By ရို ရတီ
June 21, 2019
ပြီးခဲ့တဲ့နှစ်မှာလည်း စင်ကာပူနိုင်ငံမှာကျင်းပခဲ့တဲ့ အာဆီယံအစည်းဝေးမှာ ဝန်ကြီးချုပ်မဟာသီ မိုဟမ္မဒ်က မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး မြန်မာစစ်တပ် ဘက် က ကာကွယ်ပြောဆိုနေမှုအတွက် ပြင်းထန်စွာဝေဖန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာတော့ မြောက်များစွာသော ရိုဟင်ဂျာတွေဟာ သူတို့ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေအပေါ် စာနာထောက်ထားမယ်လို့ ယုံကြည်ရတဲ့ မွတ်စလင်အများစု နေထိုင်ရာ မလေး ရှားနိုင်ငံကို လာဖို့ လူကုန်ကူးသူတွေရဲ့ စက်လှေတွေပေါ် ရောက်ရှိနေတာတွေ့ရပါတယ်။
မလေးရှားနိုင်ငံကို ရောက်ရှိဖို့ကြိုးစားတဲ့ ရိုဟင်ဂျာတွေကို ဆက်လက်ကူညီသွားမယ်လို့ ဝန်ကြီးချုပ် မဟာသီက သောကြာနေ့မှာ ကျင်းပတဲ့ အာဆီယံညီလာခံ အကြိုနေ့မှာ ကတိပြုခဲ့ပါတယ်။ “သူတို့တွေဟာ ဒုက္ခသည်တွေဖြစ်ကြတယ်၊ သူတို့တွေအတွက် ကူညီလုပ်ဆောင်နိုင်သမျှကို ကျွန်တော်တို့ လုပ်ဆောင် သွားမယ်။ ရိုဟင်ဂျာတွေ ဖိနှိပ်ခံနေရတာကို တစုံတရာက ရပ်တန့်စေနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်နေ တယ် ”လို့အသက် ၉၃နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။
လူမျိုးတုန်း သတ်ဖြတ်မှုရှောင် ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ပြန်မယ့်အရေး ကြန့်ကြာနေတာဟာလည်း ရိုဟင်ဂျာတွေရဲ့ လုံခြုံမှုအတွက် မြန်မာအစိုးရက တာဝန်ယူပေးခြင်းမရှိတာကြောင့် ဖြစ်ပါတယ်။၂၀၁၇ခုနှစ် လူမျိူးတုန်း စစ်ဆင်ရေး ပြုလုပ်ချိန်မှာ ရိုဟင်ဂျာဦးရေပေါင်း ၇သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံ ခဲ့ကြရပါတယ်။
မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာလူမျိုးစုကို နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခိုးဝင်နေ ထိုင်သူ “ဘင်္ဂါလီ”တွေလို့ အမြဲစွပ်စွဲပြောဆိုနေတဲ့အပြင် ရိုဟင်ဂျာတွေရဲ့ ပြည်တွင်း သွားလာမှုတွေကိုပါ ကန့်သတ်ချုပ်ထိန်းထားပြီး ပညာသင်ကြားခွင့်တွေလည်း ပိတ်ပင်ထားတာပဲ ဖြစ်ပါတယ်။
ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူတွေက မြန်မာ့စစ်ခေါင်းဆောင်တွေက လူမျိုးတုန်းသတ်ဖြတ်ရန် ကြိုးပမ်းခဲ့ ကြောင်းပြောဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ဒါဟာ ရခိုင်ပြည်နယ်တွင်း မြန်မာစစ်တပ်က စစ်သွေး ကြွတွေကို ရှင်းလင်းရေးလုပ်ဆောင်ဖို့ လိုအပ်တဲ့ နှိမ်နင်းမှုတွေကို ပြုလုပ်ခဲ့တာဖြစ်ကြောင်း မြန်မာ စစ် တပ်ကို ကာကွယ်ပြောဆိုခဲ့ပါတယ်။
Source: channelnewsasia
Link : Here
No comments:
Post a Comment