Friday, July 31, 2020

ရခိုင်က ပဋိပက္ခဖြစ်တဲ့ဒေသတွေမှာ ရွေးကောက်ပွဲလုပ်ဖြစ် မဖြစ် တပ်သဘောထားအပေါ်မူတည်ပြီး UEC ဆုံးဖြတ် မည်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
31 ဇူလိုင်၊ 2020
မြန်မာနိုင်ငံမှာတော့ စစ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာလုပ်မယ့် ရွေးကောက်ပွဲအတွက် တပ်မတော်က လုံခြုံမူ မရှိဘူးကြေညာလာရင်တော့၊ ဒေသတချို့မှာ နောက်ရွှေ့ကောင်းရွှေ့ရလိမ့်မယ်လို့၊ ရွေးကောက်ပွဲ ကော်မ ရှင် ဥက္ကဌက ပြောလိုက်ပါတယ်။
တပ်မတော်က ထိန်းချုပ်ထားတဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတွေကနေ ဒီပြည်နယ် မှာ လုံခြုံတည်ငြိမ်မူ ရှိမရှိကို မကြာခင် ပိုင်းဖြတ်ပေးမှာဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးလှသိန်းက မနေ့ကပြောခဲ့တဲ့ အပေါ်၊ ရခိုင်ပြည်နယ်တွင်း လူထုထောက်ခံမူအားကောင်းတဲ့ ရခိုင် ပါတီတွဘက်က ပြင်းပြင်းထန်ထန် ပြန်ချေပလိုက်ပါတယ်။

ဦးလှသိန်းက ဒီဒေသတွေမှာ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့က ငြိမ်းချမ်း တည်ငြိမ်မူ မရှိမဖြစ် လိုအပ်တယ် လို့ ပြောအပြီးမှာ ရခိုင် အမျိုးသားပါတီ (ANP) က ပြည်နယ်လွှတ်တော်အမတ် ဦးမောင်လှကျော်ကတော့၊ မဲဆန္ဒ နယ် မြေတစ်ခုမှာ ကိုယ်စားပြုအမတ်မရွေးနိုင်လျှင် ဒေသခံလူထုပဲ ပိုခံစားနစ်နာလိမ့်မယ်လို့ ပြန်ပြော တာကို ရိုက်တာစ် သတင်းဌာနမှာ ဖော်ပြထားပါတယ်။

တပ်မတော်အနေနဲ့ ဒီလုံခြုံရေးခွင့်ပြုချက် မပေးရင်၊ ကော်မရှင်ဘက်က ရွေးကောက်ပွဲ လုပ်ပေးမှာ မဟုတ် ဘူး လို့ ဦးလှသိန်းကပြောအပြီးမှာ၊ တပ်မတော်ပြောခွင့်ရတွေကို ရိုက်တာ့စ်သတင်းဌာနက ဖုန်းခေါ်မေးမြန်း ခဲ့ပေမဲ့ ဖုန်းပြန်မဖြေခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ (၈) ရက်နေ့ကျရင် အထွေထွေရွေးကောက်ပွဲတွေကျင်းပဖို့ ပြင်ဆင်နေချိန်၊ ကိုဗစ် ကမ္ဘာ့ကပ်ရောဂါကြီးနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြင်းထန်လာတဲ့ တိုက်ပွဲတွေနဲ့ ရင်ဆိုင်အခက်ကြုံ လာရတာက၊ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီကူးပြောင်းရေးမှာ အရေးပါတဲ့ စမ်းသပ်မူဖြစ်တယ်လို့ သုံး သပ် မူတွေရှိနေပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */