" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, November 19, 2023

အစ္စရေးစစ်ဆင်ရေး ရပ်တန့်ရေး ကြားဝင်ပေးရန် အမေရိ ကန်ကို ပါလက်စတိုင်းသမ္မတ ပန်ကြား

DVB
November 19, 2023

ပါလက်စတိုင်းသမ္မတ မာမွဒ် အက်ဘာ့စ်ဟာ အစ္စရေးစစ်ဆင်ရေးကို ရပ်တန့်အောင် ကြားဝင် စွက် ဖက်ပေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို နိုဝင်ဘာ ၁၈ ရက်မှာ ပန်ကြားခဲ့ပါတယ်။
“နိုင်ငံတကာ ရပ်တည်မှုကြောင့် အထူးတာဝန် ယူပေးနေပြီး အစ္စရေးအာဏာပိုင်တွေအပေါ် သိသိသာ သာ ဩဇာလွှမ်းမိုးမှု ရှိတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အနေနဲ့ သူ့ရဲ့ တရားဝင် လူသားဆန်တဲ့ အ ရည်အသွေးတွေ အားလုံးကို သုံးပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကပ်ဘေးနဲ့ အပြစ်မဲ့ ပြည် သူတွေကို လူမျိုးတုံးသတ်ဖြတ်မှုတွေကို ရပ်တန့်အောင် ကြားဝင်ပေးဖို့ တောင်းဆိုပါတယ်”လို့ ပါလက်စတိုင်းသမ္မတက ပြောသွားပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ ဝိုင်းရံခံထားရတဲ့ ပြည်သူတွေကို ကယ်ဆယ်ပေးဖို့ တောင်းဆို ပါကြောင်းနဲ့ ဒီစစ်ပွဲကို ချက်ချင်းရပ်တန့်မှ ဖြစ်မယ် လို့လည်း ဆိုပါတယ်။ ဒီလူမျိုးတုံးသတ်ဖြတ်မှု ကို မိမိကိုယ်ကို ခုခံကာကွယ်မှုလို့ ပြောလို့မရပဲ တကယ်တော့ ပြစ်ဒဏ်ထိုက်တဲ့ စစ်ရာဇ၀တ်မှုပါပဲ လို့ သမ္မတ မာမွဒ် အက်ဘာ့စ်က ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ပါလက်စတိုင်းပြည်သူတွေကိုအစ္စရေးသိမ်းပိုက်ရေးတပ်တွေကကြောက် စရာကောင်းတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့ကြောင်းလည်း ပြောဆိုပါတယ်။

လောလောလတ်လတ် အလ်ဖှာခူရာ နဲ့ တာလ်အလ်ဇာတား ကျောင်းတွေမှာ တိုက်ခိုက်ခံရမှုကြောင့်ရာ နဲ့ချီ စစ်ပြေးစစ်ရှောင်တွေ မရှောင်မလွှဲနိုင် သေဆုံးခဲ့ရပြီမို့လို့ ဒီလို ရန်လိုမှုတွေနဲ့ ပါလက်စတိုင်း ပြည် သူ တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ရပ်တန့်ဖို့အတွက် သမ္မတ ဘိုင်ဒန်နဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ က တာဝန်ယူပေးကြပါလို့လည်း ထပ်ပြီးတောင်းဆိုသွားပါတယ်။

အခုချိန်ထိ ဒဏ်ရာရ သေဆုံးကြသူ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အများစု အပါအဝင် ပါလက်စ တိုင်း သား ၄၂,၀၀၀ ကျော် ဒီရန်လိုမှုရဲ့ သားကောင်တွေ ဖြစ်ခဲ့ရပြီ လို့လည်း ဆိုပါတယ်။

ဒါ့အပြင် နေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဝတ်ပြုရာနေရာတွေ၊ အများပြည်သူပိုင် အ ဆောက်အဦတွေနဲ့ အခြေခံအဆောက်အဦတွေလည်း ထောင်ချီ သောင်းချီ ပျက်စီးဆုံးရှုံးကုန်ပြီ လို့ ပါလက်စတိုင်း သမ္မတ မာမွဒ်အက်ဘာ့စ်က ပြောသွားပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေး-ဟားမတ်စ် စစ်ပွဲ ပြီးသွားရင် နောက်ဆုံးတော့ ဂါဇာ ကမ်း မြောင်နဲ့ အနောက်ဘက်ကမ်းကို ပါလက်စတိုင်းအာဏာပိုင်တွေက အုပ်ချုပ်သင့်တယ်လို့ စနေနေ့က ပြောကြားခဲ့ပါတယ်။

ပါလက်စတိုင်း အာဏာပိုင်တွေဟာ အနောက်ဘက်ကမ်းနဲ့ ဂါဇာကမ်းမြောင်ဒေသ ၂ ခုလုံးကို အုပ်ချုပ် လည်ပတ်ခဲ့ဖူးပေမယ့် ဟားမတ်စ်တို့နဲ့ ခဏတာ ပြည်တွင်းစစ် အပြီး ၂၀၀၇ ခုနှစ်မှာ ဖြုတ်ချခံခဲ့ရတာ ဖြစ်ပါတယ်။

Source/Photo-Reuters

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */