" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, May 25, 2019

ဘေးအ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကုလသ မဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

မြန်မာ့အလင်း
နေပြည်တော် မေ ၂၃
 လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီး ဌာနနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး (United Nations High Commissioner for Refugees- UNHCR) တို့အကြား နားလည်မှု စာချွန်လွှာ(MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံးအစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးစိုးအောင်က ယနေ့ရေးထိုးသည့် နားလည်မှုစာချွန်လွှာသည် အဖွဲ့အစည်း နှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ မူဘောင်တစ်ခုဖြစ်ပြီးအသေးစိတ် လုပ်ငန်းစဉ်များကို ထပ်မံညှိနှိုင်းဆွေး နွေး ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ ဩ့ အရ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရာတွင် အခက်အခဲ များနှင့် စိန်ခေါ်မှုများရှိပါကလည်း မိမိတို့ဝန်ကြီးဌာနအား ဦးစွာအသိပေး ဆောင် ရွက်ရန်ဖြစ်ပါကြောင်း၊ အခက်အခဲများ ရှိခဲ့လျှင်လည်း ညှိနှိုင်းပူးပေါင်း၍ အဖြေရှာကြရန်ဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့်လူသားချင်း စာနာကူ ညီမှု လုပ်ငန်းများကို အလေးထားဆောင်ရွက် ရသကဲ့သို့ တစ်ဖက် တွင် လည်း ဘေးသင့် ဒေသ၏တည်ငြိမ်အေး ချမ်းရေးနှင့် လုံခြုံရေးတို့ကိုပါ ဦးစားပေးလုပ်ဆောင် ရပါ ကြောင်း၊ UNHCR နှင့် လက်ရှိ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ပြည်ပ မှ ပြန်လည်ဝင်ရောက်လာ သောရွှေ့ ပြောင်း အလုပ်သမားများအား ပြန်လည် လက်ခံခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်း နေရပ်စွန့်ခွာသူများအား ထောက်ပံ့ခြင်းနှင့် လူသားချင်းစာနာမှု အကူအ ညီများ ပံ့ပိုးပေးခြင်းလုပ်ငန်းများတွင်လည်း ပိုမိုပူးပေါင်းဆောင်ရွက်နိုင် ရန် မျှော်လင့်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ UNHCR ၏ မဟာ မင်းကြီးMr. Filippo Grandi င ကMoU လက်မှတ်ရေးထိုးနိုင်သည့် အတွက် များစွာဝမ်းမြောက်ပါကြောင်း၊ ဒုတိယဝန်ကြီး၏ အဖွင့်အမှာစကားနှင့် အညီ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံသို့ မိမိ လာရောက်စဉ်အချိန်အတွင်း လက်မှတ် ရေးထိုးနိုင်ရန် စီစဉ်ပေးခဲ့ သည့်အတွက် လည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားသည်။

ထို့နောက် UNHCR၏ မဟာ မင်းကြီးMr. Filippo Grandi နှင့် ဘေးအ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်တို့က နားလည်မှုစာချွန်လွှာ ကို အပြန်အလှန် လက်မှတ်ရေး ထိုး လဲလှယ်ခဲ့ကြ သည်။

အခမ်းအနားသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနတို့မှ တာဝန်ရှိသူများ၊ UNHCR ၏ ဌာနေကိုယ်စားလှယ်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြကြောင်း သိရ သည်။
သတင်းစဉ်

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */