" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, May 26, 2023

စစ်တွေသဲချောင်းအုန်းတော ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ လူတရာကျော်ဝမ်းရောဂါဖြစ်နေပြီး ကလေးငယ်တဦးသေ ဆုံး

Delta News
May 26, 2023
 

မိုခါမုန်တိုင်းဝင်ရောက်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်စစ်တွေမြို့က ရိုဟင်ဂျာစခန်းတွေမှာ အကူအညီတွေဆက် လက်လိုအပ်နေပြီး သဲချောင်းအုန်းတောရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာဆိုရင်လည်း အသက်ငါးနှစ်အောက်ကလေးတွေ အပါအဝင် လူဦးရေ ၁၀၀ ကျော်က ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မုန်တိုင်းဝင်ရောက်ခဲ့ပြီးနောက် အဝီစိရေတွင်းတုံကင်တွေမှာ ဆားငံရေဝင်ရောက်သွားတာ၊ သောက်သုံးရေရှာ းပါးလာတဲ့ အခက်အခဲတွေနဲ့ ရေလောင်းအိမ်သာတွေ မရှိတော့တာကြောင့် ဒီလိုဝမ်းပျက်ဝမ်းလျှောရောဂါတွေ စတင်ဖြစ်ပွားလာတာ ဖြစ်တယ် လို့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးဝန်ဆောင်မှု ပေးနေသူတစ်ဦးက ပြောပါတယ်။

“အခုက ကျွန်တော်တို့ တွေ့ရသလောက်ဆိုရင် ကလေးတွေ ပိုများနေတယ်၊ ကျွန်တော်တို့က ကလေးတွေ ဦး စားပေးပြီး စာရင်းကောက်နေတယ်ဆိုတော့လေ၊ စာရင်းကို ပြောရမယ်ဆိုရင်တော့ အားလုံး(၁၀၀)ကျော်နီးပါးတော့ ရှိမယ်၊ အချက်အလက်တွေအရပေါ့လေ၊ လူကြီးတွေကတော့ ရှိရင် နည်းတယ်၊ အဲလောက်ထိမများဘူး၊ ကလေးက ပိုများတာ၊ သဲချောင်း အုန်းတောကြီးဘက်ပါတယ်၊ အဓိကတော့ ငါးနှစ်အောက်ကလေးတွေများတယ်၊ အချက်အလက်အရက၊ ဒါက မုန်တိုင်းဝင်ပြီး နောက်ပိုင်းမှာ ဖြစ်လာတာ၊ အခုက ပိုများလာတာ၊ အဲဒါတွေကို စောင့်ကြည့်ရမယ်၊ ပိုများရင် ကလေးတွေ ပိုထိခိုက်လာမယ်၊ ပိုများလာနိုင်တဲ့အခြေနေတော့ ရှိနိုင်တယ်’’ လို့ မြေပြင်မှာအကူအညီပေးနေသူကဆိုပါတယ်။

လက်ရှိမှာ NGO အဖွဲ့အစည်းတွေနဲ့ လူမူရေးအသင်းအဖွဲ့တွေလောက်ကသာ မြေပြင်ကွင်းဆင်းပြီး ကျန်းမာရေးဝန်ဆောင်မှုပေးနေတာကြောင့် အကူအညီလုံလောက်မှု မရှိဘူးလို့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကျန်းမာ ရေးဝန်ဆောင်မှု ပေးနေသူတဦးက ပြောပါတယ်။

“အခုလတ်တလောကတော့ ရန်ကုန်ဘက်က ရောက်နေတဲ့အဖွဲ့တစ်ဖွဲ့ရှိတယ်၊ သူတို့ကလည်း လုပ်ပေးတယ်၊ ဒီဘက်က NGO တွေလည်း လုပ်ပေးတာရှိတယ်၊ အစိုးရဘက်ကတော့ ဆေးရုံမှာ ထိုင်ပေးထားတာ ရှိတယ်၊ အစိုးဘက်ကတော့ ပေးထားတဲ့နေရာပဲ ပေးနေတာ၊ မပေးတဲ့နေရာမပေးဘူး၊ ဘာမှ မရသေးတာတွေ ရှိတယ်၊ လုံ လောက်မှုတော့ မရှိဘူး၊ သူတို့က ပေးနေတဲ့ ဝန်ဆောင်မှုက တနေရာတည်းပေးနေတာဆိုတော့၊ နေရာများနေတယ်လေ’’ လို့ ဆက်ပြောပါတယ်။

ဒီလိုမျိုးသွားလာရခက်ခဲတဲ့ ဒေသတွေဘက်ကို ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝမရရှိခဲ့တာကြောင့် စစ်တွေမြို့ အုန်းတောကြီး ရိုဟင်ဂျာဒုက္ခသည်စခန်းမှ အသက်ငါးနှစ်အောက်ကလေးငယ်တစ်ဦးက မေလ ၂၄ ရက်နေ့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ သေဆုံးသွားရတယ်လို့ ဆိုပါတယ်။

ဒါအပြင် မုန်တိုင်းကြောင့် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ နေအိမ်အဆောက်အဦတွေ အားလုံးနီးပါးပျက်စီးဆုံးသွားတဲ့အတွက် လက်ရှိ အမိုးအကာမရှိဘဲ ပြန်လည်ပြုပြင်ထားတဲ့ တဲတွေမှာ အမိုးကာမဲ့နေထိုင်ရတဲ့အတွက် ဖျားနာမှုတွေရှိနေတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီကတော့ မုန်တိုင်းဝင်ရောက်ခဲ့တဲ့ ဒေသတွေဘက်ကို ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ‌ဆေးအဖွဲ့တွေ ဆက်တိုက်စေလွှတ်နေတယ်လို့ပြောဆိုထားပေမယ့်တကယ်မြေပြင်မှာ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန် ထမ်းတွေက အစိုးရဆေးရုံတွေမှာသာရှိနေတယ်လို့မြေပြင်မှာ ရှိနေတဲ့ကူညီရေးအဖွဲ့တွေကဆိုပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး(UNOCHA)ကတော့ ရခိုင်ပြည်နယ်မှာ မုန် တိုင်း ဝင်ရောက်ပြီး နောက် ရေဖြန့်ဝေတဲ့စနစ်တွေ ပျက်စီးသွားတဲ့အတွက် ရေကနေတဆင့် ကူးစက်ရောဂါတွေ ဖြစ်လာနိုင်ခြေများနေတယ်လို့ မေလ ၂၁ ရက်နေ့မှာ သတိပေးထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ မုန်တိုင်းတိုက်ခတ်ခဲ့တာ ရက်သတ္တပတ် ၂ပတ် နီးပါးကြာမြင့်နေပြီဖြစ်ပေမယ့် ရိုဟင်ဂျာစခန်းတွေမှာတော့ ပျောက်ဆုံးနေဆဲလူတွေရှိသလိုကူညီကယ်ဆယ်ရေးတွေဟာလည်း လိုအပ်နေဆဲဖြစ်ပြီး စားဝတ်နေရေး သောက်သုံးရေအခက်အခဲတွေလိုအပ်နေဆဲဖြစ်တယ်လို့လည်း

မြေပြင်မှာကူညီနေသူတွေကဆိုကြပါတယ်။မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာ လေးရာဝန်းကျင်သေဆုံးခဲ့တယ်လို့ ရိုဟင် ဂျာအရေးလှုပ်ရှားသူတွေက ပြောထားပေမယ့် စစ်ကောင်စီက တော့ အဲ့ဒီအချက် အလက်ကမှားယွင်းတယ်လို့ တုံ့ပြန်ပါတယ်။

တချို့ရပ်ရွာလူကြီးတွေဟာ စစ်ကောင်စီရဲ့ဖိအားကြောင့် စာရင်းတွေလျော့ပေးရတာတွေရှိတယ်လို့လည်းရိုဟင်ဂျာအရေးလှုပ် ရှားသူတဦးက DNA ကို ပြောဆိုထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */