" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, May 26, 2023

ရိုဟင်ဂျာနေရပ်ပြန်ရေး စစ်ကောင်စီဝန်ကြီး ဘင်္ဂလားဒေ့ရှ် သို့ ထပ်မံသွားရောက်

DVB
May 26, 2023


ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး ဆွေးနွေးဖို့ စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မျိုး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ၁၄ ဦးက မေလ ၂၅ ရက်မနက်က ကော့ဘဇားခရိုင် တဲခ်နာ ဒုက္ခသည်စခန်းကို ဒုတိယအကြိမ်လာရောက်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune သတင်းမှာဖော်ပြပါတယ်။

ပြီးခဲ့တဲ့မေလ ၁၅ ရက်ကနေ ၂၀ ရက်အထိ စစ်ကောင်စီလက်အောက်ခံအရာရှိ ၁၇ ဦးပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပထမအကြိမ်လာရောက်ကာ နေရပ်ပြန်ပို့ဖို့ကိစ္စ စုံစမ်းခဲ့ပြီး ဒီတခေါက်မှာတော့ နေရပ်ပြန်ပို့ရေးဂေဟာကို ပို့ဆောင်ထားတဲ့ အမှတ် ၂၆ နယ်မြေက ဒုက္ခသည်တွေနဲ့တွေ့ဆုံဖို့ရှိကာ ရိုဟင်ဂျာတွေနေရပ်ပြန်ရေး စည်းရုံးဆွေးနွေးပွဲပြု လုပ်သွားမယ်လို့သိရပြီး အသေးစိတ်ကိုတော့ဖော်ပြခြင်း မရှိပါဘူး။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */