Saturday, April 5, 2025

ရိုဟင်ဂျာ တစ်သိန်းရှစ်သောင်းကျော်ကို ပြန်လက်ခံဖို့ မြန်မာအတည်ပြုကြောင်း ဘင်္ဂလားဒေ့ရှ်ပြော

BBC
05.04.2025

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေ

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို တိမ်းရှောင်ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တစ်သိန်းရှစ်သောင်းကျော်ကို ပြန်လက်ခံမယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက အတည်ပြုခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းတွေက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ ပြုလုပ်ခဲ့တဲ့ ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း (BIMSTEC)အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးမှာ နှစ်နိုင်ငံထိပ်ပိုင်းတာဝန်ရှိသူတွေ တွေ့ခဲ့ကြပြီးနောက် အခုလိုထုတ်ပြောလာတာပါ။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာ ရှစ်သိန်းရဲ့ နာမည်စာရင်းမှာ မြန်မာနိုင်ငံက ပြောင်းရွှေ့လာသူ နှစ်သိန်းခွဲရှိတယ်ဆိုတာကို တွေ့ရှိခဲ့ရသလို နာမည်တွေ၊ ဓာတ်ပုံတွေနဲ့အတူ နောက်ထပ်စစ်ဆေးဖို့ ရိုဟင်ဂျာ ခုနှစ်သောင်း ကျန်ရှိနေသေးတယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့ကြောင့် ဒီလုပ်ငန်းစဉ်ကို မြန်မြန်ဆန်ဆန် လုပ်ဆောင်ဖို့ နှစ်နိုင်ငံက အတည်ပြုခဲ့ပြီး မြန်မာဘက်ကလည်း လူဦးရေး တစ်သိန်းရှစ်သောင်းက ပြန်ခေါ်ဖို့ အတည်ပြုခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေကလည်း ပြန်လည်လက်ခံရေး လုပ်ငန်းစည်အတွက် တတ်နိုင်သလောက် မြန်မြန် စီစဉ်မှာဖြစ်ပြီး အဆင့်ဆင့် စစ်ဆေးတာတွေကို လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

နှစ်ဘက်ပြောကြားချက်ကို ဘင်္ဂလားဒေ့ရှ်သတင်းတွေက ရုပ်သံနဲ့တကွ ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */