" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, November 19, 2023

ရခိုင်ကတက္ကသိုလ်ကျောင်းသားတွေ နေရပ်ပြန်ဖို့အထောက် အထားမျိုးစုံပေးနေရ

RFA
RFA Burmese
2023.11.19

နေရပ်ပြန်ရန် ကားလက်မှတ်၊ အမြန်ရေယာဉ်လက်မှတ်ရရန်နှင့် လျှောက်လွှာတင်ရန် စောင့်နေကြသည့် စစ်တွေတက္ကသိုလ် အဝေးသင်ကျောင်းသား/သူများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်က တွေ့ရစဉ်။Citizen Journalist

တိုက်ပွဲဖြစ်နေတဲ့ ရခိုင်ပြည်နယ်က အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေဟာ စားမေးပွဲ အပြီး နေရပ်ပြန်ဖို့ ခရီးသွားလက်မှတ်ကို ခက်ခက်ခဲခဲ ဝယ်နေကြရတယ်လို့ အဲဒီကျောင်းသားတွေက RFA ကို ပြောပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက် မနေ့က စားမေးပွဲပြီးသွားပြီးနောက် နိုဝင်ဘာလ ၁၉ ရက် ဒီနေ့မှာ နေ ရပ် အသီးသီးကို ကားအပြင် ရေယာဉ်တွေနဲ့ပါ အစုလိုက် အပြုံလိုက် ပြန်နေကြပြီး လက်မှတ်ဝယ်ဖို့ အထောက်အထားမျိုးစုံ ဖြည့်သွင်းနေရတယ်လို့ ဆိုပါတယ်။

သင်္ဘော အမြန်ယာဉ်နဲ့ ကားလက်မှတ်ကို ကျောင်းသားကဒ်နဲ့ မှတ်ပုံတင်ပြပြီး ဝယ်ကြရသလို ကိုယ် နည်း ကိုယ့်ဟန်နဲ့ ပြန်မယ့်သူတွေကတော့ စစ်တွေ တက္ကသိုလ် ပါမောက္ခချုပ်ထံကနေ လိုအပ်တဲ့ အ ထောက်အထားတွေနဲ့ လျှောက်လွှာတင်ရတယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

ကားငှားပြီး ပြန်လိုသူတွေဟာ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်ထံမှာ ကျောင်းသားအမည်၊ မိဘအ မည်၊ မှတ်ပုံတင်၊ ခုံနံပါတ်၊ ပညာသင်နှစ်၊ ပြန်မယ့်မြို့အမည်နဲ့ ပြန်မယ့်နေရာတွေကို လျှောက်လွှာ တင် ပေးရတယ်လို့ မြေပုံမြို့နယ်မှာ နေထိုင်တဲ့ ကျောင်းသားတစ်ဦးက RFA ကို ပြောပါတယ်။

“လျှောက်လွှာတင်ရာမှာ ဘယ်မြို့နယ် ဘယ်နေရာအထိ သွားမယ်။ ပြီးတော့ ကျောင်းသားတွေ ဖြစ် ကြောင်း ကျောင်းသားနာမည်တွေ ပါရမယ်။ သူတို့သွားမယ့် စာရွက်နောက်မှာ ယာဉ်မောင်းသူ နာမည်။ ပြီးတော့ ယာဉ်မောင်းလိုင်စင်၊ မှတ်ပုံတင်နံပါတ် အဲဒါတွေ ပါရမယ်တဲ့။ အဲဒီလိုတင်ပြီးမှ သွားရမယ် လို့ ပြောတယ်။ ကျွန်တော်တို့မှာတော့ မနက်ဖြန်သွားဖို့ ကျတယ်။ ကုန်တင်ကားနဲ့ပါ။ လူပေါင်း ၈၇ ဦးပါ။ မနက်ဖြန် မြေပုံကိုပြန်ဖို့ မရလိုက်တဲ့ လူတွေလည်း ရှိနေသေးတယ်”

ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောဘက် ပြန်မယ့်သူတွေက ရွှေပြည်တန် အမြန်ရေယာဉ်နဲ့ ပြန်ကြရသလို မင်းပြား၊ မြောက်ဦးနဲ့ ကျောက်တော်ဘက်ကိုတော့ အဝေးပြေး(Express) ကားကြီး တွေနဲ့ ပြန်နေကြတယ်လို့ ဆိုပါတယ်။

မြေပုံမြို့နယ်ဘက်ကိုတော့ ရေလမ်းကြောင်းတွေ ပိတ်ထားတာကြောင့် ကားလက်မှတ်ရဖို့ ကြိုးစားနေ ရ တယ်လို့ ကျောင်းသားအချို့က ပြောပါတယ်။

အခုလို ကျောင်းသားတွေ လက်မှတ်ဝယ်ယူရာမှာ အထောက်အထား မျိုးစုံပေးပြီး လျှောက်လွှာပါ တင် ရ တဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဖြစ်နေပြီး အချို့နေရာတွေ မှာ ကုန်းလမ်းရော ရေလမ်းပါ ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */