VOA
23 မေ၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
ဗွီအိုအေ (မြန်မာပိုင်း)
ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi ဟာ နိုင်ငံ တော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရတာဝန်ရှိသူတွေနဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ ဆုံပြီး ရခိုင်ပြည်နယ်အရေး ဆွေးနွေးကြပါတယ်။
တွေ့ဆုံရာမှာ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီ အစဉ် (UNDP) တို့နဲ့ လက်မှတ်ရေးထိုးထားတဲ့ နားလည်မှု စာချွန်လွှာ သက်တမ်းတိုးရေး၊ စီမံကိန်းတွေ အကောင်အ ထည်ဖော်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်းလည်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ထိုင်းမြန်မာနယ်စပ်က ယာယီစခန်းတွေမှာ ခိုလှုံနေသူတွေ ကိုယ့်သဘောဆန္ဒနဲ့ နေရပ်ပြန်ရေး၊ မြန်မာအစိုးရ က အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး အစီအစဉ်တွေမှာ UNHCR ကကူ ညီပံ့ပိုးနိုင်မယ့် ကိစ္စတွေကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းလည်း ဖော်ပြထားတာပါ။ မဟာမင်းကြီး Grandi ဟာ ရခိုင် ပြည်နယ် ခရီးစဉ် အပြီးမှာပဲ နေပြည်တော်မှာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တာပါ။
ရခိုင်ပြည်နယ် ခရီးစဉ်မှာတော့ ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်အစိုးရတာဝန်ရှိသူတွေ၊ ဒုက္ခသည်တွေနဲ့တွေ့ဆုံပြီး ဒေသတွင်းက အခြေအနေတွေကို ဆွေးနွေး မေးမြန်းခဲ့သလို၊ စစ်တွေမြို့နယ်မှာရှိတဲ့ စစ်ရှောင်ဒုက္ခသည်စ ခန်း ၂ ခုကိုလည်း သွားရောက်ခဲ့ပါတယ်။ ၅ ရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရောက်နေတဲ့ မဟာမင်းကြီး Grandi ဟာ ရခိုင်ပြည်နယ်ကို ၂ ရက်ကြာ သွားရောက်ပြီး ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ၊ လူမှုအခြေပြုအဖွဲ့အစည်းတွေ ဒေသခံ လူမှုအသိုင်းအဝန်းက ကိုယ်စားလှယ်တွေ၊ ဒုက္ခသည်တွေနဲ့လည်းတွေ့ဆုံခဲ့ပြီး ခရီးစဉ်နောက် ပိုင်းမှာတော့ မြန်မာအစိုးရ အဆင့်မြင့် အရာရှိတွေနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားတာပါ။
ခရီးစဉ်အတွင်း ဒုက္ခသည်တွေရဲ့ စိုးရိမ်ချက်တွေနဲ့ ပတ်သက်လို့ လေ့လာအကဲခတ်မှာဖြစ်သလို၊ ရခိုင်ပြည်နယ် အကျပ်အတည်းနဲ့ ပတ်သက်လို့ ရေရှည်တည်တံ့ ခိုင်မာတဲ့ အဖြေတခု ရှာဖွေဖို့ ကြိုးပမ်းသွားမှာဖြစ်ကြောင်းလည်း ခရီးစဉ်မတိုင်ခင်မှာ သတင်းထုတ်ပြန်ထားပါတယ်။

Link : Here
No comments:
Post a Comment