" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, February 26, 2023

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ ဘာသာရေးခေါင်းဆောင် တစ်ဦးအသတ်ခံရ

BBC
2023.02.26

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုတုပါလောင် ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ဘာသာရေး ခေါင်း ဆောင် တစ်ဦး ဖေဖော်ဝါရီ ၂၄ ရက်နေ့က အသတ်ခံလိုက်ရတယ်လို့ အဲဒီက ရိုဟင်ဂျာဒုက္ခသည်တွေက ဘီဘီစီကို ပြော ပါတယ်။

အသတ်ခံလိုက်ရသူဟာ ကုတုပါလောင်မှာရှိတဲ့ အမှတ် ၁၇ ဒုက္ခသည်စန်းမှာနေထိုင်တဲ့ မော်လဝီ ဆရာ ရှောမ်ရှု အာလောမ် ၃၈ နှစ်ဖြစ်ပြီး သူဟာ အစ္စလမ်ဘာသာရေးခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့ ည ၁၀ နာရီလောက်မှာ အာဆာတပ်ဖွဲ့ဝင်တွေ နေအိမ်ကိုရောက်ရှိလာခဲ့ကြပြီး သူ့ကို ခေါ် ဆောင်သွားခဲ့ကာ ၂၅ ရက်နေ့မနက်ပိုင်းမှာတော့ သူ့ရဲ့အလောင်းကိုသာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မော်လဝီ ရှောမ်ရှုအာလောမ်ကို နေအိမ်ကနေလာခေါ်သွားသူတွေဟာ တပ်မှူးအဆင့်ရှိတဲ့ ဖော်မီအိုဒ္ဒိန် (ခ) နုရ် ကာမာလ် ဦးဆောင်တဲ့ အာဆာတပ်ဖွဲ့ဝင် လေးဦးတို့ဖြစ်ပြီး ဘာကြောင့်အခုလိုသတ်ဖြတ်ခဲ့တယ် ဆိုတာကိုတော့ မသိရသေးဘူးလို့ဆိုပါတယ်။

မော်လဝီ ရှောမ်ရှုအာလောမ် ရဲ့ရုပ်အလောင်းကိုတော့ စခန်း ၂၀၊ ၁၇ နဲ့ စခန်း ၄ တို့အကြားမှာ တွေ့ရှိခဲ့သလို ကိုယ်ခန္ဓာအနှံ့မှာလည်း ဒဏ်ရာတွေရှိနေပြီး လည်ပင်းကိုကြိုးချည်ကာ သတ်ဖြတ်လိုက်တာဖြစ်နိုင်ကြောင်းနဲ့ သူ့ကိုသတ်ခဲ့တဲ့ကြိုးကိုလည်း တွေ့ရှိရတယ်လို့ အဲဒီစခန်းမှာနေထိုင်သူတွေက ပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့ ၁၆ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောစ်ဘဇားခရိုင်၊ အူခီးယားမြို့နယ်၊ ဘာလူခါလီ အမှတ် ၁၂ စခန်းခေါင်းဆာင် ဦးအဒူရော်ဟိမ်ဆိုသူကိုလည်း နံနက်ပိုင်း ၁၂ နာရီနီးပါးလောက်မှာ အာဆာတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ပစ်ခတ်တာခံခဲ့ရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ အာဆာအဖွဲ့သားတွေရဲ့ သတ်ဖြတ်တာတွေကို ဒုက္ခ သည်တွေရင်ဆိုင်နေကြရပြီး လုံခြုံရေးကင်းမဲ့တဲ့အခြေအနေတွေနဲ့ ကြုံနေရတယ်လို့ ပြောဆိုကြပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */