Tuesday, May 5, 2026

ARO တပ်မှူး အဒူဟာလိမ် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် လုပ်ကြံသတ်ဖြတ်ခံရ

 Narinjara
ခိုင်လူလှ (ရိုးမမြေ)
နိရဉ္စရာ၊ မေ ၆/ ၂၀၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ အိုကီးယားမြို့နယ်ရှိ၊ မွတ်ဆလင် ဒုက္ခသည်စခန်းတွင်Arakan Rohingya Organization (ARO)တပ်မှူးအဒူဟာလိမ်သည် ယမန်နေ့ မေလ ၅ ရက်နေ့က လုပ်ကြံ သတ်ဖြတ်ခံရကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာများတွင် သတင်းဖော်ပြသည်။

အမည်မသိ အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ပစ်ခတ်မှုကြောင့် ARO တပ်မှူးအဒူဟာလိမ်သေဆုံးပြီး အခြားတပ်ဖွဲ့ဝင် နှစ်ဦးဖြစ်ကြသည့် မူဟာမတ်အူလ္လာ (၃၇) နှင့် နူရ်မူဟာမတ် (၃၂) တို့သည်ဒဏ်ရာရရှိခဲ့ကြသည်ဟုဖော်ပြသည်။

လုပ်ကြံသတ်ဖြတ်ခံရသူ အဒူဟာလိမ် ဆိုသူမှာ ARO ၏တပ်မှူးဖြစ်သည့်အပြင် Abdul Halim group ၏ ခေါင်းဆောင်လည်း ဖြစ်သည်။

အဆိုပါဖြစ်ရပ်သည် အင်္ဂါနေ့ (မေလ ၅ ရက်) ညနေ ၆:၃၀ နာရီခန့်တွင် စခန်းအမှတ်(၇)ဒုက္ခသည် စခန်း ဧရိယာ၌ ဖြစ်ပွားခဲ့သည်။

ရဲတပ်ဖွဲ့သတင်းရင်းမြစ်များ၏ အဆိုအရ အကြမ်းဖက်အာဆာ (ARSA) နှင့် ဆက်စပ်နေသော အကြမ်းဖက်သမားများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊အိုကီးယားမြို့နယ် Noukarmath ရဲစခန်း၏ တရားစီရင်ပိုင်ခွင့်အောက်ရှိ ဧရိယာတွင် နောက်ထပ်အကြမ်းဖက် လက်ကိုင် အဖွဲ့တစ်ခုနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုကနဦးတွင် သံသယရှိခံထားသည်ဟုTTN သတင်းတွင် ဖော်ပြသည်။

၎င်းတိုက်ပွဲတွင်ပါဝင်ခဲ့ကြသောအကြမ်းဖက် အဖွဲ့ဝင် ရိုဟင်ဂျာအချို့သည် စခန်းအမှတ်၈ (အရှေ့) (Balukhali) မှ မော်တော်ဆိုင်ကယ်များဖြင့် ဒုက္ခသည်စခန်းရှိ ၎င်းတို့၏ နေအိမ်တဲများသို့ ပြန်လာခဲ့ကြသည်။

ထိုသို့ပြန်လာစဉ်စခန်း ၈ နှင့် စခန်း ၇ အကြားရှိTarjar တံတားဧရိယာသို့ ရောက်ရှိသောအခါ အမည်မသိ အကြမ်းဖပ်သေနတ်သမားများက ၎င်းတို့အား ပစ်ခတ်ခဲ့သည်။

ထိုတိုက်ခိုက်မှုအတွင်း ARO တပ်မှူးအဒူဟာလိမ်သေဆုံးပြီး အခြားတပ်ဖွဲ့ဝင် နှစ်ဦးတို့တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

နောက်ပိုင်းတွင် ဆေးရုံတွင် ကုသမှုခံယူနေစဉ် ၎င် းARO တပ်မှူးသည် သေဆုံးသွားခဲ့သည်။နောက်ထပ်ဒဏ်ရာရသွားသူ ၂ ဦးမှာ အခြေအနေ ဆိုးရွားလာသောအခါ ကူတူပါလောင်ရှိ MSF ဆေးရုံသို့ နောက်ပိုင်းတွင် လွှဲပြောင်းပေးခဲ့ပြီး လက်ရှိတွင် ဆေးကုသမှုခံယူနေကြသည်။

ဖြစ်ရပ်သတင်းကို ရရှိပြီးနောက် နူကာမတ် ရဲတပ်ဖွဲ့စခန်းမှ မိုဘိုင်းအဖွဲ့တစ်ဖွဲ့သည် အခင်းဖြစ်ပွားရာနေရာသို့ အလျင်အမြန်ရောက်ရှိခဲ့ပြီး ဒေသခံများ၏ အကူအညီဖြင့် ဒဏ်ရာရရှိသူများကို ကယ်တင်ကာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ယူခီယာ ရဲစခန်းမှ OC Mujibur Rahman က တိုက်ခိုက်မှုဖြစ်ပွားပြီးပြီးချင်း သက်ဆိုင်ရာဒေသတွင် စစ်ဆင်ရေးများနှင့် ထောက်လှမ်းရေး စောင့်ကြည့်မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ပါဝင်ပတ်သက်သူများကို ဖမ်းဆီးရန် စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်နေသည်ဟုဆိုသည်။

ဒုက္ခသည်စခန်းများတွင် ထိုကဲ့သို့သော လက်နက်ကိုင်တိုက်ခိုက်မှုများသည် လုံခြုံရေးအခြေအနေနှင့်ပတ်သက်၍ စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်ဟုသတင်းတွင် ဖော်ပြသည်။

ဒေသခံသတင်းရင်းမြစ်များက ပဋိပက္ခများသည် လက်နက်ကိုင်အဖွဲ့အမျိုးမျိုး၏ လွှမ်းမိုးမှုအောက်တွင် မကြာခဏ ဖြစ်ပွားလေ့ရှိပြီး သာမန်ဒုက္ခသည်များအတွက် အန္တရာယ်ကို တိုးမြင့်စေသည်ဟု ဆိုသည်။

အိုကီးယာရှိ ရိုဟင်ဂျာစခန်းတွင် စဉ်ဆက်မပြတ် အကြမ်းဖက်မှုများ ဖြစ်ပွားနေချိန်တွင် ဤသတ်ဖြတ်မှုသည် အခြေအနေကို ပိုမိုစိုးရိမ်စရာကောင်းစေခဲ့သည်။

ဥပဒေစိုးမိုးရေးအေဂျင်စီများ၏ လုပ်ဆောင်ချက်များကို တိုးမြှင့်ထားသော်လည်း အမြဲတမ်းလုံခြုံရေးကို သေချာစေရန်မှာ ယခုအခါ ကြီးမားသောစိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့သည်။

မေလ ၃ ရက်နေ့ မနက်ပိုင်းကလည်းARA နှင့် RSO အကြား ကော့စ်ဘဇားခရိုင်၊အိုကီးယား ရဲစခန်းအောက်က ပလောင်ခါလီတွင်BGB စခန်းအနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။၎င်းတိုက်ပွဲသည်မြန်မာရခိုင်နယ်စပ်နဲ့နယ်စပ်မှတ်တိုင် (၁၉)နှင့် (၂၀)မှ၂ ကီလိုမီတာအကွာဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းတွင် ဖြစ်ပွားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ကျေးရွာသားများက “နောက်တစ်နေ့မနက်အထိ အပြန်အလှန်ပစ်ခတ်မှုရဲ့ ကြောက်စရာကောင်းတဲ့အသံကို ကြားနေခဲ့ရပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ် ဥပဒေစိုးမိုးရေးအရာရှိတွေ အပါအဝင် ဘယ်အဖွဲ့အစည်းကမှ အတည် မပြုသေးပါဘူး။” ဟုပြောသည်။

ဒဏ်ရာရသူ ၅၇ ဦးကို ဒုက္ခသည်စခန်းရှိ MSF ဆေးရုံက ဆေးရုံတင်ထားရပြီး ရွာသားများက မြေပြင်ပေါ်ရှိ(လယ်ကွင်း)များတွင်အလောင်းများပြန့်ကြဲနေသည်ကိုမြင်ခဲ့ရကြောင်းArakan Update news တွင် သတင်းဖော်ပြသည်။

မေလ ၁ ရက်နေ့ ညနေပိုင်းတွင်တက်ကနက်မြို့နယ်၊ နီလာအုပ်စုရှိ လာဒါ အမှတ် ၂၆ ဒုက္ခသည့်စခန်းတွင် အကြမ်းဖက်သမားတစ်ဦးဖြစ်သူ နူရ်ဟာဆန် (၃၂) နှစ်သည် အုပ်စုဖွဲ့ သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။

သေဆုံးသူမှာနူရ်ဟာဆန် (ဘ) Mustafa Kamal ၏ သားဖြစ်ကြောင်း တက်ကနက် မော်ဒယ်ရဲစခန်းမှ တာဝန်ခံအရာရှိ Saiful Islam (OC) က ဖြစ်ရပ်ကို အတည်ပြုခဲ့သည်။


Link : Here



No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */