Sunday, May 28, 2023

Beijing to facilitate repatriation of Rohingyas

The Daily Star
UNB, Dhaka
Sat May 27, 2023

Says China's vice minister as he holds talks with Bangladesh foreign secretary 
China today reiterated its resolve to facilitate the early, safe, sustainable and voluntary repatriation of the Rohingyas to Rakhine State from Bangladesh.

At the 12th Foreign Office Consultations held at the State Guest House Padma today, Bangladesh and China agreed in principle to have dedicated dialogue on public security issues.

Bangladesh delegation was led by Foreign Secretary Masud Bin Momen while the Chinese delegation was led by Sun Weidong, vice minister of the Ministry of Foreign Affairs of China. 
 

စစ်တွေမြို့နယ်က မိုခါမုန်တိုင်းဒဏ်သင့် ကျေးရွာများ

RFA
လွတ်လပ်တဲ့အာရှအသံ
2023.05.28 

စစ်တွေမြို့နယ် ဗေဒါကျေးရွာကို ၂၀၂၂ နိုဝင်ဘာ ၁၂ ရက်နေ့က ဂြိုဟ်တုဓာတ်ပုံတွင် တွေ့ရပုံ (ဝဲ) နှင့် မုန်တိုင်းတိုက်ပြီးနောက် ၂၀၂၃ မေ ၂၁ ရက်နေ့က တွေ့ရပုံ (ယာ)။ (Credit: Maxar Technologies; Planet Lab)


အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ဗဟိုပြုပြီး ၂ဝ၂၃ ခုနှစ် မေလ ၁၄ ရက် နေ့က ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ တစ်နာရီကို ၁၃၇ မိုင်နှုန်းအထိ လေပြင်းတိုက်ခတ်ခဲ့တာပါ။ မုန်တိုင်း ကြောင့် လူပေါင်း ၄ဝဝ ကျော် သေဆုံးခဲ့ရပြီး ရိုဟင်ဂျာမွတ်စလင်တွေ အများစုဖြစ်ပါတယ်။

မိုခါမုန်တိုင်းအရေး ရိုဟင်ဂျာ ခေါင်းဆောင်တစ်ဦးနဲ့ ဆက် သွယ် မေးမြန်းချက်

VOA
ဆုမွန်
၂၈ မေ၊ ၂၀၂၃

မုန်တိုင်းမိုခါ ဒဏ်နဲ့ ရိုဟင်ဂျာတွေ ထိခိုက်သေဆုံးမှု များပြားခဲ့ရတာဟာစစ်ကောင်စီဘက်က ရည်ရွယ်ချက်ရှိရှိ တ မင် လုပ်ဆောင်သလိုဖြစ်ခဲ့တယ်လို့ ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာများအဖွဲ့က သတင်းထုတ် ပြန် ပါတယ်။ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာအသင်း ဥက္ကဋ္ဌဦးထွန်းခင်ကို မဆုမွန်ဆက်သွယ်မေးမြန်းထား ပါတယ်။

Link : Here

Friday, May 26, 2023

မုန်တိုင်းသင့်ပြည်သူတွေကို အကူအညီပေးရေးလမ်းဖွင့် ပေးဖို့ စစ်ကောင်စီကို ကုလတောင်းဆို

RFA
RFA Burmese
2023.05.25
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဒါးပိုင် ရိုဟင်ဂျာဒုက္ခသည်စခန်းရှိ နေအိမ်များအား ၂၀၂၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့က တွေ့ရစဉ်။ Photo: RFA

မြန်မာနိုင်ငံက မိုခါဆိုင်ကလုန်း မုန်တိုင်းသင့်ဒေသတွေကို အကူအညီတွေ သေသေချာချာ ရောက်ရှိစေဖို့အ တွက် ကူညီပေးရေးလမ်းကြောင်းတွေကို ဖွင့်ပေးဖို့ ကုလသမဂ္ဂက မေလ ၂၄ ရက်နေ့က စစ်ကောင်စီကို တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

မုန်တိုင်းဒဏ် အရေးပေါ်အကူအညီ ဥရောပသမဂ္ဂ ဒေါ်လာ ၂.၇ သန်း ကူညီမည်

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၆ မေ၊ ၂၀၂၃
မိုခါမုန်တိုင်းဒဏ်သင့် ကျောက်ဖြူမြို့မြင်ကွင်း၊ မေ ၁၅၊ ၂၀၂၃

မြန်မာနိုင်ငံနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရ်ှ လူမှုအသိုင်းအဝိုင်းအတွက် မုန်တိုင်းဒဏ်ကယ်ဆယ်ရေး အရေးပေါ်အကူအညီအဖြစ် အီးယူဥရောပသမဂ္ဂက ယူရိုငွေ ၂ သန်းခွဲ (ဒေါ်လာ ၂.၇ သန်းကို) ပေးအပ်မယ်လို့ ဥရောပကော်မရှင်က ေကြညာပါတယ်။

စစ်တွေသဲချောင်းအုန်းတော ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ လူတရာကျော်ဝမ်းရောဂါဖြစ်နေပြီး ကလေးငယ်တဦးသေ ဆုံး

Delta News
May 26, 2023
 

မိုခါမုန်တိုင်းဝင်ရောက်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်စစ်တွေမြို့က ရိုဟင်ဂျာစခန်းတွေမှာ အကူအညီတွေဆက် လက်လိုအပ်နေပြီး သဲချောင်းအုန်းတောရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာဆိုရင်လည်း အသက်ငါးနှစ်အောက်ကလေးတွေ အပါအဝင် လူဦးရေ ၁၀၀ ကျော်က ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ရိုဟင်ဂျာနေရပ်ပြန်ရေး စစ်ကောင်စီဝန်ကြီး ဘင်္ဂလားဒေ့ရှ် သို့ ထပ်မံသွားရောက်

DVB
May 26, 2023


ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး ဆွေးနွေးဖို့ စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မျိုး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ၁၄ ဦးက မေလ ၂၅ ရက်မနက်က ကော့ဘဇားခရိုင် တဲခ်နာ ဒုက္ခသည်စခန်းကို ဒုတိယအကြိမ်လာရောက်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune သတင်းမှာဖော်ပြပါတယ်။

ရိုဟင်ဂျာနေရပ်ပြန်ရေး ဆွေးနွေးဖို့ စစ်ကောင်စီ ကိုယ်စား လှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်သွားရောက်

မဇ္စျိမ
26 May 2023
 
ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ကော့ဘဇားခရိုင် တဲခ်နာဖ်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း အမှတ် (၂၆) ကို စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေဟာ မေလ ၂၅ ရက်နေ့မှာ ရောက်ရှိနေတယ်လို့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

Decolonizing History in ‘Myanmar’: Bringing Rohingya Back into Their own History

 Michael W. Charney


Abstract


This article makes two main arguments. First, it argues that due to the imperial roots of Area Studies the views of many contemporary states and many scholars on the Rohingya, Rakhine, and Myanmar have been shaped by colonial perspectives. Second, it argues that the Rohingya were erased historically from Rakhine by the British colonial state and this erasure has been reinforced by the country focus of US Area Studies during the Cold War and after. It concludes that societies in the global south may also have to decolonize how they construct and organize knowledge, and what their governments do with it in terms of policy, so they can escape the continual problems caused originally by the colonial administrative convenience.
 

‘မြန်မာနိုင်ငံ’၏သမိုင်းအပေါ် ကိုလိုနီစနစ်လွှမ်းမိုးမှုကို ပယ် ဖျက်ခြင်း – ရိုဟင်ဂျာလူမျိုးများအား ၎င်းတို့၏ကိုယ်ပိုင် သမိုင်းအတွင်း သို့ပြန်လည်ပို့ဆောင်ခြင်း

 Michael W. Charney


စာတမ်းအကျဉ်း

ဤဆောင်းပါးတွင် အဓိကသုတေသနတွေ့ရှိချက်နှစ်ခုကိုဖော်ပြထား ပါသည်။ ပထမအချက်မှာ ကိုလိုနီပြုခြင်း မှ မြစ်ဖြားခံလာခဲ့သော အရှေ့တောင်အာရှဒေသလေ့လာရေးနယ်ပယ်သည်ခေတ်ပြိုင်နိုင်ငံများနှင့် သုတေသီ များ၏ ရိုဟင်ဂျာ၊ ရခိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ လေ့လာမှုများချဉ်းကပ်ပုံကိုလွှမ်းမိုးထားခြင်းဖြစ်သည်။ ဒုတိယအ ချက် မှာ ရိုဟင်ဂျာများကို ဗြိတိသျှကိုလိုနီခေတ်က ရခိုင်သမိုင်းမှ သမိုင်း ကြောင်းအရ ဖျောက်ဖျက်ခံခဲ့ရပြီး ယင်း ဖျောက် ဖျက်ခံခဲ့ရမှုသည် စစ်အေးကာလအတွင်းနှင့် စစ်အေးတိုက်ပွဲအပြီးတွင် အမေရိကန်ပညာရပ်အဝန်း အ ဝိုင်း မှ ဦး ဆောင်သောအရှေ့တောင်အာရှဒေသလေ့လာရေး နယ်ပယ်၏အားဖြည့်ပေးမှုဖြင့် ဆက်လက်တည်ရှိ နေခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့တောင်ဘက်ရှိ နိုင်ငံများသည် ကိုလိုနီ နည်းကျတည်ဆောက်ခဲ့သည့်အသိပညာ အ ဆောက်အအုံ ကို ကိုစနစ်တကျဖြို ဖျက်ရမည်ဖြစ်ပြီးယင်းနိုင်ငံများ၏အစိုးရများသည်လဲ ကိုလိုနီခေတ်အုပ်ချုပ် ရေးအဆင်ပြေစေရန်ဖန်တီးတည်ဆောက်ခဲ့သည့်မူဝါဒများကိုဖယ်ရှားနိုင်မှသာဤကဲ့သို့သောပြဿနာများမှလွတ် မြောက်နိုင်မည် ဖြစ် သည်။

Thursday, May 25, 2023

Myanmar's resurgent nationalism shapes new political landscape

NIKKEI ASIA
Thant Myint-U
October 5, 2017 


The United Nations Security Council in recent weeks has placed new focus on Myanmar through discussions about violence in the country's western Rakhine state, allegations of "ethnic cleansing" and the exodus of hundreds of thousands of refugees into neighboring Bangladesh.

Missing though was the bigger picture in Myanmar, beyond Rakhine, which will not only shape future options for refugee return, but also regional stability, and any possibility of a better life for all the country's peoples.

Aside from Rakhine, there are at least another half million internally displaced persons, around 20 ethnic-based armed groups (the largest with more than 20,000 soldiers), hundreds of militias in the rest of the country and no real peace in sight. In addition, the economy is far from healthy, with the stability of the banking sector in question, investor confidence in decline, and prospects for millions of the poorest people in Asia in the balance. Meanwhile, Beijing is offering major infrastructure projects that would tie the country more closely with China's interior provinces and essentially make Myanmar China's bridge to the Indian Ocean.

နိုင်ငံရေးမြင်ကွင်းသစ်ကို ပုံသွင်းလိုက်သည့် ပြန်လည်နိုးထ လာသော မြန်မာအမျိုးသားရေးဝါဒ

Thant Myint-U
Oct 7, 2017
The Voice Journal



မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင် ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် အကြမ်း ဖက်မှုများ၊ လူမျိုးရေး ရှင်းလင်း သည် ဆို သော စွပ်စွဲမှုများ၊ သိန်းနှင့်ချီသည့် ဒုက္ခသည်များ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ဝင်ရောက်ခြင်း များကို ဆွေးနွေးခြင်းမှတစ်ဆင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် မကြာသေးခင် ရက်သတ္တပတ်များအတွင်း မြန်မာနိုင် ငံ အပေါ် အသစ်တစ်ဖန် အာရုံစိုက်လာသည်။

ယင်းကဲ့သို့ဆွေးနွေးမှုတွင် ပျောက်ဆုံးနေသည့်အရာသည် ရခိုင်ဒေသအလွန် မြန်မာနိုင်ငံတွင်း ဖြစ်ပွားလျက်ရှိ သည့် ပိုမိုကျယ်ပြန့်သော နောက်ခံအခြေအနေပင်ဖြစ်သည်။ ယင်းနောက်ခံကပင် ဒုက္ခသည်များ ပြန်လာရေးအ တွက် အနာဂတ်တွင် ရွေးချယ်ရန် နည်းလမ်းများကိုသာမက ဒေသတွင်းတည်ငြိမ်မှု၊ ထို့အပြင် တစ်နိုင်ငံလုံးရှိ ပြည် သူများအတွက် ကောင်းမွန်သည့်ဘဝများ ဆောင်ကြဉ်းနိုင်ရေးကိုပါ ပုံဖော်ပေးလိမ့်မည်ဖြစ်သည်။

ရခိုင်ဒေသမှတစ်ပါး အခြားသောဒေသများတွင် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးနေရသူ သန်းဝက်ခန့်ထက်မ နည်း၊ လူမျိုးစုအခြေပြု လက်နက်ကိုင်အုပ်စု ၂၀ ခန့် (ယင်းအနက် အင်အားအကြီးမားဆုံးအုပ်စုတွင် စစ်သား ၂၀,၀၀၀ ကျော် ရှိသည်)၊ တိုင်းပြည်တစ်ဝန်းရှိ ရာနှင့်ချီသည့် ပြည်သူ့စစ်များ၊ စစ်မှန်သည့်ငြိမ်းချမ်းရေး ရုပ်လုံးမ ပေါ်ခြင်း စသည့်အခြေအနေများ ရှိနေသေးသည်။ ယင်းအပြင် စီးပွားရေး ခိုင်မာစွာရပ်တည်နိုင်ရေး အလှမ်းဝေး ကွာနေပြီး ဘဏ်လုပ်ငန်းနယ်ပယ်တည်ငြိမ်မှု မေးခွန်းထုတ်ခံနေရခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည် ချက် ကျဆင်းလျက်ရှိသည်။ အာရှဒေသ၌ အဆင်းရဲဆုံး ပြည်သူသန်းပေါင်းများစွာ၏ အနာဂတ်သည် မရေရာမ သေချာ။ ယင်းအချိန်တွင် တရုတ်ကုန်းတွင်းပိုင်း ပြည်နယ်များနှင့် မြန်မာနိုင်ငံကို အနီးကပ်ချိတ်ဆက်ပေးမည့် အဓိ ကအခြေခံအဆောက်အဦ စီမံကိန်းများဖော်ဆောင်ရန် တရုတ်အစိုးရက ကမ်းလှမ်းလျက်ရှိသည်။ အဆိုပါ ကမ်း လှမ်းမှုသည် မြန်မာနိုင်ငံကို တရုတ်နိုင်ငံ၏ အိန္ဒိယသမုဒ္ဒရာသို့ သွားရာတံတားအဖြစ် လုပ်ဆောင် ခြင်း လည်း ဖြစ်သည်။

ပျောက်သောသူ ပြန်၍တွေ့သည့်ပမာ

 မေယုနယ်ခြားခရိုင်ဟူ၍ သီးခြားသတ်မှတ်ဖွင့်လှစ်လိုက်ခြင်းသည် မေယုခရိုင် နယ်သူနယ်သား အားလုံးတို့၏ လူမှုရေး၊ စီးပွားရေးအဆင့်အတန်းများကို မြှင့်တင်လိုက်ခြင်း သာမက ပျောက်နေသော သူတယောက်ကို ရှာ ဖွေ ဖော်ထုတ်လိုက်ခြင်းလည်း မည်ပေသည်။ ထိုစကားကို ရှင်းရပေဦးမည်။

ယခု မေယုနယ်ဟု သတ်မှတ်လိုက်သော ဘူးသီးတောင်၊ မောင်းတောနယ်များတွင် ၉၇ – ရာခိုင်နှုန်းသည်ရိုဟင်ဂျာ လူမျိုးများ နေထိုင်ကြ၏။ သို့သော် ရိုဟင်ဂျာဆိုသည့် အမည်ကို ပြည်မက လူထုကမသိ၊ ရိုဟင်ဂျာတို့၏ယဉ်ကျေးမှု ကို ပြည်မလူထုကမမြင်၊ ပြည်ထောင်စုသားတွေ စစ်စစ်ဖြစ်လျက်နှင့် ရိုဟင်ဂျာတို့၏ မျိုးရိုးစဉ်ဆက်နှင့် ယဉ်ကျေးမှု ဓလေ့ ထုံးတမ်း မှတ်တမ်းတို့သည် ပြည်ထောင်စုတွင် မပေါ်ထင် ပျောက်၍နေသကဲ့သို့ပင် ရှိခဲ့သည်။ တနည်းဆို သော် ရိုဟင်ဂျာတို့သည် ပျောက်နေသော သူတယောက်ပမာ ရှိခဲ့ပေ၏။





 

 

 

ယခုမူ နယ်ခြားဒေသအုပ်ချုပ်ရေးဌာနက သူတို့ လူမျိုးစုတွေကို ပြည်ထောင်စုသားများအဖြစ် အသိအမှတ်ပြုကာ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အဆင့်အတန်းတွေ လူတန်းစေ့ဖြစ်အောင် မြှင့်တင်ပေးတော့မည်ဟု ဒု – ကာ ကွယ်ရေးဦးစီးချုပ် (ကြည်း) ကိုယ်တိုင် ကတိပေးခဲ့သည်ဖြစ်ရာ သူတို့ ရိုဟင်ဂျာတတွေသည် နိုးကြားတက်ကြွ သည့် စိတ်များဖြင့် သူတို့၏ မျိုးရိုး အဆက်အနွယ် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ နယ်ခြားဒေသအုပ်ချုပ် ရေးဌာနအား ထင်မြင်ချက် စသည်အားဖြင့် သုံးပိုင်း သုံးကဏ္ဍ ခွဲခြားကာ ခေတ်ရေးအဖွဲ့သို့ လာရောက်တွေ့ဆုံ ပြောကြားတင်ပြကြသည်ဖြစ်ရာ ပတမဆုံးကဏ္ဍဖြစ်သော ရိုဟင်ဂျာတို့၏ မျိုးရိုးအဆက်အနွယ်သမိုင်းကို အောက် ပါ အတိုင်း ခေတ်ရေးစာစောင်က ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ဖော်ပြလိုက်ရသည် ဖြစ်ပေကြောင်း။

မိုခါမုန်တိုင်းသင့် မိုခါမုန်တိုင်းအတွက် အီးယူက အရေးပေါ် အကူအညီ ပေါင် ၂ သန်းခွဲ ထောက်ပံ့မည်

DVB
May 25, 2023 

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက အင်အားပြင်း မိုခါမုန်တိုင်းသင့် ရိုဟင်ဂျာဒုက္ခသည် တွေအတွက် ဉ ရောပ သမဂ္ဂ (အီးယူ) က အရေးပေါ် အကူအညီ ပေါင် ၂ သန်းခွဲ ထောက်ပံ့ သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

အီးယူအမှုဆောင်အဖွဲ့က မေ ၂၅ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ ဒီအကူအညီဟာ အထူးသဖြင့် မြန်မာနိုင်ငံ ရခိုင် ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်မှာ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ တွေရဲ့ “အရေးတကြီး လိုအပ်ချက်တွေ” ကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

Wednesday, May 24, 2023

UN To Cut Food Rations Again For Rohingya Refugees In Bangladesh

euroasiareview
BenarNews

Kamran Reza Chowdhury and Abdur Rah
May 24, 2023

Rohingya children look at food offered at a shop in the Leda refugee camp in Teknaf, Cox’s Bazar, Bangladesh. Photo Credit: Abdur Rahman/BenarNews
 
The United Nations food agency is reducing rations for Rohingya in Bangladesh for the second time this year citing a funds shortage, a move that refugees fear could push them to the brink of starvation.

Starting June 1, the World Food Program will cut food aid to U.S. $8 a month per person from $10 – after having cut the monthly food ration from $12 in March – marking a total decline of 33% to date this year, a Bangladeshi official confirmed on Tuesday.

မြန်မာတွင် မုန်တိုင်း ကယ်ဆယ်ရေးအတွက် ကုလသမဂ္ဂက ဒေါ်လာ ၃၃၃ သန်း တောင်းထား

ဧရာဝတီ
AFP
24 May 2023 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဆိုင်ကလုန်းမိုခါဒဏ် ခံထားရစဉ် / ဧရာဝတီ

မိုခါမုန်တိုင်းကြောင့် ထိခိုက်သူ ၁ ဒသမ ၆ သန်းအတွက် မိုးရာသီမတိုင်မီ အမိုးအကာ၊ ဆေးကုသရန် အဆောက် အအုံ၊ အစားအစာနှင့် သန့်ရှင်းသောရေ ထောက်ပံ့ရန် အရေးပေါ်ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၃၃၃ သန်း လို အပ် ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာရုံးက မေလ ၂၃ ရက်နေ့တွင် မေတ္တာရပ်ခံ လိုက်သည်။

လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်အတွက် စစ်ကောင်စီကို အချိန် ပေးနေမှု ဝေဖန်ခံနေရ

RFA
RFA Burmese
2023.05.24

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့က ကြားနာစစ်ဆေးစဉ်။ ICJ

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်အတွက် စစ်ကောင်စီဘက်က ထုချေလွှာ တင်သွင်းရမယ့် ရက်ကို နိုင်ငံတကာတရားရုံး (ICJ) က နောက်ထပ် သုံးလ ရွှေ့ဆိုင်းလိုက် တဲ့အပေါ် စိတ်ပျက်မိတယ်လို့ ရိုဟင် ဂျာ ဒုက္ခသည်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ က ပြောပါတယ်။

အမှန်တကယ် ထုချေလွှာ တင်ရမယ့်ရက်ဟာ ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၄ ရက်ဖြစ်ပြီး စစ်ကောင်စီဘက်က အဆင်သင့် မဖြစ်သေးတာကြောင့် ၂၀၂၄ ခုနှစ်ထဲအထိ ရွှေ့ဆိုင်းပေးဖို့ အရင်ဆုံး တောင်းဆိုခဲ့တာပါ။ ဒါကြောင့် တရားရုံးက တစ်လနောက်ဆုတ်ပြီး မေလ ၂၄ ရက် ဒီနေ့မှာ ထုချေလွှာတင်သွင်းဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်များအတွက် စားနပ်ရိက္ခာ ထောက်ပံ့မှုကို WFP က ထပ်မံ လျှော့ချမည်

မဇ္စျိမ
AFP
23 May 2023

ငွေကြေးထောက်ပံ့မှု မရရှိခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများ၌ နေထိုင်သော ရိုဟင်ဂျာဒုက္ခသည် တစ်သန်းခန့်အတွက် စားနပ်ရိက္ခာ ကူညီထောက်ပံ့မှုကို သုံးလအတွင်း ဒုတိယအကြိမ်မြောက်အဖြစ် ထပ်မံ လျှော့ ချဖြတ်တောက်ရလိမ့်မည် ဖြစ်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာ အေဂျင်စီက မေ ၂၂ ရက်တွင် ပြော သည်။

ရိုဟင်ဂျာများအတွက် တစ်လလျှင် လူတစ်ဦးကို ၁၀ ဒေါ်လာနှင့် ညီမျှသည့် စားနပ်ရိက္ခာများ ခွဲဝေထောက်ပံ့ပေး နေရာမှ ယခုအခါ ဇွန်လ ၁ ရက်မှစပြီး လူတစ်ဦးကို ရှစ်ဒေါ်လာနှင့် ညီမျှသည့် ပမာဏဖြင့်သာ လျှော့ချ ထောက် ပံ့ရတော့မည် ဖြစ်ကြောင်း ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ ပြောရေးဆိုခွင့်ရှိသူ ကွန်လီက အေအက်ဖ် ပီကို အီးမေးလ်မှတစ်ဆင့် ပြောသည်။

ရိုဟင်ဂျာဒုက္ခသည် နေရပ်ပြန်ရေးပြဿနာ အဖြေရှိမလား

VOA
ဗီအိုအေ မြန်မာပိုင်း
မြသဇင်အောင်
တင်မောင်သန်း
၂၄ မေ၊ ၂၀၂၃

 

 

 

 

Link: Here


Tuesday, May 23, 2023

UK provides additional support for Rohingya and host communities in Bangladesh, in the aftermath of cyclone Mocha

UK.GOV
From: British High Commission Dhaka
Published21 May 2023

The UK is providing an additional £2.3 million (over 300 million Taka) in humanitarian support for the Rohingya refugees and host communities in Bangladesh. 

This new UK support will provide Rohingya communities with health care, shelter, and basic site management support. It will also strengthen safeguarding systems for Rohingya refugees and host communities in Cox’s Bazar.

Acting British High Commissioner to Bangladesh, Matt Cannell, announced this additional funding during a visit to the Rohingya camps and host communities in Cox’s Bazar in the aftermath of cyclone Mocha.
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */