" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, May 26, 2023

မုန်တိုင်းဒဏ် အရေးပေါ်အကူအညီ ဥရောပသမဂ္ဂ ဒေါ်လာ ၂.၇ သန်း ကူညီမည်

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၆ မေ၊ ၂၀၂၃
မိုခါမုန်တိုင်းဒဏ်သင့် ကျောက်ဖြူမြို့မြင်ကွင်း၊ မေ ၁၅၊ ၂၀၂၃

မြန်မာနိုင်ငံနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရ်ှ လူမှုအသိုင်းအဝိုင်းအတွက် မုန်တိုင်းဒဏ်ကယ်ဆယ်ရေး အရေးပေါ်အကူအညီအဖြစ် အီးယူဥရောပသမဂ္ဂက ယူရိုငွေ ၂ သန်းခွဲ (ဒေါ်လာ ၂.၇ သန်းကို) ပေးအပ်မယ်လို့ ဥရောပကော်မရှင်က ေကြညာပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေရှိရာ Cox Bazaar ဒေသတွေဟာ အရေးတကြီး အကူအညီတွေ အလိုအပ်ဆုံး ဖြစ်နေတာကြောင့် ဒီလို ထောက်ပံ့ကူညီတာလို့ ဆိုပါတယ်။

မုန်တိုင်းမိုခါဟာ တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက အိုးအိမ်ရွှေ့ပြောင်းနေထိုင်ရသူတွေရဲ့ ယာ ယီခိုနားရာ နေရာတွေကိုပါ အကြီးအကျယ် ပျက်စီးစေခဲ့ပြီး၊ ဒေသတွင်း ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမယ့်အန္တ ရာယ်တွေ တိုးများနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */