VOA
29 နိုဝင်ဘာ၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
29 နိုဝင်ဘာ၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
Bhasan Char ကျွန်း
ဘင်္ဂလားဒေ့ရှ်ရောက် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘာရှန်ချာကျွန်းမှာ ပြောင်းရွှေ့နေရာ ချ ထားမယ့် အစီအစဉ်ကို လေ့လာအကဲခတ်လိုကြောင်း ကုလသမဂ္ဂ အဆင့်မြင့်အရာရှိတယောက်က ပြောဆို လိုက်ပါတယ်။ ပြောင်းရွှေ့မယ့် အစီအစဉ်အပေါ် လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်နေချိန်မှာပဲ အကဲခတ် ခွင့်ပြုဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ဒုတိယ ကော်မရှင်နာမင်းကြီး Kelly Clements က ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေကို မနေ့တုန်းက ပြောဆိုလိုက်တာပါ။အစီအစဉ်နဲ့ ပတ်သက်လို့ ပိုမိုသိရှိလိုကြောင်းနဲ့ လတ်တလော ဆောင်ရွက်ထားတဲ့ အစီအမံတွေကို ကုလ သမဂ္ဂက ကျွမ်းကျင်သူတွေ လေ့လာခွင့်ပြုဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရကို ကမ်းလှမ်းထားကြောင်းလည်း ဒါကာမြို့တော်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ လတ်တလော Cox’s Bazaar ဒေသက ဒုက္ခသည်စခန်းတွေမှာ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ စုပြုံနေတဲ့အတွက် ကျန်းမာရေး၊ လုံခြုံရေး စိုးရိမ်မှုတွေကြောင့် ခန့်မှန်းချေ ဒုက္ခသည်တသိန်း လောက်ကို ဘာရှန်ချာကျွန်းမှာ ပြောင်းရွှေ့ နေရာချထားဖို့ စီစဉ်နေတာပါ။ ဒါပေမဲ့လည်း မုန်တိုင်းသင့်နိုင်တဲ့ အန္တရာယ်ရှိတဲ့ကျွန်းကို ပြောင်းရွှေ့မယ့် အစီအစဉ်အပေါ် လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေ၊ အကူအညီ ပေးရေး အဖွဲ့အစည်းတွေက စိုးရိမ်မကင်းတဲ့ သဘောထားတွေကို ပြောဆိုထားကြပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရက ဒုက္ခသည်တွေ နေရပ်ရင်း ပြန်ပို့ရေး မြန်မာအစိုးရနဲ့ နားလည်မှု စာချွန်လွှာ လက် မှတ်ရေးထိုးထားပေမဲ့ လက်တွေ့ အကောင်အထည် မဖော်နိုင်သေးပဲ ဖြစ်နေချိန်မှာ ပြောင်းရွှေ့ နေရာချဖို့ စီစဉ်နေတာပါ။
၂၀၁၇ ခုနှစ်ထဲမှာတုန်းက ရခိုင်ပြည်နယ်က လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင် ဂျာ အစွန်းရောက်အုပ်စုကို လိုက်လံရှင်းလင်းခဲ့တဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည် လက်ခံရေး မြန် မာအစိုးရကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ရော၊ ကုလသမဂ္ဂနဲ့ပါ နားလည်မှု စာချွန်လွှာတွေ သီးခြားလက်မှတ် ရေး ထိုးထားပါတယ်။
ဒါပေမဲ့လည်း ဒုက္ခသည်တွေရဲ့ အခြေခံအခွင့်အရေးတွေနဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေနဲ့အတူ နေရပ်ပြန် ပို့ရေး အစီအစဉ်တွေ အထမမြောက်ပဲ ဖြစ်နေတာပါ။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်ခံမ ထားတဲ့ မြန်မာအစိုးရကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်တွေ မအောင်မြင်ရတဲ့အပေါ် ဘင်္ဂ လားဒေ့ရှ်နိုင်ငံကို အပြစ်ဖို့ထားပါတယ်။

Link : Here
No comments:
Post a Comment