တရုတ်နိုင်ငံ၊ ရှင်ကျန်းဒေသက Uighur မွတ်ဆလင်တွေနဲ့ပတ်သက်ပြီး တင်းတင်းမာမာ ပြောဆိုဖွယ်မရှိပေ မယ့် မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်ဆလင်တွေအရေးနဲ့ ပတ်သက် လို့ တော့ ပြစ်တင်ရှုတ်ချဖွယ်ရှိတယ်လို့ AFP သတင်းတပုဒ်မှာ ရေးထားပါတယ်။ မြန်မာအစိုးရ ကိုယ်တိုင်က တော့ ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကို အသိအမှတ်မပြုပါဘူး။

တရုတ်နိုင်ငံနဲ့ လုပ်ဆောင်နေတဲ့ အရေးပါတဲ့ စီးပွားရေးပိုင်းဆက်ဆံမှုတွေအပေါ် ထိခိုက်မှာ စိုးရိမ်တဲ့အ တွက် ထိပ်သီး အစည်းအဝေး တက်ရောက်တဲ့ခေါင်းဆောင်တွေဟာ Uighur မွတ်ဆလင်တွေ အရေးနဲ့ပတ် သက်ပြီး သိပ်တင်းတင်းမာမာ ပြောဆို ဖွယ်မရှိတာလို့ လေ့လာသူတွေက ယူဆကြောင်း သတင်းမှာရေး ထားပါတယ်။

မွတ်ဆလင်တွေ ရင်ဆိုင်နေရတဲ့ အခြေအနေပေါင်းများစွာကို ဆွေးနွေးမယ့် သုံးရက်ကြာ ထိပ်သီးအစည်း အဝေးကို အီရန်၊ တူရကီနဲ့ ကာတာနိုင်ငံတွေက ခေါင်းဆောင်တွေအပါအဝင် ကိုယ်စားလှယ် ရာပေါင်းများ စွာ တက်ရောက်ဖို့ရှိပါတယ်။

Uighur မွတ်ဆလင် လူနည်းစုတွေအပေါ် တရုတ်အစိုးရရဲ့ ပြုမူဆက်ဆံပုံနဲ့ပတ်သက်ပြီး အစ္စလာမ်မစ်နိုင် ငံတွေက ခေါင်းဆောင် တွေ အများအားဖြင့် ဘာမှမပြောဘဲ ရှောင်နေတဲ့အပေါ် ဝေဖန်ခံနေရချိန်မှာပဲ အခု ထိပ်သီးအစည်းအဝေးကို ကျင်းပမှာပါ။

ဒီထိပ်သီးအစည်းအဝေး ဖြစ်မြောက်ဖို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်ဒ်က တွန်းအားပေး လုပ်ဆောင်လာတာဖြစ်ပါ တယ်။ ဒါပေမယ့်လည်း ထိပ်တန်း မွတ်ဆလင်နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီ အာရေး ဘီးယားနိုင်ငံက အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မှာမဟုတ်သလို ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် Imran Khan ကလည်း သူတက်ရောက်မယ့်အစီအစဉ်ကို ဖျက်သိမ်း ထားပါတယ်။

 
Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */