" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, September 27, 2020

ဒုက္ခသည်အရေး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တင်ပြချက် ရိုဟင်ဂျာတွေ ကြိုဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
27 စက်တင်ဘာ၊ 2020
မဆုမွန်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားရှိ ကုတုပလောင် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာဒုက္ခသည်များ။ (သြဂုတ် ၂၅၊ ၂၀၁၉)

လက်ရှိကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ရိုဟင်ဂျာဒုက္ခသည် တွေအရေး ဝိုင်းဝန်းအဖြေရှာပေးဖို့ မေတ္တာရပ်ခံလိုက်တဲ့အပေါ် ဒုက္ခသည်တွေက ကြိုဆိုပြီး သူတို့နေရပ်ရင်းကို ဘေးကင်းလုံခြုံစွာ အမြန်ဆုံးပြန်နိုင်ရေး မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာ အခုကျင်းပနေတဲ့ ၇၅ နှစ်ပြည့် ကုလသမဂ္ဂ အ ထွေထွေညီလာခံကို ပေးပို့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ စနေနေ့ ဗွီဒီယိုမိန့်ခွန်းမှာဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလက်ခံ စောင့်ရှောက်ထားတဲ့ သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ဝိုင်းဝန်းအဖြေရှာ ပေး ကြပါလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina က နိုင်ငံတကာကို မေတ္တာရပ်ခံလိုက်တာ ဖြစ်ပါတယ်။

 
မြန်မာပြည်က ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ရောက်လာ တာ သုံးနှစ်ကျော်ကြာလာပြီ ဖြစ်ပေ မယ့် အခုအချိန်အထိ တဦးတေ ယာက်တာင်မှ နေရပ်ပြန်နိုင်ခွင့် မရှိသေးတဲ့အ ပေါ် ဒီအကျပ်အတည်း အ ဖြေကို မြန်မာနိုင်ငံထဲမှာ ရှာဖို့နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းဘက်ကလည်း ဒီ့ထက်ပိုမိုထိရောက်တဲ့ အခန်း ကဏ္ဍတွေကနေ တိုက်တွန်းဖိ အားပေး ဆောင်ရွက်ပေးဖို့ ဝန်ကြီးချုပ်က မနေ့က ပြောသွားခဲ့တာပါ။

အခုလိုမျိုး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဘက်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ရိုဟင်ဂျာတွေအရေး အလေးထား ထည့်သွင်းတောင်းဆို မေတ္တာရပ်ခံသွားတဲ့ အပေါ်မှာတော့ ရိုဟင်ဂျာဒုက္ခသည်တွေဘက်က အထူးကျေးဇူး တင်ပါတယ်လို့ ဂျန်သူလေ ရိုဟင်ဂျာဒုက္ခသည်စခန်း အမှတ် ၁၅ မှာ ခိုလှုံနေထိုင်တဲ့ ဒုက္ခသည် ဦးမောင်ကျော်မြင့်က ပြောပါတယ်။

“ကုလသမဂ္ဂမှာ ကျနော်တို့အရေး ပြောသွားတာကို ချီးကျူးပါတယ်၊ ဝမ်းလည်းဝမ်းသာပါတယ်၊ ကြိုလည်း ကြို ဆိုပါတယ်လို့ ပြောချင်ပါတယ်ခင်ဗျ။ အဓိကကတော့ ကျနော်တို့ ရိုဟင်ဂျာတွေက Peacefully ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ကျနော်တို့ကြုံနေရတဲ့ Crisis အခက်အခဲကို ဖြေရှင်းပေးဖို့ ကြိုးစားနေကြတယ်။ ဒါပေမယ့် မြန်မာအစိုးရဘက်ကတော့ ကျနော်တို့နဲ့ ပူးပေါင်းဖို့အတွက် အဆင်သင့်မရှိဘူး။ အဲ့ဒါကြောင့် မြန်မာအစိုးရအနေနဲ့ ကျနော်တို့ ရိုဟင်ဂျာကိုယ်စားလှယ်တွေနဲ့ ကမ့်ပ်ထဲမှာ လာပြီးတော့ Political Dialogue နိုင်ငံရေးဆွေးနွေးဖို့ ကျနော်တို့ ဖိတ်ခေါ်ပါတယ်။ အဲ့ဒါကိုလည်း တောင်းဆိုချင်ပါတယ်ခင်ဗျ။ နိုင်ငံတကာဘက်ကလည်း ရိုဟင်ဂျာ ကိုယ်စား လှယ်တွေနဲ့ အဓိက ပူးပေါင်းဆောင်ရွက်မှုတွေ ဒီ့ထက်ပိုပြီး အများကြီးလုပ်ဖို့ လိုအပ်တယ်လို့ လည်း ပြောချင်ပါတယ်။”

ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ကုလသမဂ္ဂမှာ ရိုဟင်ဂျာတွေကိုယ်စား ကိုယ်စားပြု တောင်းဆိုခဲ့တဲ့အတွက် နိုင်ငံ တကာကရော မြန်မာနိုင်ငံဘက်ကပါ ရိုဟင်ဂျာတွေအတွက် ရလဒ်ကောင်းတွေ ထွက်ပေါ်ဖို့ ကုတုပေလာင်စခန်း အမှတ် ၁ မှာ ခိုလှုံနေထိုင်သူလည်းဖြစ် ARNU (Arakan Rohngya National Union) အဖွဲ့ရဲ့ အ တွင်းရေးမှူးလည်းဖြစ်တဲ့ ကိုအီလီယာစ်က မျှော်လင့်ပါတယ်။

“ဘင်္ဂလားဒေ့ရှ်ဘက်က ပြောတာက ကျနော်တို့ကို ကိုယ်စားပြုပြီးပြောတာ။ ဒီလိုပြောတာ ကျနော်တို့အတွက် ကောင်းတယ်။ ဒါပေမယ့် နိုင်ငံတကာဘက်ကလည်း ကျနော်တို့အတွက် အကောင်းဆုံး အခြေအနေ တခုကို ဖန်တီးပေးပြီးတော့ ကျနော်တို့တွေ နေရပ်ကို ကျနော်တို့ မြန်မာနိုင်ငံကို နေရပ်ပြန်ဖို့ လုပ်ပေးရင်ပို အဆင်ပြေမယ် ထင်ပါတယ်။ မြန်မာနိုင်ငံဘက်က ဒီလိုမျိုး တိတ်နေတယ်ဆိုရင် အာမခံချက် ဘာမှမရဘဲ ပြန်လို့လည်း ဘာအကျိုးရှိမှာလဲ။ နိုင်ငံသားအခွင့်အရေးရယ် နောက်ပြီးတော့ ဆုံးရှုံးနစ်နာမှုတွေရယ်နောက် ပြီးတော့ တရားမျှတမှုတွေရယ် ဒါတွေအကုန်လုံး ရပြီးမှ ပြန်ချင်တာပေါ့။”

ဌာနေပြန်ရေး မရေရာတဲ့ ရိုဟင်ဂျာတွေ နိုင်ငံသစ်မှာ အခြေချနိုင်ရေး မျှော် လင့်
ဒီရိုဟင်ဂျာဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်မှာ လာနေကြတာ သုံးနှစ် ကျော်လာပေမယ့် နေရပ်မပြန်နိုင်ကြသေး တဲ့ အခြေအနေအပေါ် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရဲ့ စိုးရိမ်မှုကို ဘာလုခါလီ စခန်း ၁၊ အမှတ် ၁၀ မှာ ခိုလှုံနေ ထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးစိုးမြင့်က လည်း အခုလိုသုံး သပ်ပါတယ်။

“သူပြောသလိုပဲ ကျနော်တို့လည်း ကျနော်တို့ အမိနိုင်ငံတော်ကို ပြန်ချင်တာပေါ့ဗျာ။ ကိုယ့်နေရပ်ဒေသကို အမြန်ဆုံး စောနိုင်သမျှ အဆောတလျင် ကျနော်တို့လည်း ပြန်ချင်တာပေါ့။ ဒါပေမယ့် မြန်မာအစိုးရဘက် ကတော့ သိပ် လှိုက်လှိုက်လှဲလှဲ မရှိဘူးဆိုတာ ကျနော်တို့ သုံးနှစ်ကြာလာတဲ့အထိ ဘာမှ ထူးထူးခြားခြား မတွေ့ရတော့ သူတို့ဘက်က ကျနော်တို့ကို လျစ်လျူရှုထားတယ်လို့ ကျနော်တို့က အဲ့လိုပဲ သဘောထား တယ်။ နိုင်ငံတကာ အသိုင်း အဝိုင်းကို ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေချိန်နဲ့ တပြေးညီ ကျနော် တို့ တောင်းဆိုချင်တာက မြန်မာအစိုးရကို ဖိအားပေးပေးပါ။ ကျနော်တို့ အဆောတလျင်ပြန်နိုင်အောင် နိုင် ငံတ ကာ အနေနဲ့ ဝိုင်းဝန်းပြီးတော့ ကျနော်တို့ကို ပံ့ပိုးကူညီပေးကြပါလို့ ကျနော်တို့အနေနဲ့ မေတ္တာရပ် ခံချင် တယ်။”

သူတို့တွေ နေရပ်ပြန်လိုတာကတော့ ဒုက္ခသည်တွေရဲ့ရှေ့ရေး အထူးသဖြင့် ရိုဟင်ဂျာကလေးငယ်တွေရဲ့ အနာ ဂတ်ပညာရေးကို ဦးစိုးမြင့်တို့လို ရိုဟင်ဂျာတွေက စိုးရိမ်နေကြလို့ပါ။

“ကျနော်တို့ သုံးနှစ်တင်းတင်းကြာပြီ။ ကျနော်တို့ကလေးတွေရဲ့ အနာဂတ်က ပျောက်နေတယ်။ နောင်မလို လား အပ်တဲ့ လမ်းကြောင်းပေါ် ကလေးတွေရောက်သွားမှာကို ကျနော်တို့က အင်မတန်စိုးရိမ်တယ်။ ဒီမှာကေလးတွေရဲ့ အနာဂတ်မရှိဘူး။ ကလေးတွေအတွက် ပြောရမယ်ဆိုရင် ငါးတန်းထက်ကျော်တဲ့ကျောင်း ဒီမှာမရှိဘူး။ အဲ့ဒီ့အခါမှာ စိုးရိမ်တာက ကလေးတွေဟာ လမ်းကြောင်းမှန်ကနေ လမ်းကြောင်းမှားကို သွားနိုင်တယ် ဆိုတာကို ကျနော်တို့က အဲ့ဒါကိုပဲ စိုးရိမ်တယ်။ ကျနော်တို့ ဂုဏ်သိက္ခာရှိရှိ နောက် လုံခြုံစိတ်ချ စွာနဲ့ ကိုယ့်နေရပ်ရင်းဒေသကို ပြန်နိုင်အောင်လို့ ဝိုင်းစီစဉ်ပေးကြပါလို့ ကျနော်တို့က တောင်းဆိုချင်တယ်။”

ဒီဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ဘင်္ဂလားဒေ့ရှ်ဘက်က ဒီလို ကုလညီလာခံမှာ တောင်းဆို မေတ္တာရပ်ခံ နေချိန်မှာ ရိုဟင်ဂျာဆိုတဲ့ အသုံးကို လက်ခံမထားတဲ့ မြန်မာအစိုးရက ပြန်လည်လက်ခံရေးတွေ စီစဉ်နေ တယ်လို့ ဆိုထားပေမယ့် လက်ရှိ ဒီရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း နိုင်ငံတကာ တရားခုံရုံးမှာ တရားရင်ဆိုင် ဖြေရှင်းနေရဆဲ ဖြစ်ပါတယ်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */