" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, November 20, 2023

မုံးကိုးဒေသတိုက်ပွဲအတွင်းစစ်ကား ၉ စီးကို MNDAAတပ်က တိုက်ခိုက်ဖျက်ဆီး

Narinjara
ရက်စွဲ: ၁၉ နိုဝင်ဘာ ၂၀၂၃ 

နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် MNDAA သည် အထူးဒေသ(၁) မုံးကိုးခရိုင် ပန်ဆိုင်းနယ်စပ်ဂိတ် ကို ပြန်လည်သိမ်းပိုက်ခဲ့ပြီး ကိုးကန့်ခရိုင် တာရွှေထန်အုပ်စု ၊ ရွှင်မာလင်နေရာရှိ စစ်ကောင်စီ တပ်စ ခန်း ကိုလည်း သိမ်းယူနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်(၁၀း၃၀) နာရီ တွင် MNDAAသည် လေကြောင်းပစ်ကူမှုဖြင့် ကိုးကန့် ခရိုင်၊ ရှီးရှမ်းဒေသ တာရွှေထန်အုပ်စု ၊ ရွှင်မာလင်နေရာရှိစစ်ကောင်စီတပ်စခန်းကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး (၁၀း၅၀)နာရီဝန်းကျင်တွင် ‌အောင်မြင်စွာသိမ်းယူနိုင်ခဲ့ပြီး မုံးကိုးခရိုင် ပန်ဆိုင်းနယ် စပ် ဂိတ်ရှိ စစ်ကောင်စီ တပ်ဖွဲ့ကို ထိုးစစ်ဆင် တိုက်ခိုက်ကာ နေ့လည်(၁၁း၄၆) နာရီတွင် အောင်မြင် စွာ သိမ်းယူနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ ကိုးကန့်(MNDAA)သည် ချင်းရွှေဟော် ၊ မုံးကိုးအပါအဝင် နယ်စပ်ဂိတ်‌ပေါက်(၃)ခုနှင့်နယ်စပ် လမ်းကြောင်းများကို ပြန်လည်သိမ်းပိုက်ထူထောင်နိုင်ခဲ့ပါသည်။

မဟာမိတ်တပ်ဖွဲ့တို့သည် ရက်ပေါင်း ၂၄ ရက်အတွင်း စစ်ကောင်စီ၏ တပ်စခန်း အကြီး အသေး စုစု‌ ပေါင်း(၁၅၄)ခု အောင်မြင်စွာ သိမ်းပိုက်နိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */