" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, March 2, 2024

ရခိုင်ပြည်ရှိ ဘင်္ဂလီများမှာ နိုင်ငံသားမဟုတ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန်စုဆောင်းခြင်းမရှိဟု စစ်ကောင်စီသတင်းစာများတွင် ရေးသားပြီး လက်တွေ့မြေပြင်တွင် အတင်းအဓမ္မစုဆောင်းပြီး စစ်သင်တန်းပေးနေ

Narinjara
ရက်စွဲ: ၀၂ မတ် ၂၀၂၄

ရခိုင်ပြည်ရှိ မွတ်ဆလင်အသိုင်းအဝိုင်းမှ လူငယ်လူရွယ်များကို စစ်မှုထမ်းရန် အတင်းစုဆောင်းပြီး သင်တန်းပေးနေသော်လည်း စစ်ကောင်စီပိုင်သတင်းစာတွင် ထိုသို့ စုဆောင်းခြင်းမရှိဘဲ သတင်းမှားများသာဖြစ်ကြောင်း ရေးသားဖော်ပြသည်။

လက်ရှိ စစ်တွေအမြောက်တပ် အမတ (၃၇၃) တွင် မွတ်ဆလင် လူငယ် ၃၁၅ယောက်ကို ဆန်တစ်အိတ်၊ ငွေ၅သောင်းစီပီးပြီး သင်တန်းပေးနေသလို ကျောက်ဖြူ ကျောက်တစ်လုံးမွတ်ဆလင် စခန်းမှလည်း အသက် ၁၈ နှစ်မှ ၅၀ အကြား ဒုက္ခသည် ၁၁၇ ဦးအား ခေါ်ယူပြီး သင်တန်း ပေးနေကြောင်း သိရသည်။

အလားတူ ဘူးသီးတောင်မြို့ စစ်ကောင်စီတပ်နယ်တွင်လည်း အနည်းဆုံး မွတ်ဆလင် လူငယ် ၃၀၀ ကျော်ကို အတင်းဓမ္မစုဆောင်းကာ သင်တန်းပေးသည်ဟု ဒေသခံ မွတ်ဆလင်များက ပြောဆိုသည်။

ထိုသို့ သင်တန်းပေးနေသော်လည်း ဖေဖော်ဝါရီ ၂၈ ရက်ထုတ် စစ်ကောင်စီသတင်းစာတွင် “ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအား ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် စုဆောင်းနေသည် ဟူသော သတင်းများ လုံးဝမှန် ကန်မှုမရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြောကြားသည်ဟု ဆိုကာ စစ်ကောင်စီက သတင်းဖော်ပြသည်။

အဆိုပါ သတင်းစာထဲတွင် ရခိုင်ပြည်နယ်တွင်ရှိသော ဘင်္ဂါလီများအား စစ်မှုထမ်း ရန် SAC က စာရင်းကောက်ယူနေသည်ဆိုသော သတင်းမှာ လုံးဝမှန်ကန်မှုမရှိဘဲ လုပ်ကြံဖန်တီး ရေးသားထားခြင်းသာ ဖြစ်ကြောင်း ရခိုင်ပြည် နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုကြောင်း၊

ဘင်္ဂလားဒေ့ရှ်မီဒီယာတစ်ခုဖြစ်သည့် The Business Standard ၏ ဝက်ဘ်ဆိုက် သတင်းတစ်ခုတွင် မြန်မာအစိုးရက ဒုက္ခသည်စခန်းများရှိ အကန့် အသတ်ခံထားရသည့် ဘင်္ဂါလီများကို လွတ်လပ်စွာ သွားလာခွင့်ပေးမည်ဟု ကမ်းလှမ်းပြီး စစ်မှုထမ်းစေရန် လုပ်ဆောင်နေသည်ဟု သတင်းရေးသား ထားကြောင်း၊ ဘင်္ဂလားဒေ့ရှ်သတင်း ဌာနအချို့က တရားမဝင် မြန်မာမီဒီယာအချို့၏ ရေးသားချက်ကို ကိုးကား၍ ရေးသားနေကြခြင်းဖြစ်ကြောင်းနှင့် RFA ၏ အခြေ အမြစ်မရှိသောသတင်းကို ကိုးကားရေးသားခြင်း ဖြစ်ကြောင်း သိရသည်ဟုလည်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ “ အဲဒီလိုမျိုး မရှိပါဘူး။ ဘင်္ဂါလီတွေက နိုင်ငံသား လည်းမဟုတ်ဘူး။ ပြီးတော့ စစ်မှုထမ်းဥပဒေ ကလည်း အခုအချိန်ထိ တိုင်းဒေသကြီး၊ ပြည်နယ်၊ ဦးစီးအဖွဲ့တွေပဲ ဖွဲ့ရသေးတယ်။ ခရိုင်၊ မြို့နယ်၊ ရပ်ကျေး စတဲ့အဖွဲ့တွေ အများကြီးဖွဲ့ရဦးမှာ။ နည်းဥပဒေလည်း ထုတ်ပြန်ရဦးမှာ။ အဲဒါတွေ လုပ်ရဦးမှာဆိုတော့ အခုထွက်နေတဲ့ သတင်းတွေ က မဟုတ်ပါဘူး။ ဒီမှာတော့ အဲဒီလိုတွေမရှိဘူး” ဟု ပြောသည်ဟုလည်း သတင်းတွင် ဆက်လက်ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်အခြေစိုက် ဒါကာထရီဗျူးသတင်း ဌာနက နယ်စပ်ဒေသရှိ ထောင်နှင့်ချီသော ဘင်္ဂါလီ ဒုက္ခသည်များအား လက်ရှိဖြစ်ပွားနေသော တိုက်ပွဲ တွင် ပါဝင်တိုက်ခိုက်ရန် ခေါ်ဆောင်သွားသည် ဟု အတည်မပြုနိုင်သေးသော သတင်းများ ထွက်ပေါ်နေကြောင်းလည်း မဟုတ်မမှန် ရေးသား ဖော်ပြထားသည်ဟု စစ်ကောင်စီပိုင် သတင်းစာက ရေးသားသည်။

စစ်တွေမြို့ သက်ကယ်ပြင်ဒုက္ခသည်စခန်းမှ မွတ်ဆလင်လူကြီးတစ်ဦးကမူ စစ်တွေမွတ်ဆလင်ဒေသခံများအနေဖြင့် စစ်မှုထမ်းရန်စုဆောင်းနေ၍ လူတိုင်းစိုးရိမ်နေကြရကြောင်း၊ စစ်တပ်က စစ်မှုထမ်းရန် စာရင်းကောက်ယူမှုများရှိနေသလို လက်ရှိလည်း သင်တန်းတက်နေကြရသူ ၃၀၀ ကျော်အထိရှိသည်ဟု ပြောကြားသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */