Friday, December 6, 2024

ဘူးသီးတောင်မှာ ARSA အဖွဲ့ကြောင့် အမျိုးသမီး တစ်ဦး သေဆုံး၊ သုံးဦး ဖမ်းဆီးခံရ

RFA
RFA Burmese
2024.12.06
 

ဘူးသီးတောင်မြို့နယ် ဆင်စွယ်ရရွာကို ARSA အဖွဲ့က မီးရှို့ခဲ့သည်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့က တွေ့ရစဥ်။ Arakan Princess Media
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဆင်စွယ်ရရွာကို ဒီဇင်ဘာ ၄ ရက်နေ့ ညဆယ်နာရီကျော်မှာ အာရကန်-ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) အဖွဲ့က ရွာထဲကိုဝင်ရောက်ပြီး အမျိုးသမီး တစ်ဦးကို သတ်ဖြတ်ခဲ့သလို ရွာသား သုံးဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ဒီဇင်ဘာ ၆ ရက် ဒီနေ့မှာ ပြောပါတယ်။

အသက် ၁၇ နှစ်အရွယ် မခင်ဝင်းကို ဓားနဲ့ခုတ်သတ်ခဲ့ပြီးနောက် ဆင်စွယ်ရရွာ ဒေသခံတွေဖြစ်တဲ့ ကိုမောင်မောင်ဌေး၊ ကိုရဲကိုကို၊ ဦးဦးလှဝင်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နေအိမ် ငါးလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ARSA အဖွဲ့က ညအချိန်ဝင်ပြီး စီးနင်းတာဆိုတော့ အကုန်လုံး ဝရုန်းသုန်းကား ဖြစ်သွားတာပေါ့။ ရွာမီးလောင်တဲ့အချိန် AA က ရောက်လာပေမဲ့ အချိန်နောက်ကျသွားပြီ။ အခုတော့ အဲဒီ ARSA အဖွဲ့ကို AA က လိုက်ရှာနေတယ်။ မိန်းကလေးတစ်ယောက်ကို ဓားနဲ့သတ်ဖြတ်ခဲ့တယ်။ နောက်ထပ် ရွာသား သုံးဦးကို ဖမ်းသွားတယ်။ နေအိမ် ငါးလုံးကိုလည်း မီးရှို့ခဲ့တယ်”


ရခိုင်ပြည်နယ်အတွင်းက မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်တွေက ရခိုင်တိုင်းရင်းသားတွေ နေထိုင်တဲ့ကျေးရွာတွေကို ARSA အဖွဲ့နဲ့ မွတ်စလင် လက်နက်ကိုင်အဖွဲ့တွေက မကြာခဏ ဝင်ရောက်စီနင်းပြီး ပစ်ခတ်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်နေ့ကလည်း မောင်တောမြို့နယ် တောင်ပြိုမြို့ကနေ စားသောက်ကုန်တွေ ဝယ်လာတဲ့ ကားတစ်စီးကို ARSA အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး တစ်ဦးသေ ဆုံးပြီး လေးဦး ဒဏ်ရာရခဲ့သလို ဇူလိုင် ၃၁ ရက်နေ့ကလည်း အရပ်သားတွေ စီးလာတဲ့ကားကို ARSA အဖွဲ့က ပစ်ခတ်ခဲ့တာကြောင့် ငါးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ARSAနဲ့ တခြားမွတ်စလင်လက်နက်ကိုင် အဖွဲ့ တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးတဲ့ အရပ်သား ၂၂ ဦး၊ ဒဏ်ရာရသူ ခြောက်ဦးနဲ့ ဖမ်းဆီးခံထားရသူ ၄၆ ဦး ရှိသွားပြီလို့ အခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့မှာ AA က ထုတ်ပြန်ထားပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) အဖွဲ့ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။

ဆက်နွယ်သောသတင်းများ 
 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */