" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, November 9, 2023

ဂါဇာမြောက်ပိုင်းကို ဟားမတ်စ်ထိန်းချုပ်မှု ဆုံးရှုံး၊ ဒေသခံ ထောင်ချီ တောင်ဘက်ရွှေ့

DVB
November 9, 2023

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းကို ဟားမတ်စ်တို့ ထိန်းချုပ်မှု ဆုံးရှုံးခဲ့ပြီး ထောင်နဲ့ချီတဲ့ ဒေသခံ တွေဟာ တောင်ဘက်ကို ရွှေ့ပြောင်းခဲ့ကြတယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ် ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီက နိုဝင်ဘာ ၈ ရက် ပြောပါတယ်။


“ဂါဇာကမ်းမြောင် မြောက်ပိုင်းကနေ တောင်ပိုင်းကို ဂါဇာလူမျိုး ငါးသောင်းလောက် ရွှေ့လာတာကို တွေ့ခဲ့ရကြောင်းနဲ့ မြောက်ပိုင်းမှာ ဟားမတ်စ်တွေ ထိန်းချုပ်မှု ဆုံးရှုံးသွားပြီး ပိုဘေးကင်းတဲ့ နယ်မြေ ဖြစ်တဲ့ တောင်ဘက်ကတော့ ဆေးဝါး၊ ရေနဲ့ အစားအစာ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီ တွေ ရရှိပြီး ပိုလုံခြုံတယ်လို့ နားလည်တဲ့အတွက် ရွှေ့ပြောင်းလာကြတာဖြစ်ကြောင်း” ဟာဂါရီက ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေး ရှိလာမှာ မဟုတ်ပေမဲ့ တောင်ဘက်ကို ပြောင်းရွှေ့မယ့် ဒေသခံတွေကို အခွင့်အ ရေးပေးဖို့အတွက် သီးခြားအချိန်တွေမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တိုက်ပွဲ ခနရပ်နား ပေးမှုတွေကို အစ္စရေးက ခွင့်ပြုထားကြောင်းလည်း ဟာဂါရီက ဆိုပါတယ်။

အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်တို့ အသုံးပြုတယ်လို့ဆိုတဲ့ ဥမင်လိုဏ်ခေါင်း တွေရဲ့ တည်နေရာနဲ့ ဖျက်ဆီးပစ်မှုတွေကို ပြသထားတဲ့ ဗီဒီယိုဖိုင်တွေကို နိုဝင်ဘာ ၈ ရက်က ထုတ်ပြန် ခဲ့ပါတယ်။

တိုက်ခိုက်ရေးအင်ဂျင်နီယာတွေဟာ ဂါဇာကမ်းမြောင် အောက်ရှိ ကီလိုမီတာ ရာနဲ့ချီ ရှည်လျားတဲ့ ဟား မတ်စ် ဥမင်လိုဏ်ခေါင်းကွန်ရက်ကို ဖျက်ဆီးဖို့ ဖောက်ခွဲရေးပစ္စည်းတွေကို အသုံးပြုနေကြောင်း အစ္စ ရေး စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီက ဗုဒ္ဓဟူးနေ့မှာ ပြောကြား ခဲ့ပါတယ်။

အခုချိန်အထိ စစ်တပ်က ဥမင်လိုဏ်ခေါင်းပေါက်ပေါင်း ၁၃၀ ကို ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ထားပါ တယ်။

Source/Photo-Reuters

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */