" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, January 12, 2019

ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ထိုင်း နဲ့ ဘင်္ဂလားဒေ့ရှ်ကို သွားမည်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019.01.12
                                                မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ကို တွေ့ရစဉ်

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ရန်ဟီးလီဟာ မကြာခင် ရက် ပိုင်းအတွင်း ထိုင်းနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ မြန်မာဒုက္ခ သည်တွေကို သွားရောက်တွေ့ဆုံဖို့ရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ကြေ ညာချက် ထုတ်လိုက်ပါတယ်။

အဲ့ဒီခရီးစဉ်ဟာ ၁၁ ရက်ကြာမြင့်မှာဖြစ်ပြီး လာမယ့် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ထိုင်းနိုင်ငံကို အရင်ဆုံးသွား ရောက်မှာဖြစ်ပြီး မဲဆောက်နဲ့ ချင်းမိုင်မြို့တွေကို သွားရောက်ဖို့ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာတော့ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်သွားရောက်ပြီး ရိုဟင်ဂျာ ဒုက္ခ သည်တွေရဲ့ အခြေအနေကို စုံစမ်းသွားမှာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်ခရီးစဉ် အတွင်း ကော့ဘဇား ခရိုင် အတွင်း က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားရောက်ဖို့ပြီး ဒုက္ခသည်တွေနဲ့ ဒုက္ခသည် စခန်းခေါင်း ဆောင်တွေကို တွေ့ဆုံဖို့ရှိသလို ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာ ဒုက္ခသည်တွေကို နေရာချထားပေးဖို့ စီစဉ်နေတဲ့ ဘဟဆန်ချာကျွန်းကိုလည်း သွားရောက်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မစ္စ ရန်ဟီးလီကို မြန်မာအစိုးရက ပြည်ဝင်ခွင့် ပိတ်ပင်ထားပြီး မနေ့က ထုတ်ပြန်ချက်မှာတော့ မြန်မာအစိုးရ နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်း မစ္စ ရန်ဟီးလီက ပြောကြားထားပြီး ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်ခရီး စဉ် အပြီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးအစီရင်ခံစာကို ၂၀၁၉ ခုနှစ် မတ်လမှာ လူ့အခွင့်အရေးကောင် စီမှာ တင်ပြမယ်လို့ သိရပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */