" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, November 7, 2023

ရိုဟင်ဂျာတွေ ပြန်ခေါ်ဖို့ စစ်ကောင်စီ ကြိုးပမ်းနေတာ ဘာကြောင့်လဲ

Myanmar Now
စထွန်းအောင်
November 1, 2023

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ ကိုယ်စားလှယ်အဖွဲ့ဟာ ကော့ဘဇားခရိုင်၊ တက္ကနပ်မြို့ကို မနေ့ အောက်တိုဘာ ၃၁ ရက်နေ့က ရောက်ရှိလာပြီး ရိုဟင်ဂျာ ဒုက္ခသည်တချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကာလကြာ ရပ်တန့်နေတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကို တရုတ်က ကြားဝင်ဆောင်ရွက်နေတာပါ။ 

ဒီနှစ်အတွင်း ရိုဟင်ဂျာ ၇၀၀၀ ကျော်လောက်ကို ပြန်ခေါ် မယ်လို့ စစ်ကောင်စီဘက်က ပြောထား ပေမဲ့ အခုနှစ်ကုန်ခါနီးအထိ တစ်ယောက်မှ ပြန်မခေါ်နိုင် သေးပါဘူး။ မိသားစု ၈၄ စုကို ကိုယ်စား ပြုတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံပြီး ပြန်လည် လက် ခံရေးအစီအစဉ်ကို စစ်ကောင်စီ ကိုယ် စားလှယ်အဖွဲ့က ရှင်းပြခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ရိုဟင် ဂျာတွေ အစဉ်တစိုက် တောင်း ဆို နေတဲ့ နိုင်ငံသားအခွင့်အရေးပေးဖို့၊ လုံခြုံရေးအာမခံချက်ပေးဖို့နဲ့ မူလနေရာမှာ ပြန်လည်နေရာ ချ ထားပေးဖို့ကိုတော့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့က ကတိပေး နိုင်တာ မရှိဘူးလို့ အဲ့ဒီတွေ့ဆုံပွဲ ကို တက်ရောက်ခဲ့သူတစ်ဦးက ပြောပါတယ်။

ရိုက်ကူး – Mohammed Zonaid

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */