RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-06-10
မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာ တစ်သန်းကျော်ကို ပြန်လည်လက်ခံဖို့ ကတိပေးထားပေမယ့် တကယ်တမ်း လက်ခံဖို့ တွန့်ဆုတ်နေတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက မနေ့က စွပ်စွဲလိုက် ပါ တယ်။
လွတ်လပ်တဲ့ အာရှအသံ
2019-06-10
ရိုဟင်ဂျာအမျိုးသမီး ဒုက္ခသည်များ။
Photo: AFP
Photo: AFP
မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာ တစ်သန်းကျော်ကို ပြန်လည်လက်ခံဖို့ ကတိပေးထားပေမယ့် တကယ်တမ်း လက်ခံဖို့ တွန့်ဆုတ်နေတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက မနေ့က စွပ်စွဲလိုက် ပါ တယ်။
တစ်ချိန်တည်းမှာလည်း နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ဒီပြဿနာကို မဖြေရှင်းချင်ဘဲ ရေရှည်ဆက် ထားချင်တဲ့ သဘောတွေ့နေရတယ်လို့လည်း ပြောလိုက်ပါတယ်။
ဂျပန်၊ ဆော်ဒီအာရေးဗီးယား၊ ဖင်လန် ၃ နိုင်ငံခရီးစဉ်က ပြန်ရောက်ပြီးနောက်ရက် သူမ နေအိမ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ရှိတ်ဟာဆီနာက ပြောကြားလိုက်တာဖြစ်ကြောင်း Dhaka Tribune သတင်း ဌာနက ရေးသားဖော်ပြပါတယ်။
ဒီပြဿနာဟာ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး နှစ်ဖက်လက်မှတ်ရေးထိုးထားပေမယ့် မြန်မာအစိုးရ အနေနဲ့ ပြန်လက်ခံဖို့ ဆန္ဒမရှိတဲ့ အချက်အပေါ်မှာ မူတည်နေတယ်လို့ မြင်ကြောင်း မစ္စဟာဆီနာက ပြောပါ တယ်။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အစိုးရအဖွဲ့တာဝန် ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟာ လာမယ့် ဇူလိုင်လမှာ တရုတ် သမ္မတက ဦးဆောင်ကျင်းပမယ့် ထိပ်သီးညီလာ ခံ ကို တက်ရောက်ဖို့ရှိကြောင်းနဲ့ အဲဒီညီလာခံမှာ ရိုဟင်ဂျာကိစ္စကို ထည့်သွင်းဆွေးနွေးသွားမယ်လို့လည်း ပြောပါတယ်။
အလားတူ အိန္ဒိယ သမ္မတက ဖိတ်ကြားမယ်ဆိုရင်လည်း တွေ့ဆုံဆွေးနွေးသွားဖို့ရှိကြောင်းလည်း ပြောပါတယ်။

No comments:
Post a Comment