" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, December 23, 2016

( 23.12.2016 ) တပ်မတော်နှင့် ရဲတပ်ဖွဲ့က မီးရှို့ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ မတရား ဖမ်းဆီးခြင်း မရှိကြောင်း၊ ကျေးရွာများတွင် ရိုဟင်ဂျာဟု လှုံ့ဆော်မှုများရှိကြောင်း မီဒီယာများကို ပြောကြား ခဲ့သည့် ကျေးရွာ စေတနာ့ ဝန်ထမ်း စာကြည့် တိုက်မှူး အသတ်ခံရ



တပ်မတော်နှင့် ရဲတပ်ဖွဲ့က မီးရှို့ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ မတရားဖမ်းဆီးခြင်းမရှိကြောင်း၊ ကျေးရွာများတွင် ရိုဟင်ဂျာဟု လှုံ့ဆော်မှုများရှိကြောင်း မီဒီယာများကို ပြောကြားခဲ့သည့်ကျေးရွာစေတနာ့ဝန်ထမ်း စာကြည့် တိုက်မှူး အသတ်ခံရ

ဒီဇင်ဘာ ၂၃၊ ၂၀၁၆

သတင်းမှန်ထုတ်ပြန်နိုင်ရေးအတွက် မောင်တောမြို့နယ် ငါးခူရကျေးရွာသို့ မြေပြင်ကွင်းဆင်း သတင်းရ ယူနေသည့် ပြည်တွင်း ပြည်ပမီဒီယာ (၁၃)ဦးပါ အဖွဲ့၏ မေးမြန်းမှုများကို ဖြေကြားခဲ့ရာတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့က မီးရှို့ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ မတရားဖမ်းဆီးခြင်းမရှိကြောင်း၊ ကျေးရွာများတွင် ရိုဟင်ဂျာဟု လှုံ့ဆော်မှုများရှိကြောင်း မီဒီယာများကို ပြောကြားခဲ့သည့် ကျေးရွာစေတနာ့ဝန်ထမ်း စာကြည့်တိုက်မှူး အသတ်ခံရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း အထွေထွေမန်နေဂျာဦးစီး သော ပြည် တွင်း ပြည်ပ မီဒီယာများပါဝင်သည့် အဖွဲ့ဝင် (၁၃)ဦးသည် ဒီဇင်ဘာ (၂၁) ရက် ညနေပိုင်းတွင် ရခိုင်ပြည် နယ်ဖြစ်စဉ်များ သတင်းမှန်သိရှိနိုင်ရေး မြေပြင်ကွင်းဆင်းလေ့လာရန် ငါးခူရကျေးရွာသို့ ရောက်ရှိ စဉ် ကျေး ရွာစေတနာ့ဝန်ထမ်း စာကြည့်တိုက်မှူးအဖြစ် လုပ်ကိုင်နေသည့် ဒုစ်မာမတ် (ခ) ရှူနာမျာအား ငါးခူရကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနှင့် ငါးခူရအလယ်ရွာ လမ်းမပေါ်တွင် သိရှိလိုသည်များကို တွေ့ဆုံမေးမြန်း မှုများ ပြုလုပ် ခဲ့သည်။

သတင်းထောက်များ၏ မေးမြန်းချက်များအား ဖြေကြားခဲ့သူ ဒုစ်မာမတ် (ခ) ရှူနာမျာသည် ညနေ (၆) နာရီ တွင် နေအိမ်သို့ပြန်လည်ရောက်ရှိပြီး အဝတ်အစားလဲ၍ ရွာအတွင်းသို့ ပြန်လည်ထွက်ခွာသွားခဲ့ရာ ည(၁၀) နာရီ (၄၅)မိနစ်အထိ နေအိမ်သို့ ပြန်လည်ရောက်ရှိခြင်းမရှိသဖြင့် ဒုစ်မာမတ် (ခ) ရှူနာမျာ၏ အစ်ကိုဖြစ်သူ ဒီလ်မူဟာမတ်မှ ၎င်း၏ညီ ပျောက်ဆုံးနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဂျော်ဂျီအောင် ထံ သွားရောက် သတင်းပို့ခဲ့ပြီး အုပ်ချုပ်ရေးမှူးမှ တဆင့် ငါးခူရနယ်မြေရဲစခန်းသို့ ဆက်လက်အကြောင်း ကြားခဲ့သည်။

ငါးခူရနယ်မြေရဲစခန်းမှ ည(၁၂)နာရီတွင် ဒုစ်မာမတ်(ခ) ရှူနာမျာ ပျောက်ဆုံးမှုနှင့် ပတ်သက်၍လူပျောက်ကြေ ညာမှ (၂/၂၀၁၆)ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဂျော်ဂျီအောင်၊ ရပ်မိရပ်ဖ ဦးဆန်းဝင်းတို့ သည် လိုက်လံစုံစမ်းလျက်ရှိစဉ် မွန်းလွဲ(၂)နာရီခွဲတွင် ပျောက်ဆုံးသူ၏ အစ်ကိုဖြစ်သူက ဒိုးတန်းကျေးရွာ ကြား လယ်ကွင်းချောင်းစပ်နေရာတွင် မသင်္ကာဖွယ်သွေးကွက်များ တွေ့ရှိကြောင်း အကြောင်းကြားချက်အရ သွားရောက် စစ်ဆေးခဲ့ရာ စံပယ်ပင်ရင်းချောင်းအနီး လယ်ကွင်းစပ်တွင် သွေးဟုယူဆရသော (၁) ပေပတ် လည်ခန့် နီညိုရောင်သွေးကွက်အား တွေ့ရှိ၍ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်း၊ အခင်းဖြစ် မြေပုံကြမ်းရေး ဆွဲခြင်း၊ သွေးဟုယူဆရသော ပေကျံနေသည့် ကောက်ရိုးစများ သိမ်းဆည်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ဆက်လက်ရှာဖွေခဲ့ရာ ဒီဇင်ဘာ ၂၃ ရက် နေ့လည်ပိုင်းတွင် ဒုစ်မာမတ်(ခ) ရှူနာမျာ၏အလောင်းကို စံပယ် ပင်ရင်းချောင်းထဲတွင် ဦးခေါင်းမပါ၊ ဝဲယားပေါင်းနှစ်ဖက်တွင် ဓားထိုးဒဏ်ရာ ၂ ချက်စီဖြင့် ပြန်လည် တွေ့ရှိခဲ့သည်။

ဒုစ်မာမတ်(ခ) ရှူနာမျာ အသက်ခံရမှုနှင့်ပတ်သတ်၍ အမှုမှန်ပေါ်ပေါက်စေရေး စုံစမ်းဖော်ထုတ် လျက်ရှိပြီး ပြည်တွင်း ပြည်ပသတင်းမီဒီယာသမားများ၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားခဲ့ပြီးနောက် ဤကဲ့သို့ အသတ်ခံရခြင်း ဖြစ်သည်။
ဒုစ်မာမတ်(ခ) ရှူနာမျာသူသည် တပ်မတော်နှင့် ရဲတပ်ဖွဲ့ကမီးရှို့ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ မတရား ဖမ်းဆီးခြင်း မရှိကြောင်း၊ ကျေးရွာများတွင် ရိုဟင်ဂျာဟု လှုံ့ဆော်မှုများရှိကြောင်း မီဒီယာများသို့ ထုတ်ဖော် ပြောကြား ခဲ့ သူဖြစ်သည်။

------------------------------

Muslim man, a village volunteer librarian who answered no unjust arrests, and rousing as “Rohingya” had decapitated in northern Rakhine

December 27, 2016
.

It is learnt that a Muslim man, a volunteer librarian in northern Rakhine State was beheaded on Thursday after he refuted against the security forces of accusations such as arson attacks, rapes and unjust arrests by an independent media team comprising of 13 members from local and foreign medias conducting a survey in Ngakhuya Village, in order to release the truth information.
.
Dus Mammad, also known as Runarmyar, who is currently volunteering as an in-charge of the village library, answered questions raised by the group of independent journalists comprising 13 reporters and photojournalists led by the general manager for News and Periodicals Enterprise, Ministry of Information at the village on 21st December.
.
Following the interview, he came back home at around 6 pm and changed his clothes and went out to the village. As he did not arrive back home till 10.45 pm, his elder brother Dil Muhamad informed the village’s head U Georgyi Aung and the Ngakhuya Police Station.
.
Ngakhuya Police Station opened the missing person case no (2/2016) regarding the absent of Dus Mammad, also known as Runarmyar at 12 pm.
.
While the village’s head, U Georgyi Aung and an elder of the village, U San Win probed the case together with the security forces, they were informed by his elder brother that he found some blood stains near Dotan Village. According to this inform, scrutinizing the accident area, the security forces found one-round-foot doubtful bloodstains near the farming of Saebapinyinn Stream, took report-photo, drafted a map and collected bloody straws. Continuing their investigation, the security forces found the body of Dus Mammad without his head and with two stabs on both thighs.
.
We are investigating the dead case of Dus Mammad in order to find the real case. It is learnt that he was killed after answering the questions of the media team comprising of local and foreign journalists.
.
Dus Mammad was a person who told the truth to the medias regarding the accusations on the military and police force such as arson, rape, unjust arrests and rousing as “Rohingya” in the village.

(State Counsellor Office Information Committee)









No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */