Wednesday, July 29, 2020

ရိုဟင်ဂျာစခန်းတွင်း ရေဘေးအရေးပေါ်ကာကွယ်မှု ဆောင်ရွက်နေ

VOA
 ဗွီအိုအေ (မြန်မာဌာန)
28 ဇူလိုင်၊ 2020
မဆုမွန်
 ၂၀၁၈ ခုနှစ်တုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ တွေ့ရတဲ့ မြင်ကွင်း။ (ဇူလိုင် ၀၄၊ ၂၀၁၈)

မုတ်သုန်ရာသီချိန် မိုးများရေကြီးပြီး လူသန်းချီ ရေဘေးသင့်နေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရိုဟင်ဂျာ camp တွေထဲ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နေတဲ့အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်း ထောက် မဆုမွန်က တင်ပြပေးပါမယ်။

၂၀၁၇ ခုနှစ်တုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်း တခုမှာ တွေ့ရတဲ့ မြင်ကွင်း။ (စက်တင်ဘာ ၁၉၊ ၂၀၁၇)

ဘင်္ဂလားဒေ့ရှ်နိုင်ငံတဝှမ်း ဒီသီတင်းပတ်တွေထဲ မုတ်သုန်မိုး ပြင်းထန်စွာ ရွာသွန်းပြီး မိုးများရေကြီးပြီး မြစ်ရေတွေ မြင့်တက်လာတဲ့အတွက် နိုင်ငံ ရဲ့နေရာတော်တော်များများမှာ ရေလွှမ်းမိုးမှု မြေပြိုကျမှုတွေ ဖြစ်ပွားတာကြောင့် လူ ၃,၀၀၀,၀၀၀ ကျော် ရေ ဘေးအန္တရာယ်ကြုံနေရပြီး အနည်းဆုံး လူ ၁၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ ဒီလို ဘင်္ဂလားဒေ့ရှ်မှာ နိုင်ငံတ ဝက်လောက် ရေဘေးအန္တရာယ်နဲ့ ရာသီဥတုဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရချိန်က ကမ္ဘာ့ကပ်ရောဂါ COVID -19 ဖြစ်ပွားချိန်လည်းဖြစ်နေတာမို့ ရောဂါကူးစက်မှုကာကွယ်ရေးအတွက်ရော ရေဘေးကူညီကယ်ဆယ်ရေးအစီ အစဉ်တွေကိုပါ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က အတော်လေးကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးနေရ ပါတယ်။

တပြိုင်တည်းမှာပဲ လူသန်းချီ စုဝေးနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ မှာလည်း ရေကြီးမိုးများ မြေပြိုကျမှု အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမယ့်အရေး ကြိုတင်ကာကွယ်မှုတွေနဲ့ အရေး ပေါ်ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ပေးနေတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ဗွီအိုအေမြန်မာပိုင်းကိုပြော ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ ရေကြီး မြေပြိုမှုတွေဖြစ်ပေါ်

အထူးသဖြင့်ကတော့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲက မြေပြိုကျနိုင် တဲ့အန္တရာယ်ရှိတဲ့ တောင်ကုန်းအမြင့်နေရာတွေမှာ နေထိုင်သူတွေကို အရေးပေါ်ရွှေ့ပြောင်းပေးပြီး မိုးများရေကြီးလာရင် မြေပြိုကျမှုအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်အောင်အစီ အမံတွေနဲ့ဆောင်ရွက်နေတယ်လို့ ကုတုပလောင်ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည် ကိုကာမေလ်က ပြောပြပါ တယ်။

"ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ တာဝန်ယူဆောင်ရွက်ပေးနေတာ အများကြီးရှိပါတယ်။ NGO တို့ INGO တို့ ရော။ သူတို့အနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ပေးနေပါတယ်။ မြေပြိုကျမှု တော်တော်လေး ဖြစ် နိုင်တဲ့နေရာတွေမှာ စေတနာ့ဝန်ထမ်းတွေက ဖြစ်နိုင်တာတွေကို ကြိုပြီးတော့ လုပ်ပေးနေတာရှိတယ်။ တော် တော်လေးပြင်ဆင်ထားတာ ရှိပါတယ်။ မြေပြိုကျနိုင်တဲ့နေရာတွေမှာ အုတ်တိုင်တွေနဲ့ကာပြီး အုတ်နံရံတွေ ကာထားတာရှိတယ်။ နောက် ပြီးတော့ ဆာလာအိတ်တွေနဲ့ ဖြန့်ခင်းထားပြီး ကမ့်တွေ မပြိုကျအောင် သူတို့ အကာအကွယ်လုပ်ထားတာရှိတယ်။ အုတ်နဲ့ လုပ်ထားတာလည်းရှိတယ် ဘိလပ်မြေတွေနဲ့လုပ်ထား တာ
တွေလည်းရှိတယ်။ ရေသွားရေလာ မြောင်းတွေဖောက်ပြီး တော်တော်လေး လုပ်ထားတာရှိတယ်။ မိုးရွာ လာ ရင် ကာကွယ်လို့ရအောင် မိုးကာတွေထုတ်ပေးဖို့နဲ့ ဝါးတွေ တောင်းဆိုတာရှိတော့ ကမ့်တာဝန်ခံတွေဘက်က COVID 19 အကန့်အသတ်တွေကြားထဲကနေ သူတို့ လုပ်ပေးနိုင်တာကို တော်တော်လေး ကျေးဇူးတင်ဖို့ ကောင်းပါတယ်။"

ဒီသီတင်းပတ်ထဲ မိုးအတော်လေးကို ရွာသွန်းတာကြောင့် ဒုက္ခသည်စခန်းတွေထဲ မိုးများရေကြီးပြီး မြေပြိုကျ မှု အန္တရာယ်ရှိတဲ့နေရာတွေက မိသားစုလိုက် ခေတ္တရေဘေးကယ်ဆယ်ရေးစခန်းတွေဖွင့်ထားတဲ့ စာသင် ကျောင်းတွေဆီ အရေးပေါ်ရွှေ့ပြောင်းပေးနေတယ်လို့လည်း ကုတုပလောင်ဒုက္ခသည်စခန်းအမှတ် ၅ မှာ နေထိုင်တဲ့ ဦးမောင်မောင်ကလည်း အခြေအနေကိုပြောပြပါတယ်။

"လောလောဆယ် မနေ့ကနဲ့ ဒီနေ့ မိုးသည်းတယ်။ ကမ့်တွေထဲမှာတော့ NGO တွေက နေရာတိုင်းကို အ တော်များများ လိုက်ပြီး ကူညီနေပါတယ်။ ကမ့်တွေထဲမှာ အဆောင်တွေရွှေ့ပြောင်းနေရာချထားဖို့ အတွက် နေရာတိုင်းမှာ သူတို့လိုက်လုပ်နေတာတွေ့ရပါတယ်။ ကျနော်တို့ နေတဲ့နေရာတွေမှာ မြေပြိုကျဖို့ အန္တရာယ် ကျရောက်နိုင်မယ့် အနေအထားရှိတယ်ဆိုရင် အဲ့ဒီ့လူတွေကို သူတို့ရွှေ့ပြောင်းနေတယ်။ ရေကြီးနိုင် တဲ့နေ ရာတွေဆိုလို့ရှိရင် အဲ့ဒီ့လူတွေကို သူတို့က စခန်းတွေထဲက စာသင်ဆောင်တွေရှိတယ် အဲ့ဒီ့နေရာတွေကို စီ စဉ်ပေးပြီးတော့ အမိုးအကာတွေထားပြီး စီစဉ်ပေးနေတာရှိတယ်။ ဥပမာ ကျနော်တို့အိမ်မှာ မိသားစု ၁၀ ယောက်ရှိမယ်ဆိုလို့ရှိရင် ၁၀ယောက်ကို တခါတည်း ခေါ်သွားပြီးတော့ အဲ့ဒီ့နေရာမှာထားဖို့ စီစဉ်ပေးထား တယ်။ စခန်းဆောက်ထားတဲ့နေရာတွေမှာ သူတို့စီစဉ်ပြီးနေရာချပေးတာရှိတယ်။ ဒါပေမဲ့ ကျနော်တို့ကတော့ မြန်မာနိုင်ငံကိုပဲပြန်ချင်တယ်။ ဒီမှာမနေချင်ဘူး။"


SEE ALSO:
ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဂျာမနီ ဒေါ်လာ ၄ သန်းခွဲလှူ


ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်ခံမထားတဲ့ မြန်မာအစိုးရဘက်ကတော့ ဒီဒုက္ခသည်တွေပြန်လည်လက်ခံရေး စီစဉ်ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ လတ်တလောမှာတော့-ဘင်္ဂလား ဒေ့ရှ်နိုင်ငံအတွင်း ရေဘေးကယ်ဆယ်ရေးစခန်း ၁၀၀၀ နီးပါးလောက်ဖွင့်လှစ်ထားပြီး အရေးပေါ်ကူညီ ကယ် ဆယ်ရေးဆေးအဖွဲ့ ၁၇၀ ကျော်ကိုလည်း စေလွှတ်ကုသပေးနေပါတယ်။ ဘင်္ဂလားဒေ့ရှ်ကရေဘေးသင့် မိ သားစုတွေကို ကူညီဖို့ကုလသမဂ္ဂ ဗဟို အရေးပေါ် အခြေအနေ တုံ့ပြန်ရေး ရန်ပုံငွေ အဖွဲ (CERF) က ကုလ သမဂ္ဂ အဖွဲ့အစည်းတွေကို ကနဦး ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၅,၀၀၀,၀၀၀ ကျော် ပေးအပ်ထားပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကုလသမဂ္ဂအဖွဲ့အစည်းတွေဘက်က ကူညီပေးကြပါတယ်။

ဒီသီတင်းပတ်အတွင်းမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ထက်ဝက်ကျော်လောက် မုတ်သုန်မိုးသည်း ထန်စွာရွာ သွန်းမှုကြောင့် ရေဘေးအန္တရာယ်ဆိုးဆိုးဝါးဝါး ကြုံရနိုင်ပြီး ဒီနှစ်ရေလွှမ်းမိုးပြီး မိုးကြီးမှုက ဆယ်စုနှစ်တွေအ တွင်း မှာ အဆိုးဝါးဆုံးနှစ်ဖြစ်တယ်လို့လည်း မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
 
Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */