Sunday, March 23, 2025

ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်ဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ စက်လှေ နစ်မြုပ်

RFA
RFA Burmese
2025.03.22
 

ကော့စ်ဘဇား၊ Teknaf ကမ်းလွန်ပင်လယ်တွင် လှေတစ်စင်း နစ်မြုပ်ရာမှ ကျန်ရှိခဲ့သည့် ရိုဟင်ဂျာတချို့အား ၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့က တွေ့ရစဉ်။ Photo: Bangla Tribune
 
ရိုဟင်ဂျာဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ လှေတစ်စင်း ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်ဖို့ ကြိုးပမ်း စဉ် Teknaf ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့ပြီး ရိုဟင်ဂျာ အများအပြား ပျောက်ဆုံးနေကြောင်း Dhaka Tribune သတင်းက ဖော်ပြပါတယ်။

မတ်လ ၂၁ ရက် သောကြာနေ့ မနက် ၂ နာရီခွဲဝန်းကျင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်တောင်ဘက် Shahparir Dwip ကျွန်းအနီး ပင်လယ်ပြင်မှာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို တင်ဆောင်လာတဲ့ လှေတစ်စင်း မျောပါနေတာ တွေ့ရပြီးနောက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB က လှေကိုကမ်းစပ်ကို ပို့ဆောင်စဉ် လှိုင်းလုံးတွေကြောင့် နစ်မြုပ်သွားခဲ့တာလို့ ဆိုပါတယ်။

ကလေးတွေ အပါအဝင် ရိုဟင်ဂျာ ၂၅ ဦးနဲ့ BGB တပ်မှူးကို ကယ်တင်နိုင်ခဲ့ပေမဲ့ တချို့ ရိုဟင်ဂျာတွေနဲ့ BGB တပ်ဖွဲ့ဝင်တစ်ဦး ပျောက်ဆုံးနေဆဲလို့ ဆိုပါတယ်။

မတ်လ ၂၃ ရက် ဒီကနေ့ မနက်ပိုင်းအထိ ကလေးတစ်ဦး အပါအဝင် ရိုဟင်ဂျာ လေးဦးရဲ့ အလောင်းတွေကို တွေ့ရှိထားတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းတစ်ပုဒ်က ဖော်ပြပါတယ်။

အသက်ရှင်ကျန်ရစ်သူတွေရဲ့ ပြောကြားချက်အရ လှေပေါ်မှာ လူ ၅၀ ကျော် လိုက်ပါလာတယ်လို့ ဆိုပါတယ်။

ဆက်နွယ်သောသတင်းများ 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */