Saturday, November 14, 2020

ရွေးကောက်ပွဲ အောင်မြင်ခြင်းနှင့် NLD အနိုင်ရသည့်အ ပေါ် ပြည်ပနိုင်ငံအကြီးအကဲများနှင့် သံတမန်များက ဝမ်းမြောက် ဂုဏ်ယူကြောင်း ပြော

မဇ္ဈိမ 
14 November 2020 

ဓာတ်ပုံ - သက်ကို/မဇ္ဈိမ

အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အနိုင်ရသည့်အပေါ် ပြည်ပနိုင်ငံအကြီးအကဲများနှင့် သံရုံးများက ဝမ်းမြောက်ကြောင်းနှင့် ဂုဏ်ယူကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီး မစ္စတာ ဒန်ချက်က “‌အထွေထွေ ရွေး‌ကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့အတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ မဲပေးသူ အရေ အတွက် များပြားခြင်းနဲ့ ရွေးကောက်ပွဲအပေါ် စိတ်အားထက်သန်မှုတွေဟာ မြန်မာ့ဒီမိုကရေစီ လမ်း ကြောင်း မှာ အရေးပါတဲ့မှတ်တိုင်အဖြစ် အထင်အရှားကျန်ခဲ့မှာပါ” ဟု ပြောသည်။

ဗြိတိန် သံအမတ်ကြီးက ဆက်လက်၍ “ဒီမိုက‌ရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ဖို့အတွက် တိုင်းရင်း သား နိုင်ငံရေးပါတီတွေနဲ့ အတူပူးပေါင်း လုပ်ဆောင်မယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဆန္ဒကိုလည်း ကျွန်တော်တို့ သိရှိရတာ ဝမ်းသာပါတယ်။ မြန်မာနိုင်ငံရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအပြည့် အဝ ရရှိရေးမှာလည်း UK အစိုးရက ပံ့ပိုးသွားဖို့ မျှော်လင့်ပါတယ်” ဟု သံရုံး၏ ထုတ်ပြန်ချက်တွင် ပြောထား သည်။

အိန္ဒိယ ဝန်ကြီးချုပ် နရိန္ဒြာ မိုဒီက NLD အနိုင်ရသည့်အပေါ် ဝမ်းမြောက်ကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခြင်းက ဒီမိုကရေစီ အသွင်ကူးပြောင်းရာတွင် နောက်ထပ် အဆင့်တစ်ဆင့် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ် ကြောင်း၊ နှစ်နိုင်ငံကြား အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ပိုမိုခိုင်မြဲစေရန် အဆွေတော် နှင့် အတူ ဆက်လက်ဖော်ဆောင်ရန် မျှော်လင့်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။ ထို့အပြင် အိန္ဒိယ ဝန်ကြီး ချုပ်က အလားတူ ဝမ်းမြောက်ကြောင်း Twitter လူမှုကွန်ရက်တွင်လည်း ရေးသားခဲ့သည်။

စင်ကာပူ ဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်းက NLD ထပ်မံအနိုင်ရရှိရေး ဦးဆောင်မှုပေးနိုင်ခဲ့သည်ကို ဂုဏ်ယူ ဝမ်းမြောက်ကြောင်း၊ ရွေးကောက်ပွဲရလဒ်သည် NLD ၏ ဦးဆောင်မှုနှင့် မြန်မာနိုင်ငံအတွက် မျှော်မှန်းချက် များအပေါ် မြန်မာပြည်သူများ၏ ယုံကြည်ကိုးစားမှု ရှိကြသည်ကို ထင်ဟပ်နေကြောင်း နိုင်ငံတော် အတိုင်ပင် ခံပုဂ္ဂိုလ်ထံ သဝဏ်လွှာ ပေးပို့ခဲ့သည်။

COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့စဉ်ကပင် ကုန်စည်ထောက်ပံ့မှုကွန်ရက် ထိန်းသိမ်းဆောင်ရွက်ရေး၊ ကပ်ရောဂါဆိုင်ရာ သတင်းအချက်အလက်နှင့် အကောင်းဆုံး လုပ်ကိုင်နည်းများ မျှဝေခြင်း၊ စင်ကာပူနှင့် မြန် မာ နိုင်ငံတို့တွင် ရောက်နေသည့် သက်ဆိုင်ရာနိုင်ငံသားများ၏ လိုအပ်ချက်များကို အပြန်အလှန် အကူအညီ ပေးခြင်းတို့အတွက် အတူတကွ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်းလည်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အဆင်ပြေသည့်အချိန်တွင် စင်ကာပူနိုင်ငံသို့ ထပ်မံလာရောက် လည်ပတ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း စင်ကာပူ ဝန်ကြီးချုပ်က ပြောသည်။

စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလာ ခရစ်ရှနန်ကလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို သီးခြားပေးပို့ခဲ့သည်။

ထိုင်းဝန်ကြီးချုပ် မစ္စတာ ပရာယွတ် ချန်အိုချာကလည်း ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခြင်းနှင့် NLD အောင်မြင်မှု ရရှိခြင်းတို့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ထိုင်းအစိုးရနှင့် ထိုင်းပြည်သူများ ကိုယ်စား ပြော ကြားပြီး COVID-19 ကပ်ရောဂါဘေး လျော့ကျလာချိန်တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံခွင့် ရ ရန်၊ ကိုယ်တိုင် ဂုဏ်ပြုစကားပြောရန် စိတ်အားထက်သန်စွာဖြင့် မျှော်လင့်နေကြောင်း ပြောသည်။

ယခုအချိန်အခါတွင် Natural Strategic Partner ဖြစ်သည့် မိမိတို့နှစ်နိုင်ငံ၏ ဆက်ဆံရေးကို ပိုမို ခိုင်မာလာ 

စေ ရန်နှင့် နှစ်နိုင်ငံအကျိုးစီးပွားအတွက် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြင့်လာစေရန် အေ ဆွေ တာ်နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ထိုင်းဝန်ကြီးချုပ်က ကတိပြုသည်။

ထို့အပြင် COVID-19 ကပ်ရောဂါကြောင့် ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ငံရေး မြန်မာ နိုင်ငံ၏ ကြိုးပမ်းမှုများကို ကူညီပေးရန် ထိုင်းက အဆင်သင့်ရှိနေကြောင်း ထိုင်းဝန်ကြီးချုပ်၏ သဝဏ် လွှာတွင် ဖော်ပြထားသည်။

ဘူတန်နိုင်ငံ ဘုရင် ဂျစ်မီ ဆင်း (ဂ်) ရိ ဝန်ချွတ်က NLD ပါတီ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ သံတမန်စွမ်းရည် အပြည့်အဝဖြင့် အိမ်နီးချင်း နိုင်ငံများရော အနောက်နိုင်ငံ များ နှင့်ပါ ပိုမိုကောင်းမွန်သော ဆက်ဆံရေးကို အောင်မြင်စွာ ဆက်လက် ဖော်ဆောင်သွားနိုင်မည်ဟု ယုံကြည် ကြာင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ သဝဏ်လွှာပေးပို့ခဲ့သည်။

ဩစတြေးလျ နိုင်ငံရေးခြားရေးဝန်ကြီး မာရီ ပိန်းက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းသော ရွေးကောက်ပွဲသည် နိုင်ငံ၏ ဒီမိုကရက်တစ် ကူးပြောင်းမှုအတွက် အရေးပါသည့် မှတ်တိုင်ဖြစ်ကြောင်း၊ ဒီမိုကရေစီ ဖြစ်စဉ်တွင် ရိုဟင်ဂျာ  နှင့် တိုင်းရင်းသား လူနည်းစုများ အပြည့်အဝ ပါဝင်နိုင်ရေး သေချာစေရန် လာမည့် မြန်မာအစိုးရကို အားပေး ကြောင်းနှင့် ဒီမိုကရေစီ အပြည့်အဝ ရရှိရေး မြန်မာ့တိုးတက်မှုကို ဩစတြေးလျက ဆက်လက် ပံ့ပိုးကူညီ သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပြောထားသည်။

ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာနကမူ မြန်မာနိုင်ငံတွင် ၂၀၂၀ ရွေးကောက်ပွဲသည် နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် ရွေးကောက်ခံ အရပ်သားအစိုးရက ဦးဆောင်ကျင်းပသည့် ရွေးကောက်ပွဲဖြစ်ပြီး ဒီမိုကရေ စီနည်းကျ လူ့အဖွဲ့အစည်း တည်ဆောက်ရေးတွင် အရေးကြီးသည့် ခြေလှမ်းဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ရွေးကောက်ပွဲရလဒ်ကို လက်ခံရန်၊ ရွေးကောက်ပွဲမှ ထွက်ပေါ်လာသော အရပ်သား အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ရန် ပြင်သစ်နိုင်ငံက တိုက်တွန်းထားသည်။

ပြင်သစ်သည် အာဆီယံ၏ ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံနှင့် ယဉ်ကျေးမှု၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံ ရေး ဆက်ဆံမှုများ ခိုင်မာအားကောင်းစေရန် ဆက်လက်ကူညီမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */