Monday, November 20, 2023

စစ်ကောင်စီတပ်နှင့်အေအေတိုက်ပွဲကြောင့် ရခိုင်မြောက်ပိုင်း နှင့် ချင်းတွင် စစ်ရှောင် ၂၆,၀၀၀ ကျော်တိုး

DVB
November 20, 2023

စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား တကျော့ပြန် တိုက်ပွဲတွေကြောင့် ရခိုင် ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲမှာ အသစ်ထပ်တိုးလာတဲ့ နေရပ် စွန့်ခွာ စစ် ပြေးဒုက္ခသည် ၂၆,၀၀၀ ကျော်ထိ ရှိလာခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင် ရာ ညှိနှိုင်းရေး ရုံး (UNOCHA Myanmar) က ပြောပါတယ်။

စစ်ကောင်စီ အဆိပ်ငွေ့ဗုံး သုံးသလား

ဧရာဝတီ
မိုင်းခြိူဝ်းဇာရ်
20 November 2023

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားနေကြသည့် TNLA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - မိုင်းခြိူဝ်းဇာရ်)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့အနီးက စစ်ကောင်စီရဲ့ တပ်စခန်းတခုကို စီးနင်းတိုက်ခိုက်ချိန်မှာ အဆိပ်ငွေ့ဗုံးတွေ အသုံးပြုပြီး ပြန်အတိုက်ခိုက်ခံခဲ့ရတယ်လို့ ပလောင် (တအာင်း) အမျိုးသား လွတ် မြောက်ရေး တပ်မတော် (TNLA) က ပြောပါတယ်။

Myanmar Regime-Backed Rallies Denounce China, Accusing It of Backing Anti-Junta Alliance

The Irrawaddy
November 20, 2023 

Pro-junta nationalists stage a protest against China in downtown Yangon on Nov. 19, 2023. / MOI
Myanmar regime-backed nationalists staged their first protest against the Chinese government outside Yangon City Hall and the Chinese Embassy in Yangon on Sunday accusing China of backing an ethnic alliance that has been delivering heavy defeats against regime troops in northern Shan State.

Operation 1027 is Creating a New Political Template for Myanmar’s Future

The Irrawaddy
Moe Sett Nyein Chan
November 20, 2023

Brotherhood Alliance troops after seizing junta tactical command in Kunlong. / The Kokang
 
It took two years to plan but just days to shatter the Tatmadaw’s all-powerful image. Still, Operation 1027 is far from finished with the regime that seized power from a civilian government in 2021.

ရိုဟင်ဂျာတွေကို ပေးစရာ နေရာမရှိဘူးလို့ အာချေး ဒေသခံ ရွာလူကြီးတွေပြော

BBC
November 21'2023

အာချေးပြည်နယ် အနှံ့ ကမ်းခြေတွေဆီ ရိုဟင်ဂျာတွေ အစုလိုက်ရောက်လာ

ရိုဟင်ဂျာ ဒုက္ခသည် နောက်ထပ် ၅၀၀ ကျော်ဟာ အင်ဒိုနီးရှား နိုင်ငံ အာချေး ပြည်နယ်ရဲ့ ကမ်းခြေတွေ ရှိ ရာဆီ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ဆိုက်ရောက်လာကြပါတယ်။

ဒါဟာ သီတင်းတစ်ပတ် အတွင်း ၄ ကြိမ်မြောက် အခုလို အစုလိုက် အပြုံလိုက် ရောက်လာကြတာပါ။ ဘီရာဝန်၊ ပီဒီနဲ့ အရှေ့အာချေး နေရာတွေ အပါအဝင် ပြည်နယ် နေရာအနှံ့ ရောက်လာနေကြတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေကို အာချေးဒေသခံတွေ လက်ခံဖို့ ငြင်းပယ်

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၀ နိုဝင်ဘာ၊ ၂၀၂၃ 

အင်ဒိုနီးရှားပြည်နယ် အာချေးပြည်နယ်ကို လှေနဲ့ဆိုက်ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များကို ဒေသခံအသိုင်းအဝိုင်းက ယာယီကမ်းကပ်ခွင့်ပေးဖို့ ဆုံးဖြတ်အပြီးတွေ့ရစဉ် (နိုဝင်ဘာ ၁၆၊ ၂၀၂၃)
 

ရိုဟင်ဂျာဒုက္ခသည် ၂၅၀ ကျော် လိုက်ပါလာတဲ့ လှေတစီးကို အင်ဒိုနီးရှားနိုင်ငံ ဒေသခံအသိုင်းအဝိုင်း က လက်မခံနိုင်တဲ့အတွက် နှစ်ကြိမ် တိုင်တားမြစ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူတို့ကိုကမ်းပေါ်တက် ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း အခု အသစ်ရောက်လာကြတဲ့ ရိုဟင်ဂျာတွေကို သူတို့အနေနဲ့ အချိန် မ ရွေး ပင်လယ်ထဲ ပြန်မောင်းထုတ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျူးကျော်စစ်ဟု တံဆိပ်ကပ်ကာ စစ်ကောင်စီကတရုတ် ဆန့်ကျင်ရေး မီးစမွှေး

Myanmar Now
ကိုချို
November 20, 2023


ပြီးခဲ့သည့်လက တရုတ်အစိုးရ၏ အာရုံစိုက်သဘောကျစေရေးအတွက် တ ရုတ်နှင့် မဟာပြိုင်ဘက် အမေရိကန်အစိုးရကို အမည်တပ်ကာလူ သိရှင် ကြား ဝေဖန်ခဲ့သည့် စစ်ကောင်စီသည်ယခုလတွင်တော့တရုတ်မုန်းတီးရေး လှုပ် ရှားမှုကို ထပ်မံအသက်သွင်းပြန်သည်။

သီတင်းပတ်အနည်းငယ်အတွင်း ရာနှင့်ချီသော စစ်စခန်းများဆုံးရှုံးခဲ့ပြီးနောက် မြောက်ပိုင်း မဟာ မိတ် သုံးဖွဲ့ဦးဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးကို ပြည်ပမှ စွက်ဖက်နေသည်ဟု ဝါဒဖြန့်ချိနေသည့် အာဏာ သိမ်းစစ်တပ်က “ကျူးကျော်စစ်” ဟု စတင်တံဆိပ်ကပ်လိုက်သည်။

တိုက်လေယာဉ်ပျက်ကျမှုက လွတ်မြောက်တဲ့ ဗိုလ်မှူး ဖမ်းဆီးခံရ

RFA
RFA Burmese
2023.11.20 

ကယားပြည်နယ်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က ပျက်ကျခဲ့သည့် တိုက်လေယာဉ်အပျက်အစီး များအား တွေ့ရစဉ်။ Citizen Journalist

စစ်ကောင်စီတပ်က K-8 အမျိုးအစားတိုက်လေယာဉ်ဟာ ကယားပြည်နယ်မှာ နိုဝင်ဘာလ ၁၁ ရက်က ပျက်ကျခဲ့ပြီး လေထီးနဲ့ခုန်ချလို့ အသက်ရှင်လွတ်မြောက်ခဲ့တဲ့ ဗိုလ်မှူး ခိုင်သန့်မိုးကို နိုဝင်ဘာလ ၁၉ ရက် က ဖမ်းဆီးရမိခဲ့တယ်လို့ ကရင်နီတပ်မတော် (KA) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မုံးကိုးဒေသတိုက်ပွဲအတွင်းစစ်ကား ၉ စီးကို MNDAAတပ်က တိုက်ခိုက်ဖျက်ဆီး

Narinjara
ရက်စွဲ: ၁၉ နိုဝင်ဘာ ၂၀၂၃ 

နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် MNDAA သည် အထူးဒေသ(၁) မုံးကိုးခရိုင် ပန်ဆိုင်းနယ်စပ်ဂိတ် ကို ပြန်လည်သိမ်းပိုက်ခဲ့ပြီး ကိုးကန့်ခရိုင် တာရွှေထန်အုပ်စု ၊ ရွှင်မာလင်နေရာရှိ စစ်ကောင်စီ တပ်စ ခန်း ကိုလည်း သိမ်းယူနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်တောင်ဘက်အစွန်ဆုံးဂွမြို့နယ်တွင် ရဲစခန်း ၃ခုနှင့် စစ်ဆေးရေးဂိတ်တစ်ခုကိုရုပ်သိမ်း

Narinjara
ရက်စွဲ: ၂၀ နိုဝင်ဘာ ၂၀၂၃ 

(ပင်လယ်ပြင်ငါးဖမ်းခွင့်ကို တားမြစ်ထားပြီး ခရီးသွားလာခွင့်ကိုလည်း ရက်အကန့်အသတ်မရှိ ပိတ် ပင် ထား၍ ဒေသခံလူထု စားဝတ်နေရေး အခက်အခဲရှိနေ)

ရခိုင်ပြည်နယ်တောင်ဘက်အစွန်ဆုံးဂွမြို့နယ်တွင် ရဲစခန်း ၃ခုနှင့် ဌာနပေါင်းစုံ စစ်ဆေးရေးဂိတ်တစ်ခု ကို ရုပ်သိမ်းထားသည့်အပြင် စစ်ကောင်စီက ပင်လယ်ပြင် ငါးဖမ်းခွင့်ကိုလည်း တားမြစ်ခြင်း၊ ခရီးသွား လာ ခွင့်ကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ပင်ခြင်းတို့ကို ပြုလုပ်ထား၍ လက်လုပ်လက်စား ဒေသ ခံလူထုအနေဖြင့် စားဝတ်နေရေး အခက်အခဲရှိနေသည်ဟု သတင်းရရှိသည်။

ပေါက်တောမြို့တွင် လူပေါင်း ၁၀၀ ကျော်ကို စစ်ကောင်စီက နေရာသုံးခုတွင်ထိန်းသိမ်းထား

Narinjara
ရက်စွဲ: ၂၀ နိုဝင်ဘာ ၂၀၂၃

(မြန်မာစစ်တပ်က လူသားဒိုင်ကာအဖြစ် အသုံးပြုထားပုံရဟုဆို)

ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် စစ်တပ်က လူပေါင်း ၁၀၀ ကျော်ကို ထိန်းသိမ်းထားပြီး နေရာသုံးခု တွင် ပိတ်လှောင်ထားကာ လူသား ဒိုင်းကာအဖြစ် အသုံးပြုထားပုံရသည်ဟု ဒေသခံများက ပြောဆို သည်။

Scottish Parliament team visits Bangladesh

Dhaka Tribune
Tribune Report
Publish : 19 Nov 2023, 

Foreign Minister Dr AK Abdul Momen greets Scottish Parliament delegation led by its Convenor and Shadow Minister for Culture, Europe and International Development of Scotland Foysol Choudhury at his office on Sunday, November 19, 2023. Photo: Courtesy

A delegation from the Cross-Party Group (CPG) on Bangladesh at the Scottish Parliament led by its Convenor and Shadow Minister for Culture, Europe and International Development of Scotland Foysol Choudhury is currently visiting Bangladesh.

United Nation adopted Resolutions

UNITED NATION
15 November 2023
GA/SHC/4401
 

 
In another full day of action, the Third Committee (Social, Humanitarian and Cultural) approved six resolutions today, including on the human rights situations in Ukraine, Syria, Iran, Myanmar and the Democratic People’s Republic of Korea.At the outset,…
… the draft resolution titled “Situation of human rights of Rohingya Muslims and other minorities in Myanmar” (document … Islamic Cooperation (OIC), said that, over decades, the Rohingya Muslim minorities have faced systemic rights … to guarantee the safety of all civilians, including the Rohingya and other minorities. This draft was adopted by …

Sunday, November 19, 2023

Shootout in Ukhiya Rohingya camp, 6 arrested

THE BUSINESS STANDARD
TBS Report
02 November, 2023, 

Photo: TBS
A shootout took place in a Rohingya camp in Ukhiya, Cox's Bazar yesterday.

"A shootout took place between a group of Arakan Rohingya Salvation Army (Arsa) members and their anti-group in the camp on Wednesday (1 November) afternoon. After sensing of police presence, they started firing at us. We also fired back," Armed Police Battalion-14 (APbn) Captain Mohammad Iqbal said.

အစ္စရေးစစ်ဆင်ရေး ရပ်တန့်ရေး ကြားဝင်ပေးရန် အမေရိ ကန်ကို ပါလက်စတိုင်းသမ္မတ ပန်ကြား

DVB
November 19, 2023

ပါလက်စတိုင်းသမ္မတ မာမွဒ် အက်ဘာ့စ်ဟာ အစ္စရေးစစ်ဆင်ရေးကို ရပ်တန့်အောင် ကြားဝင် စွက် ဖက်ပေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို နိုဝင်ဘာ ၁၈ ရက်မှာ ပန်ကြားခဲ့ပါတယ်။

မင်းပြားမြို့ခံအများစုကို AA အဖွဲ့ဝင်များဟု ရခိုင်ပြည်နယ် စစ်ကောင်စီစွပ်စွဲ မင်းပြားဆေးရုံကို အေအေကပစ်ခတ်ဟု လိမ်လည်သတင်းထုတ်ပြန်

Narinjara
ရက်စွဲ: ၁၉ နိုဝင်ဘာ ၂၀၂၃

ရခိုင်ပြည်နယ်စစ်ကောင်စီက မင်းပြားမြို့ခံအများစုကို ရက္ခိုင့်တပ်တော် (AA) အဖွဲ့ဝင်များဟု စွပ်စွဲ လိုက်ပြီး လက်နက်ကြီးကျည်ကျ၍ အဆောက်အဦ အချို့ပျက်စီးခဲ့ရသည့် မင်းပြားဆေးရုံကို အေအေ က ပစ်ခတ်သည်ဟု လိမ်လည်သတင်းထုတ်ပြန်သည်။

ထားဝယ်တွင်စစ်တပ်ဂိတ်နှင့်ရဲစခန်းတိုက်ခိုက်ခံရ၊ မင်းပြား ဒေသခံ ၁ ဦး ကျည်ထိသေဆုံး

DVB
November 19, 2023

ရခိုင်ပြည်နယ်ဦ မင်းပြားမြို့မှာ စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ် ခဲ့လို့ အမျိုးသားတယောက် သေဆုံးခဲ့ပြီး တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က စစ်ကောင်စီစစ်ဆေး ရေးဂိတ် နဲ့ ရဲစခန်းကို ထားဝယ် ပကဖ က ၂ ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီဘက်က အဆိပ်ငွေ့ပါတဲ့ ဓါတုဗုံး အသုံးပြုတိုက် ခိုက်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၁၉ နိုဝင်ဘာ၊ ၂၀၂၃ 

This photo taken on November 9, 2023 shows a fighter of the ethnic armed group Ta'ang National Liberation Army (TNLA) standing guard in the town of Namhkam in northern Shan state.
 
 မြန်မာနိုင်ငံတဝန်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ စစ် ကောင်စီတပ်တွေနဲ့ ဒီနေ့မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး၊ တအာင်း TNLA တပ်တွေက နမ့်ခမ်းမြို့ နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်တပ်စခန်းတခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီဘက်ကတော့ နမ့်ခမ်းမြို့နယ်ထဲက သာယာ ကုန်းကျေးရွာကို ဒီနေ့မနက်ပိုင်းက လက်နက်ကြီးနဲ့ ၂ ကြိမ်တိုက်ခိုက်ခဲ့သလို၊ မူဆယ်မြို့နယ်ထဲက မန် ဟဲကျေးရွာကိုလည်း လက်နက်ကြီးနဲ့ တိုက်ခိုက်တာကြောင့် နေအိမ်တွေထိမှန်ပြီး အမျိုးသားတဦး ဦး ခေါင်းမှာ ဒဏ်ရာရခဲ့တယ်လို့ TNLA က ပြောပါတယ်။

ရခိုင်ကတက္ကသိုလ်ကျောင်းသားတွေ နေရပ်ပြန်ဖို့အထောက် အထားမျိုးစုံပေးနေရ

RFA
RFA Burmese
2023.11.19

နေရပ်ပြန်ရန် ကားလက်မှတ်၊ အမြန်ရေယာဉ်လက်မှတ်ရရန်နှင့် လျှောက်လွှာတင်ရန် စောင့်နေကြသည့် စစ်တွေတက္ကသိုလ် အဝေးသင်ကျောင်းသား/သူများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်က တွေ့ရစဉ်။Citizen Journalist

တိုက်ပွဲဖြစ်နေတဲ့ ရခိုင်ပြည်နယ်က အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေဟာ စားမေးပွဲ အပြီး နေရပ်ပြန်ဖို့ ခရီးသွားလက်မှတ်ကို ခက်ခက်ခဲခဲ ဝယ်နေကြရတယ်လို့ အဲဒီကျောင်းသားတွေက RFA ကို ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေ ပြီး မြန်မာစစ်တပ်က ရဟတ်ယာဉ်များဖြင့်တိုက်ခိုက်နေ၍ ဒေသခံပြည်သူ ထောင်ချီထွက်ပြေးနေရ

Narinjara
ရက်စွဲ: ၁၉ နိုဝင်ဘာ ၂၀၂၃ 

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော်( AA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ လေတပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေ၍ အနီး အနားရှိ ကျေးရွာ (၆)ရွာမှ လူပေါင်းထောင်ချီထွက်ပြေးနေရကြောင်း သတင်းရရှိသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */