Friday, November 10, 2023

ရှမ်းမြောက်တိုက်ပွဲများကြောင့် ဒေသခံ ၅ သောင်းခန့် စစ်ရှောင်နေရ

ဧရာဝတီ
10 November 2023

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ ၂၇ ရက်မှစ၍ နိုဝင်ဘာ ၉ ရက်ထိ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသခံ ၅ သောင်းခန့်နေရပ်စွန့်ခွာထွက် ပြေးနေရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန် သည်။

ရိုဟင်ဂျာတွေနေရပ်ပြန်ရေး စစ်ကောင်စီနဲ့ ကုလဆွေးနွေး

BBC
၁၀ နိုဝင်ဘာ ၂၀၂၃ 

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) က လက်ထောက်မဟာမင်းကြီး မစ္စတာရာအုမာဇု နဲ့ ကိုယ်စားလှယ်အဖွဲ့ တို့ နေပြည်တော်မှာတွေ့ဆုံပြီး ဘင်္ဂလား ဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကိုပြန်လည်ခေါ်ဆောင်ရေး ဆွေးနွေးကြတာကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဌာ နရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Thursday, November 9, 2023

အစ္စရေး ဂါဇာစစ်ဆင်ရေး နေ့စဉ်လေးနာရီကြာ ရပ်ဆိုင်း ပေးမည်

VOA
ဗွီအိုအေ (မြန်မာဌာန)

၁၀ နိုဝင်ဘာ၊ ၂၀၂၃ 

ဂါဇာကနေ ထွက်ပြေးနေကြတဲ့ ပါလက်စတိုင်း စစ်ဘေးဒုက္ခသည်များ။ (နိုဝင်ဘာ ၉၊ ၂၀၂၃)

အစ္စရေးဘက်က ဂါဇာမြောက်ပိုင်းဒေသ စစ်ဆင်ရေးတွေကို အခုကြာသပတေးနေ့ကစပြီး နေ့စဉ် လေးနာရီကြာ ရပ်ဆိုင်းထားပေးမယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်က ပြောပါတယ်။

အစ္စရေးတပ်တွေဟာ ဂါဇာမြို့မှာ ဟားမတ်စစ်သွေးကြွတွေကို စစ်ဆင်တိုက်ခိုက်နေတာကြောင့် ပါလက်စတိုင်းအရပ်သားအများအပြား အဲဒီဒေသကနေ စွန့်ခွာနေကြရတာပါ။ ဒီအချိန်မှာပဲ အစ္စရေး ဘက်က တနေ့လေးနာရီ အပစ်ရပ်ထားမယ်လို့ အမေရိကန် အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ကောင်စီ ပြောခွင့်ရသူ John Kirby က ပြောဆိုလိုက်တာပါ။ ဒီလို ခဏတာ အပစ်ရပ်ပေးလိုက်တာ ကြောင့် လူသားစာနာမှုလမ်းကြောင်းတွေကို သုံးပြီး ပါလက်စတိုင်းတွေရှောင်တိမ်းထွက်ခွာဖို့အချိန် ရမှာဖြစ်တယ်လို့လည်း John Kirby က ပြောပါတယ်။

ရိုဟင်ဂျာပြန်ပို့ရေးအစီအစဉ် ရပ်တန့်ဖို့ လူ့အခွင့်ရေး အဖွဲ့တောင်းဆို

RFA
2023.11.09 

လူမျိုးတုံးသတ်ဖြတ်ခံရမှု ခြောက်နှစ်ပြည့်အဖြစ် ၂ဝ၂၃ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များ စုရုံးဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။ AFP

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ မြန်မာနိုင်ငံမှာ တရားမဝင် အာဏာသိမ်းထားတဲ့ စစ်ကောင်စီနဲ့ ပေါင်းပြီး ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ဖို့ လုပ်နေတယ်လို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော် ပြလိုက်ပါတယ်။

ဒီလိုလုပ်ရပ်ကို ချက်ချင်းရပ်ဖို့လည်း တောင်းဆိုထားပါတယ်။

အစ္စရေးတိုက်ခိုက်မှုကြောင့် ၁၀ မိနစ်တိုင်း ကလေး ၁ ဦး သေဆုံးနေ

DVB
November 8, 2023


အစ္စရေး တိုက်ခိုက်မှုကြောင့် ၁၀ မိနစ်တိုင်း ကလေးတယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိနေ တယ်လို့ ဟားမတ်စ်ထိန်းချုပ်တဲ့ ဂါဇာကမ်းမြောင်ရှိ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်ရှ်ရပ်ဖ် အယ်လ်ကူဒရာက နိုဝင်ဘာ ၇ ရက်မှာ ပြောပါတယ်။

အစ္စရေး တိုက်ခိုက်မှုကြောင့် ဂါဇာဒုက္ခသည်စခန်း အပျက် အစီးများ ဒရုန်းရိုက်ချက် (ရုပ်သံ)

DVB
November 8, 2023

အစ္စရေးက ပါလက်စတိုင်းတွေရဲ့ ဂါဇာကို နိုဝင်ဘာ ၂ ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အနည်းဆုံးလူ ၁၅ ယောက်သေဆုံးပြီး ဘာရက်ဂျ်ဒုက္ခသည်စခန်းနဲ့ နေအိမ်တွေ အဆောက်အဦတွေ ကြီးကြီးမားမား ပျက်စီးသွားတာ မြင်တွေ့ရပါတယ်။ 

ဂါဇာကို နျူးကလီးယားနှင့်တိုက်ရန် အစ္စရေးဝန်ကြီး ပြောဆို ခဲ့မှု အမေရိကန် ရှုတ်ချ

DVB
November 8, 2023

ဂါဇာကို နျူးကလီးယားနဲ့တိုက်ခိုက်ဖို့ အစ္စရေးရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့တဲ့ အစ္စရေးအစိုးရအဖွဲ့ စစ်ရေးဝန်ကြီးရဲ့ မှတ်ချက်ကို အမေရိကန်က နိုဝင်ဘာ ၆ ရက်မှာ ရှုတ်ချလိုက် ပါတယ်။

အီရန် ဦးဆောင်သည့် မိစ္ဆာဝင်ရိုးတန်းနိုင်ငံများကို တိုက်ခိုက် နေဟု အစ္စရေးပြော

DVB
November 8, 2023

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက သူ့နိုင်ငံဟာ အီရန် ဦးဆောင်တဲ့ မိစ္ဆာဝင်ရိုးတန်းနိုင်ငံ တွေကို ဆန့်ကျင်တဲ့ ကမ္ဘာလုံးဆိုင်ရာတိုက်ပွဲမှာ ပါဝင်နေပြီလို့ နိုင်ငံခြားသံတမန် ၈၀ ကို နိုဝင်ဘာ ၆ ရက်မှာ ပြောခဲ့ပါတယ်။

ဂါဇာမြောက်ပိုင်းကို ဟားမတ်စ်ထိန်းချုပ်မှု ဆုံးရှုံး၊ ဒေသခံ ထောင်ချီ တောင်ဘက်ရွှေ့

DVB
November 9, 2023

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းကို ဟားမတ်စ်တို့ ထိန်းချုပ်မှု ဆုံးရှုံးခဲ့ပြီး ထောင်နဲ့ချီတဲ့ ဒေသခံ တွေဟာ တောင်ဘက်ကို ရွှေ့ပြောင်းခဲ့ကြတယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ် ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီက နိုဝင်ဘာ ၈ ရက် ပြောပါတယ်။

ရိုဟင်ဂျာအရေး ဘင်္ဂလားဒေ့ရှ်ဆောင်ရွက်ချက် လူ့အခွင့် အရေးအဖွဲ့တင်ပြ

RFA
2023.11.09
 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလုခါလီဒုက္ခသည်စခန်းတွင် စားနပ်ရိက္ခာတောင်းခံနေသည့် ရိုဟင်ဂျာဒုက္ခသည်များကို ၂၀၁၇ ခုနှစ်က တွေ့ရစဉ်။ Reuters
 
လူမျိုးတုန်းသတ်ဖြတ်ခံရမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေအတွက် အပြည်ပြည်ဆိုင်ရာမှာ တရားမျှတမှုရရှိစေဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တာ၀န်ရှိပေမယ့် ရိုဟင်ဂျာ တွေ အတွက် ရရှိသင့်တဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ Fortify Rights လူ့အခွင့်အရေး အဖွဲ့က နိုဝင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Wednesday, November 8, 2023

‘Moral duty to stand up’: Rohingya activists join in solidarity with Palestinians

ARAB NEWS
SHEHAB SUMON
November 08, 2023

Collage of photos of Rohingya from Bangladesh to Ireland showing solidarity this week with Palestinians amid Israel’s deadly military campaign in Gaza. (Korim Ullah)

  • In 2017, over 700,000 Rohingya fled to Bangladesh following brutal Myanmar military crackdown
  • Suffering of Palestinians ‘surpasses the injustice we have faced,’ Rohingya activist says
DHAKA: Rohingya activists are expressing solidarity with Palestine as they drew parallels on Wednesday between their plight in Myanmar and Israel’s deadly onslaught in Gaza, which has killed over 10,000 Palestinian civilians in a month.

Tuesday, November 7, 2023

မိုခါမုန်တိုင်းအလွန် ဝမ်းရေးသာမက၊ နေရေးပါ ခက်လာ သည့် ရိုဟင်ဂျာများ

Myanmar Now
ရောင်နီ
September 8, 2023

အရပ်ခပ်ပုပု၊ ခန္ဓာကိုယ်ဝဝဖြိုးဖြိုးနှင့် အသက် ၄၀ အရွယ် ရိုဟင်ဂျာအမျိုးသမီး လိုင်လာဘေဂါမ့်ကို မြင်ရသည်မှာ စိတ်ဓာတ်ကြံ့ခိုင်သန်မာလှသည်ဟု ထင်ရသည်။ လင်ဆုံး၊ သားဆုံးဖြစ်ခဲ့ရသည့် သူ့ ဇာတ်ကြောင်းကို ပြန်ပြောင်းပြောပြသည့်အချိန်တွင်တော့ စိတ်ဓာတ်ကြံ့ခိုင်လှသည် ထင်ရသော ထိုအမျိုးသမီး ငိုယိုနေတော့သည်။

ရိုဟင်ဂျာတွေ ပြန်ခေါ်ဖို့ စစ်ကောင်စီ ကြိုးပမ်းနေတာ ဘာကြောင့်လဲ

Myanmar Now
စထွန်းအောင်
November 1, 2023

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ ကိုယ်စားလှယ်အဖွဲ့ဟာ ကော့ဘဇားခရိုင်၊ တက္ကနပ်မြို့ကို မနေ့ အောက်တိုဘာ ၃၁ ရက်နေ့က ရောက်ရှိလာပြီး ရိုဟင်ဂျာ ဒုက္ခသည်တချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကာလကြာ ရပ်တန့်နေတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကို တရုတ်က ကြားဝင်ဆောင်ရွက်နေတာပါ။ 

Monday, November 6, 2023

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

ဧရာဝတီ
ဆောင်းပါး
6 November 2023

စစ်ဦးစီးအရာရှိချုပ် (ကြည်း) နှင့် စစ်ထောက်ချုပ်တာဝန်တို့ကို ပူးတွဲတာဝန်ယူထားသူ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

စစ်ဗိုလ်များထဲတွင် မင်းသားနှစ်ဦး၏ နာမည်ပေးခံရသော စစ်ဗိုလ်ချုပ်တဦး ရှိသည်။ ဒုဗိုလ်ဘဝမှ ဗိုလ်ချုပ် ဖြစ် သည်အထိ စစ်တပ်ထဲတွင် ရုပ်ရှင်မင်းသားလို နေထိုင်ခဲ့ရသည့်အတွက် ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအား “နေတိုး” သို့မဟုတ် “ပြေတီဦး” ဟု စစ်ဗိုလ်ချုပ်အချို့က နာမည်ပြောင် ပေးထားကြခြင်း ဖြစ်သည်။

ရိုဟင်ဂျာအရေးမျှော်လင့်ချက်

VOA
ဆုမွန်
၀၆ နိုဝင်ဘာ၊ ၂၀၂၃

တရားမဝင်နေရပ်ပြန်လာတဲ့ ရိုဟင်ဂျာတွေ ဘာကြောင့်ဖမ်းခံနေရတာလဲ

သိန်းချီတဲ့ ရိုဟင်ဂျာတွေထဲက "တထောင်"စမ်းသပ်ပြန်ပို့မယ့်ရှေ့ပြေးစီမံချက်တောင် အောင်မြင်အောင် အ ကောင် အထည်မဖော်နိုင်သေးချိန် မိမိတို့နေရပ်ကို အကြောင်းမျိူးစုံနဲ့ ပြန်သွားသူတချို့ကို ခိုးဝင်တံဆိပ် တပ်ပြီး ထောင်ချ အရေးယူအပြစ်ပေးနေတာက ထပ်ပြီး လူ့အခွင့်အရေးချိူးဖောက်မှုပါပဲလို့ ရိုဟင်ဂျာတွေက ပြောဆို လိုက်ပါတယ်။

Link : Here

လူတကာပါးစပ်ဖျားရောက် ရှမ်းမြောက်စစ်ပွဲ အကြောင်းရင်း ခံနှင့် အလားအလာ

Myanmar Now
November 4, 2023
 


စစ်ရေးနှင့် နိုင်ငံရေးအရ အလှည့်အပြောင်းတစ်ခုကို ဦးတည်စေနိုင်သည့် ရှမ်းမြောက်စစ်ပွဲများနှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ် နောက်ခံအကြောင်းရင်းများ ရှိနေသည်။

မြန်မာ့အရေးနှင့် ပတ်သက်၍ လတ်တလောလွှမ်းမိုးနေသော အကြောင်းအရာမှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ် ပွဲများပင်။​ ထိုဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့၏ ရုတ်တရက်စစ်ဆင်ရေးကြောင့် အာဏာ သိမ်း စစ်တပ် အရေးမလှဖြစ်နေကာ စစ်စခန်းများစွာလည်း လက်လွတ်ဆုံးရှုံးထားသည်။

Sunday, November 5, 2023

Shifting global attention signals catastrophe for Rohingya refugees

ARAB NEWS
Dr. Azeem Ibrahim
November 05, 2023

Rohingya refugees walk towards the Balukhali refugee camp in Bangladesh after fleeing from Myanmar. (AFP/File)
In the midst of turmoil in the Middle East, the world’s attention has been understandably preoccupied. Yet, there are corners of the globe where human suffering is unseen and happening in slow motion. The Rohingya refugee crisis in Bangladesh is one such tragedy. For years, Medecins Sans Frontieres has been a lifeline for Rohingya refugees, providing essential medical services to this vulnerable population. However, MSF has now reached a breaking point in several areas, and the consequences of this will have long-lasting, devastating effects on the Rohingya and place an even heavier burden on Bangladesh.

Friday, November 3, 2023

အစ္စရေး ဓားစာခံများ ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရဟု ဟားမတ်စ် ခြိမ်းခြောက်

DVB
November 2, 2023

ပိတ်ဆို့ခံထားရတဲ့ ဂါဇာကမ်းမြောင်မှာ ဖမ်းဆီးခံထားရတဲ့ အစ္စရေး ဓားစာခံတွေဟာ ပါလက်စတိုင်းတွေကြုံတွေ့ နေရတဲ့ တူညီတဲ့ သေဆုံးမှုနဲ့ ပျက်စီးခြင်း ဘေးတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပါလက်စတိုင်း ဟားမတ်စ်ခေါင်း ဆောင် အစ္စမေးလ် ဟာနီယာက နိုဝင်ဘာ ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။

အစ္စရေးက ဂါဇာတွင် အစုအပြုံလိုက်သတ်ဖြတ်မှု ၃ ကြိမ် ကျူးလွန်ဟု ဟားမတ်စ်စွပ်စွဲ

DVB
November 3, 2023

အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသမှာ ၂၄ နာရီအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၃ ကြိမ် ပြုလုပ်ခဲ့ ကြောင်း ဟားမတ်စ် တာဝန်ရှိသူတဦးက နိုဝင်ဘာ ၂ ရက်မှာ စွပ်စွဲ ပြောကြားခဲ့ပါတယ်။ 

ဂျာဘာလီယာနဲ့ နူဆေရတ် ဒုက္ခသည်စခန်းတွေကို အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူ လူပေါင်း ၁,၀၀၀ ကျော်ရှိကြောင်း ဟားမတ်စ်ရဲ့ နိုင်ငံတကာဆက်ဆံရေးအရာရှိ အော့ဆာမာ ဟမ်ဒန်က ဘေ ရွတ်မြို့မှာ ပြောဆိုခဲ့ပါတယ်။ 

အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း ဟားမတ်စ်တပ်မှူး ၁ ဦး သေဆုံး

DVB
November 3, 2023

အစ္စရေးစစ်တပ်က ဟားမတ်စ်တပ်မှူးတဦးဖြစ်တဲ့ မူစတာဖာ ဒါလူကို လေကြောင်းတိုက်ခိုက်မှုအတွင်း ရှင်းလင်း နိုင်ခဲ့တယ်လို့ နိုဝင်ဘာ ၃ ရက်မှာ အတည်ပြုပါတယ်။ 

အခင်းဖြစ်ပွားရာ ဘိတ် ဟန်နွန် နယ်မြေအတွင်း ရှာဖွေရေးပြုလုပ်ခဲ့ရာမှာ AK-47 ရိုင်ဖယ်သေနတ်တွေ၊ စက်သေ နတ်တွေ၊ ဆက်သွယ်ရေးပစ္စည်းတွေနဲ့ မြေပုံတွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ 

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */