Tuesday, February 25, 2025

ရိုဟင်ဂျာအရေး ကုလအထူးကိုယ်စားလှယ် ဘင်္ဂလားဒေ့ရှ်နဲ့ဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၅ ဖေဖော်ဝါရီ၊ ၂၀၂၅
 
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြား ရခိုင်မြောက်ပိုင်း မောင်တောမြို့နယ် တောင်ပြိုလက်ဝဲရွာနားက ပိုင်ရှင်မဲ့မြေပေါ်မှာ ရှိနေကြတဲ့ ရိုဟင်ဂျာများ။ (ဇွန် ၂၉၊ ၂၀၁၈)
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Julie Bishop ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြားဖြတ်အစိုးရအကြီးအကဲ Muhammad Yunus (မိုဟာမတ် ယူနုတ်စ်) နဲ့ မနေ့က ဒက္ကာမြို့မှာတွေ့ဆုံပြီး ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ နည်းလမ်းသစ်တွေနဲ့ နိုင်ငံတကာ အလှူရှင်တွေရဲ့ ထောက်ပံ့မှုရရေး ဆွေးနွေးခဲ့ကြပါတယ်။

“ကျမရဲ့တာဝန်က မြန်မာနိုင်ငံနဲ့ ဘေးပတ်၀န်းကျင်နိုင်ငံတွေကအသံတွေ နားထောင်ဖို့ပါ။ ဒါကြောင့် ကျမ အခု ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတာပါ-“ လို့ Julie Bishop က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။ ဒါအပြင် အဖြေရှာနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ရှိတယ်လို့လည်း သူက ပြောခဲ့ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကို စောစော အဖြေရှာနိုင်ဖို့ လိုကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြားဖြတ်အစိုးရ နိုင်ငံခြားရေးအကြံပေး Md. Touhid Hossain (တောင်ဟစ် ဟိုစိန်) နဲ့ တနင်္ဂနွေနေ့က တွေ့ဆုံတဲ့အချိန်မှာလည်း ကုလ အထူးကိုယ်စား လှယ် Julie Bishop က ပြောဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခတွေ ပိုတိုးလာတဲ့အတွက် ပြီးခဲ့တဲ့လအတွင်းမှာတင် ရိုဟင်ဂျာဒုက္ခသည်တသိန်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ကို ခိုလှုံလာခဲ့တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြားဖြတ်အစိုးရ နိုင်ငံခြားရေးအကြံပေး Md. Touhid Hossain (တောင်ဟစ် ဟိုစိန်) က ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း Cox’s Bazar ဒေသဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် တသန်းနှစ်သိန်းခိုလှုံဖို့ လက်ခံထားပြီး ဖြစ်ပါတယ်။ ထပ်မံ ရောက်လာတဲ့ ဒုက္ခသည်တွေကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်ရတယ်လို့ Md. Touhid Hossain (တောင်ဟစ် ဟိုစိန်) က ပြောဆိုပါတယ်။ ကုလသမဂ္ဂက ၂၀၂၅ ခုနှစ်အတွင်း ကျင်းပဖို့ စီစဉ်နေတဲ့ နိုင်ငံတ ကာ ရိုဟင်ဂျာညီလာခံကနေ ရေရှည်တည်တံ့တဲ့ အဖြေရှာနိုင်ရေး ပူးပေါင်းဆောင်ရွက်ဖိုလည်း Julie Bishop နဲ့ Md. Touhid Hossain (တောင်ဟစ် ဟိုစိန်)တို့ ဆွေးနွေးကြပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */