မြန်မာတိုင်းမ်နေ့စဉ်
စိုင်းဝဏ္ဏ
10 Nov 2019
ရခိုင်ပြည်နယ်မြောက်ပိုင်း၌ တပ် မတော်နှင့် AA အဖွဲ့တို့တိုက်ပွဲဖြစ်ပွား သည့်ဒေသများအတွင်း ၂၀၂၀ အထွေ ထွေရွေးကောက်ပွဲကျင်းပရန်ရည်ရွယ် ထားပြီး မဲစာရင်းပြုစုထားကြောင်း ရခိုင်ပြည်နယ်ရွေးကောက် ပွဲကော် မရှင်အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောသည်။

၂၀၁၈ ခုနှစ်ကတည်းက AAအဖွဲ့သည် ရခိုင်ပြည်နယ်မြောက်ပိုင်းကို ခြေကုပ်ယူရန်ကြိုးပမ်းရာမှတစ်ဆင့် တပ်မ တော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ ယနေ့အချိန်အထိ ပြင်းထန်နေဆဲဖြစ် ပြီး အရပ်သားအများအပြား စစ် ဘေးသင့်ခဲ့ကာ သေဆုံးမှုများ၊ ဖမ်းဆီးခံရမှုများလည်းရှိနေသည်။
"ကျွန်တော်တို့ကတော့ ရွေးကောက်ပွဲကျင်းပဖို့ ရည်ရွယ်ထားပါ တယ်။ တိုက်ပွဲဖြစ်တဲ့ ဒေသတွေမှာ အခု လောလောဆယ်ပြောဖို့ရာ အချိန် စောပါသေးတယ်။ တစ်နှစ်ကျော်တောင် လိုသေးတယ်။ ကျွန်တော်တို့ ဘက်က တော့ လုပ်မယ်ဆိုရင် လုပ်လို့ရအောင် မဲဆန္ဒရှင်စာရင်းကအစ ပြုစုထားပါ တယ်။ ကျွန်တော်တို့ လုပ်ဖို့ပဲ ရည်ရွယ် ပြီးတော့ ဆောင်ရွက်နေပါတယ်"ဟု ဦးသူရိန်ထွဋ်က ပြောသည်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော် နှင့် AA အကြားဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ရွေးကောက်ပွဲ မ ကျင်း ပနိုင်ဘဲ စစ်ဘောင်ကျယ်မည်ကို စိုးရိမ် ကြောင်း တကောင်းနိုင်ငံရေး လေ့လာမှု အဖွဲ့ အမှုဆောင် ဒါရိုက်တာ ကိုရဲမျိုး ဟိန်းက ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားနေသည့်ဒေသများဖြစ် သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ဒေသတချို့တွင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ခြင်း မရှိခဲ့ပေ။
၂၀၂၀ အထွေထွေရွေးကောက် ပွဲကို ၂၀၂၀ နှစ်ကုန်ပိုင်းတွင်ကျင်းပ မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်က ပြီးခဲ့သည့်အောက်တို ဘာလအတွင်းက ပြောထားသည်။
AA အဖွဲ့သည် လက်ရှိတွင် ရခိုင် ပြည်နယ်မြောက်ပိုင်းဖြစ်သည့် မြောက် ဦး၊ ကျောက်တော်နှင့် မင်းပြားမြို့ နယ် များတွင်အခြေချထားကြောင်း တပ် မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ချုပ်ဇော် မင်းထွန်းက ပြောသည်။
၂၀၁၇ ခုနှစ် ဧပြီလက ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲကာလအတွင်း အေအင်န်ပီပါတီ စစ်တွေမြို့၌ စည်းရုံးရေးဆင်းနေစဉ်။ ဓာတ်ပုံ- အီးပီအေ

Link : Here
No comments:
Post a Comment