" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, January 12, 2019

ကုလ အထူးကိုယ်စားလှယ် ရန်ဟီးလီ ဘင်္ဂလား ဒေ့ရှ်နှင့် ထိုင်းနိုင်ငံများသို့ သွားရောက်မည်။



Rohingya Today
Jan 11, 2019
                               ၂၀၁၈ ဇန်နဝါရီလတွင် ကော့ဇ်ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများသို့ ရန်ဟီးလီ သွားရောက်စဉ် (ဓါတ်ပုံ - Dhaka Tribune)

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ပါမောက္ခရန်ဟီးလီသည် မြန်မာနိုင် ငံ၏ အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံများသို့ ဇန်နဝါရီလ (၁၄) ရက်နေ့မှ (၂၄) ရက်နေ့ထိ သွားရောက်မည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ကြေညာချက် ထုတ်ပြန်သည်။

မြန်မာအစိုးရက ၎င်းအား ပြည်ဝင်ခွင့် ပိတ်ပင်ထားပြီး၊ ၎င်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသောကြောင့် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်၍ ဒုက္ခသည်များ၊ တက်ကြွလှုပ်ရှားသူများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်း များနှင့် တွေ့ဆုံခြင်း ဖြစ်သည်။

ပါမောက္ခရန်ဟီးလီ က ၎င်းအနေဖြင့် ယခုအချိန်ထိ မြန်မာအစိုးရနှင့် ပူးပေါင်း ဆာင်ရွက်ရန် ဆန္ဒရှိကြောင်း၊ ၎င်း၏ လုပ်ပိုင်ခွင့်ဖြစ်သည့် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေကို စောင့်ကြည့်လိုကြောင်း၊ မြန် မာနိုင်ငံသားများကို ဆက်လက်တွေ့ဆုံ၍ နိုင်ငံတွင်း ကြုံတွေ့နေရသည့် လူ့အခွင့်အရေး ပြဿနာများကို ပြောကြားသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ကြေညာချက်တွင် ရေးသားထားသည်။

ရန်ဟီးလီသည် ဇန်နဝါရီလ (၁၄) ရက်နေ့တွင် ထိုင်းနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး၊ (၁၉) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့သို့ ရောက်ရှိမည် ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများသို့ သွားရောက်၍ ရိုဟင်ဂျာဒုက္ခသည်များနှင့် တွေ့ဆုံမည်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် အစိုး ရက ရိုဟင်ဂျာဒုက္ခသည် တစ်သိန်းကို နေရာချရန် လျာထားသည့် ဘဟဆန်ချာကျွန်းကိုလည်း သွားရောက် ကြည့်ရှုမည်ဖြစ်သည်။

ဇန်နဝါရီလ (၂၄) ရက်နေ့ ညနေ ၅ နာရီတွင် ဒါကာမြို့ရှိ Ascott Residence Hotel တွင် သတင်းမီဒီယာ များ နှင့် တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲ ကျင်းမည်ဖြစ်သည်။ပါမောက္ခရန်ဟီးလီက ယခုခရီးစဉ်အတွင်း တွေ့ရှိချက်များနှင့် ၎င်း၏ ထောက်ပြအကြံပြုချက်များကို လာမည့် မတ်လတွင် ကျင်းပမည့် ၄၀ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ညီလာခံတွင် တင်သွင်းသွားမည်ဟု ကြေညာချက်တွင် ရေးသား ဖော်ပြထားသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */