Tuesday, June 18, 2024

မောင်တောမြို့က ရိုဟင်ဂျာတွေအတွက် စိုးရိမ်ကြောင်း ကုလမဟာမင်းကြီးပြော

RFA
RFA Burmese
2024.06.18 

၂၀၂၄ ခုနှစ် ဇွန်လ ၄ ရက်နေ့က မလေးရှားနိုင်ငံရှိ ကုလသမဂ္ဂရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့က် (Volker Turk) အား တွေ့ရစဉ်။AFP 

ရက္ခိုင့်တပ်တော် (AA) က မြို့ထဲမှာရှိနေသူတွေထွက်ခွာဖို့ပြောထားတဲ့ မောင်တောမြို့က ရိုဟင်ဂျာတွေအရေး စိုးရိမ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့က် (Volker Turk) က ဇွန်လ ၁၈ ရက်နေ့က ပြောကြားလိုက်ပါတယ်။

ဇွန်လ ၁၈ ရက်နေ့က ကျင်းပတဲ့ (၅၆) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ကုလ သမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့က် (Volker Turk) က ပြောကြားခဲ့တာပါ။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း တိုက်ပွဲတွေမှာ ရိုဟင်ဂျာတွေ ပိတ်ဆို့ခံထားရပြီး ပြောင်းရွှေ့ဖို့ ရက္ခိုင့်တပ်တော် (AA) က သတိပေးထုတ်ပြန်ထားပေမဲ့ ရိုဟင်ဂျာတွေအနေနဲ့ ထွက်ပြေးစရာအခြေ အနေတွေမရှိတဲ့အကြောင်းနဲ့ ဘူးသီးတောင်မြို့ ဖြစ်စဉ်လိုမျိုးဖြစ်လာမှာကို စိုးရိမ်ရတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့က် (Volker Turk) က ပြောထားပါတယ်။

စစ်ကောင်စီရဲ့ နှစ်ပေါင်းများစွာဆောင်ရွက်လာတဲ့သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းတွေကြားမှာ ရာဇဝတ်မှုတွေဖြစ်လာနိုင်တယ်လို့လည်း ကုလမဟာမင်း ကြီးက သတိပေးပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကြောက်မက်ဖွယ်စစ်ပွဲဗျူဟာတွေသုံး တိုက်ခိုက်နေပြီး နေအိမ်တွေ မီးရှို့ခံရ တာ၊ ဒေသခံပြည်သူတွေ သတ်ဖြတ်ခံနေရတာနဲ့ အဓမ္မစစ်မှုထမ်းခိုင်းခံရတာတွေကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တွေမြို့နယ်အနီးက ရခိုင်တိုင်းရင်းသားကျေးရွာတွေကို ပြောင်းရွှေ့ဖို့ စစ်ကောင်စီက ကြိုး စားနေပြီး ဗျိုင်းဖြူရွာက အစုလိုက်အပြုံလိုက်သတ်ဖြတ်ဖမ်းဆီးခံနေရတာတွေကို ထည့်သွင်းပြောကြားခဲ့ပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံတဝန်းမှာ ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပိုမိုဆိုးရွားစွာ ထိခိုက်ပျက်စီးတာတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

မကြာသေးခင်က စစ်ကိုင်းနဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ် သား ပြည်သူအများအပြား သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကျူးလွန်နေတာကို ရပ်တန့်နိုင်ဖို့နဲ့ နိုင်ငံတကာက လူသားချင်းစာနာ ထောက်ထားမှု အကူ အညီတွေပေးအပ်ဖို့ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့က် (Volker Turk) က တိုက်တွန်းထားပါတယ်။


ဆက်နွယ်သောသတင်းများ

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */