လွတ်လပ်တဲ့ အာရှအသံ
2019-03-23
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ ဒုက္ခသည်အကာကွယ်ပေးရေးဆိုင်ရာ လက်ထောက် မဟာမင်းကြီး Volker Turk ကို တွေ့ရစဉ် Photo: MUNIR UZ ZAMAN / AFPဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည် ၁ သိန်းကို ဘာရှန်ချားကျွန်းကို ပြောင်းရွေ့မယ့်အစီအစဉ်ကို ကုလသ မဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ ဒုက္ခသည်အကာကွယ်ပေးရေးဆိုင်ရာ လက်ထောက် မဟာမင်းကြီး Volker Turk က ကြိုဆိုလိုက်ပါတယ်။
မနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၅ ရက်ကြာခရီးစဉ်အပြီး အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
ကောက်ဘဇား ခရိုင်က ကုတုပါလောင်း ဒုက္ခသည်စခန်းဟာ အကြီးဆုံး ရိုဟင်ဂျာဒုက္ခသည်စခန်းရှိဖြစ်ပြီး မြန်မာ နိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည် ၆ သိန်းခန့် စုပြုံနေထိုင်ရာ ဖြစ်လို့ အလွန်လူများပြီး ကျပ်သိပ် နေကြောင်း၊ ဘင်္ဂလားဒေ့ရှ် အစိုးရက ဒီလို အဖြေရှာ နေရာချထားပေးတဲ့ ခြေလှမ်းကိုလည်း ကြိုဆိုပါကြောင်း မစ္စတာ တာ့ခ် ကပြောပါတယ်။
ဒီကျွန်းကိုရွေ့ပြောင်းဖို့ကိစ္စ ကုလသမဂ္ဂနဲ့ ဂျပန်နိုင်ငံတို့က ဒီနှစ်ဆန်းမှာ စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ နေရာရွှေ့ပြောင်းတဲ့ကိစ္စ အသေးစိတ်ကို ဆက်လက်ဆွေးနွေးနေ ကြောင်း၊ သွားရောက်နေထိုင်လိုတဲ့သူတွေကို စေလွှတ်သင့်ပြီး သူတို့ဘဝနေထိုင်မှု အဆင်ပြေဖို့လိုကြောင်း လည်း လက် ထောက်မဟာမင်းကြီးက ပြောကြားခဲ့ပါတယ်။
Link : Here
No comments:
Post a Comment