" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, October 7, 2020

ဒုက္ခသည်များဆိုင်ရာ ကုလမဟာမင်းကြီး COVID 19 ကူး စက်ခံရ

VOA

ဗွီအိုအေ (မြန်မာဌာန)
07 အောက်တိုဘာ၊ 2020

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့နှစ်ပတ်လည် ညီလာခံ ပထမနေ့ ဖွင့်ပွဲ အခမ်း အနားကို လူကိုယ်တိုင် ဦးဆောင် တက်ရောက်ခဲ့ပြီးတဲ့နောက် UNHCR အဖွဲ့ မဟာမင်းကြီး Filippo Grandi COVID-19 ကူးစက်ခံရတယ်လို့ ပြောပါတယ်။ တနင်္လာနေ့ကစပြီး ဂျီနီဗာမြို့ မှာ တစ်ပတ်ကြာပြုလုပ်နေတဲ့ UNHCR အမှုဆောင် ကော်မတီအစည်းအဝေးကို လူကိုယ်တိုင် မတက်ရောက်တော့ဘဲ ဗီဒီယိုက တဆင့်သာ တက်ရောက်နိုင်တော့မယ်လို့ Filippo Grandi က အစည်းအဝေး တက်ရောက်သူတွေကို ဒီကနေ့ အင်္ဂါနေ့မှာ ပြောလိုက်တာလည်း ဖြစ်ပါတယ်။

COVID 19 ကူးစက်ခံရလို့ သီးခြားခွဲနေဖို့ လိုအပ်တာကြောင့် UNHCR အမှုဆောင် ကော်မတီ အစည်းအဝေး ကို အိမ်ကနေပဲ တက်ရောက်နေတော့မှာ ဖြစ်တယ်လို့လည်း Grandi က တွစ်တာမှာ ရေးသားပြောကြား ခဲ့ တာပါ။ ရောဂါ လက္ခဏာ မပြင်းထန်လို့ မကြာခင် သက်သာလာမယ်လို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။


 
UNHCR အမှုဆောင် ကော်မတီ နှစ်လည် ညီလာခံ ပထမနေ့ ဖွင့်ပွဲ အခမ်း အနား ကျင်းပတဲ့ ကုလသမဂ္ဂ အ စည်းအဝေးခန်းမကြီးမှာ တနင်္လာနေ့က Grandi က ကိုယ်စားလှယ် အဖွဲ့တွေကို စင်မြင့်ပေါ်ကနေ မိန့်ခွန်း ပြောကြားခဲ့တာပါ။

UNHCR အဖွဲ့ရဲ့ အမှုဆောင် ကော်မတီ အစည်းအဝေးကို ဒီနှစ်မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် လူကိုယ် တိုင်နဲ့ အဝေးရောက် နှစ်မျိုး ရောပြီး ကျင်းပနေတာ ဖြစ်ပါတယ်။ ကန့်သတ်ထားတဲ့ ကိုယ်စားလှယ် အနည်းငယ်သာ လူကိုယ်တိုင် တက်ရောက်နိုင်ပြီး နှာခေါင်းစည်း ဝတ်ဖို့နဲ့ လူချင်းခွဲခြားပြီးနေဖို့ ကန့်သတ်ချက် တွေနဲ့သာ တက်ရောက်ခွင့် ပြုထားတာ ဖြစ်ပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */