" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, January 19, 2019

ရခိုင်အခြေအနေ ယန်ဟီးလီစိုးရိမ်

VOA
ဗွီအိုအေ မြန်မာပိုင်း
၁၉ ဇန်နဝါရီ၊ ၂၀၁၉
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ယန်ဟီးလီ

ရခိုင်ပြည်နယ်အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသနဲ့ ချင်းပြည်နယ်တို့မှာ တရှိန်ထိုးဖြစ်ပွားနေ တဲ့ အကြမ်းဖက်မှု တွေ အတွက် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်က စိုးရိမ်နေပါတယ်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလကတည်းကစပြီး AA ရခိုင့်အမျိုးသားတပ်နဲ့ မြန်မာ့ တပ်မတော်တို့ ကြား တိုက်ပွဲတွေပြင်း ထန်ခဲ့ပြီး အရပ်သားတွေ သေဆုံးဒဏ်ရာရမှုတွေလည်း ရှိခဲ့ပါတယ်။ ဒေသခံ ၅ထောင် ထက် မနည်း အိုးအိမ်စွန့် ခွာ ထွက်ပြေးကြရပါတယ်။

အရပ်သားတွေ လုံခြုံရေးကို ကာကွယ်ဖို့နဲ့ အင်အားသုံးတိုက်ခိုက်မှုတွေ ဘက်အားလုံးက ရပ်တန့် ကြဖို့ ကိုလည်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ယန်ဟီးလီက တောင်းဆို ထားတာပါ။ ဇန်နဝါရီလ ၄ ရက်နေ့က လုံခြုံရေးကင်းစခန်း ၄ ခုကို AA က တိုက်ခိုက်ခဲ့မှုနဲ့ ဒီတိုက်ခိုက်မှုကို တန်ပြန်တဲ့ တပ်မ တော် ရဲ့ တိုက်ခိုက်မှု တို့ အပေါ် ယန်ဟီးလီက ရှုတ်ချပါတယ်။ အရပ်သားတွေကို ထိခိုက် စေတဲ့ တိုက်ပွဲမျိုးကို AA နဲ့ တပ်မတော်တို့ ဆောင်ရွက်တာ လက်ခံနိုင်စရာမရှိဘူးလို့လည်း သူက ပြောပါ တယ်။ ဇန်နဝါရီလ ၄ ရက်နေ့တိုက်ခိုက်မှု နောက်ပိုင်း ဒီဒေသကို တပ်မတော်က တပ်သားအများ အပြား စေလွှတ်ခဲ့ ပါတယ်။ ဒေသခံတွေနေထိုင်ရာ နေရာတွေမှာ လက်နက်ကြီး လက်နက်ငယ်၊ ရဟတ်ယာဉ် တွေသုံးပြီး တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေ သေဆုံးဒဏ်ရာရခဲ့တဲ့အကြောင်း အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

ရခိုင်ဒေသ အတွင်း ဖြစ်ပျက်နေတာတွေကို ကြည့်ခြင်းဖြင့် တိုင်းရင်းသားဒေသတွေမှာ နှစ်ပေါင်းများစွာ တပ် မ တော် ကျင့်သုံးလာတဲ့ နည်းဗျူဟာတွေကို သိနိုင်တဲ့အကြောင်း ယန်ဟီးလီက ပြောဆိုပါတယ်။ ရခိုင်၊ မြို၊ ဒိုင်းနက်၊ ဟိန္ဒူနဲ့ ရိုဟင်ဂျာအပါအဝင် ရခိုင်ပြည်နယ်တွင်းမှာ နေထိုင်သူအားလုံး ဒုက္ခခံရတာ များနေပြီ ဖြစ်လို့ ရပ် တန်းက ရပ်ကြဖို့ကိုလည်း ယန်ဟီးလီက ပြောဆိုပါတယ်။ ယန်ဟီးလီဟာ ဇန်နဝါရီလ ၁၉ ရက် ဒီ ကနေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */