ဘီဘီစီ မြန်မာပိုင်း
2020.02.13
ကျောင်းဆောင်ပျက်စီးသွားပြီး စာသင်နိုင်တဲ့ အနေအထားမရှိတော့ဘူလို့ ဆိုပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ခမွေချောင်းကျေးရွာ မူလတန်းလွန်ကျောင်းမှာ ဖေဖော်ဝါရီ ၁၃ ရက် မနက် ၁၀ နာရီဝန်းကျင်က လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲလို့ ကျောင်းသား ၂၁ ဦး ဒဏ် ရာရပြီး နှစ်ဦး ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။
မနက် ၁၀ နာရီလောက် ဆရာ၊ဆရာမ မစုံသေးခင် ကျောင်းသားတွေ ပြေးလွှားကစားနေချိန်ကျောင်းဆောင် ရဲ့ တောင်ဘက် ခေါင်မိုးပေါ်မှာ လက်နက်ကြီးကျည်ကျ ရောက်ပေါက်ကွဲခဲ့တယ်လို့ ပေါက်ကွဲတာကိုမျက်မြင် တွေ့ခဲ့သူ ကျောင်းဆရာ ဦးသာအေးမောင်က ဘီဘီစီကို အတည်ပြု ပြောဆိုပါတယ်။
အဲ့ဒီကျောင်းမှာ ကျောင်းသား ၆၀ ကျော်ရှိပြီး လက်နက်ကြီးပေါက်ကွဲမှုကြောင့် KG တန်းကနေ ပဉ္စမတန်းအ ထိ ကျောင်းသား ၂၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ကျောင်းသားတွေထဲက စတုထ္ထတန်း ကျောင်းသူနှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။
လေးတန်းကျောင်းသူ တစ်ဦးခေါင်းမှာ ဒဏ်ရာ အပြင်းအထန် ရခဲ့ပြီး နောက်တစ်ယောက်က ပါးနဲ့ ကျော ကုန်း မှာ ဒဏ်ရာ အပြင်းအထန် ရခဲ့ပါတယ်။

ခမွေချောင်းကျေးရွာဟာ ဘူးသီးတောင်မြို့နယ် အရှေ့မြောက်ဘက်က ခမီလူမျိုးတွေ သီးသန့်နေထိုင်တဲ့ ကျေးရွာတစ်ရွာ ဖြစ်ပြီး အဲ့ဒီကျောင်းမှာလည်း ခမီမျိုးနွယ်စု ကလေးငယ်တွေ ပညာသင်ကြားနေတာ ဖြစ်ပါ တယ်။
အခုလို ပေါက်ကွဲခဲ့တဲ့အတွက် ကျောင်းဆောင်တစ်ခုလုံး ပျက်စီးသွားခဲ့ပြီး စာသင်လို့ရတဲ့ အနေအထား မ ရှိတော့ဘူးလို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက် မနက်ပိုင်း ၉ နာရီ ၁၅ မိနစ်လောက်မှာ ဘူးသီးတောင်မြို့နယ် ကမ်းပိုင်ချောင်းရွာရဲ့ အရှေ့ မြောက်ဘက် ၁ ကီလိုမီတာလောက်အကွာမှာ တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲငယ်တစ်ခု ဖြစ်ခဲ့တာရှိပြီး တပ်မတော်ဘက်က လှမ်းပစ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ အေအေဘက်က ဆိုပါတယ်။
ဒါပေမဲ့ ဒီပေါက်ကွဲနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးနဲ့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ် ရေး ရာ ဝန်ကြီးတို့ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။
တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာဟာ ခမွေချောင်းကျေးရွာနဲ့ တစ်မိုင်လောက် ကွာဝေးပြီး လက်နက်ကြီးတွေ ပစ်ခတ် ရာမှာ ပထမတစ်လုံးက ကျေးရွာအပြင်ဘက်နား၊ ဒုတိယအလုံးက ကျောင်းခေါင်မိုးပေါ်နဲ့ တတိယအ လုံးကတော့ ကျေး ရွာအနီးမှာ ကျရောက်ခဲ့တယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။
"လက်နက်ကြီးကျပြီးတော့ ကလေးတွေက ရွာထဲကိုပြန်လာကြတယ်။ အဲ့ဒီကျောင်းမှာ ကလေးမလေး တစ်ယောက်က ခုံအောက်မှာ သွေးတလူးလူးနဲ့ ကျန်နေခဲ့တယ်။ သူ့ကိုသွားပြီး သယ်ယူခဲ့ရတယ်။ ကျန်တဲ့ ကလေးတွေက သူ့ဟာသူ ပြန်လာနိုင်ကြတယ်"လို့ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးကျော်သာခိုင်က ပြောပါတယ်။
ဒဏ်ရာပြင်းထန်တဲ့ ကျောင်းသူနှစ်ဦးနဲ့အတူ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့ ကျောင်းသားတွေကို ဘူးသီးတောင် ဆေးရုံကို ကုသဖို့ ခေါ်လာစဉ် ဒဏ်ရာပြင်းထန်တဲ့ ကလေးနှစ်ယောက်တည်းကို စကခ ၁၅ ဌာနချုပ်က ဆေးရုံကိုပို့ဆောင် ခွင့်ပြုပြီး ကျန်တဲ့ကလေးတွေကို ခေါ်ထားလိုက်တဲ့အတွက် ဆေးရုံကို နှစ်ယောက်တည်း ရောက်လာခဲ့တယ်လို့ ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ပြောပါတယ်။
အခုဖေဖော်ဝါရီလအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်တွေမှာ တိုက် ပွဲတွေ ပြန်လည်ပြင်းထန်လာခဲ့ပြီး နေ့စဉ်လိုလို ပေါက်ကွဲမှုတွေကြောင့် အရပ်သားသေဆုံးတာတွေ၊ ထိခိုက် ဒဏ်ရာရရှိတာတွေကိုလည်း ဖြစ်ပေါ်နေပါတယ်။
ကျေးရွာတွေမှာ လက်နက်ကြီးကျည်ရောက်ပေါက်ကွဲမှုတွေက ကျောက်တော်မြို့နယ်နဲ့ ဘူးသီးတောင် မြို့ နယ်တွေမှာ အများဆုံး ဖြစ်ပွားနေတာပါ။

Link : Here
No comments:
Post a Comment